(၁) နှစ်ခွဲအကြာမှ ပန်းချီဆရာတစ်ဦး အပြီးသတ်ရေးဆွဲပြီးခဲ့တဲ့ အလျား ၆၀ မီတာ ပန်းချီကား
စင်ကာပူနိုင်ငံသား ပန်းချီဆရာ ရီယွီချုံဟာ ၂၀၂၁ ခုနှစ်ကစရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်ကို မနေ့က အပြီးသတ်ရေးဆွဲပြီးခဲ့ပါတယ်။ အဲဒီပန်းချီကားဟာ အိုလံပစ်ရေကူးကန်ရဲ့အလျားထက် ၁၀ မီတာ ပိုရှည်ပြီး ပုံကွက် ၂၇ ကွက်ပါဝင်ပါတယ်။ ပုံကွက်တစ်ခုစီဟာ စင်ကာပူနိုင်ငံက ဧရိယာတွေကို သရုပ်ဖော်ထားတာပါ။…

