သခင်ဖြစ်သူ ဆေးရုံတတ်နေစဉ်အတွင်း ဘေးကနေမခွာဘဲ ရှိနေခဲ့တဲ့ ကုထုံးခွေးလေး
ခွေးတွေက လူသားတွေအတွက် ချစ်စရာအကောင်းဆုံးနဲ့ သစ္စာအရှိဆုံးအဖော်တွေပါ။ သူတို့ချစ်တဲ့သူတွေရဲ့ဘေးကနေ ထွက်မသွားဘူးဆိုတာကို ဒီဖြစ်ရပ်ကလည်း သက်သေပြနေပါတယ်။ ခွေးလေးတစ်ကောင်က ဆေးရုံတက်နေတဲ့ အမျိုးသားရဲ့ဘေးကနေ ထွက်မသွားဘဲ အနီးနားကပ်နေခဲ့တာပါ။ အဲဒီအမျိုးသားက ဘရီယန် ဘန်ဆန်ဆိုသူဖြစ်ပြီး ခန္ဓာကိုယ်အနှံ့အပြားဆီ သွေးရောက်ဖို့ နှလုံးကို ခက်ခဲစေတဲ့…

