ပလတ်စတစ်အလေအလွင့်တွေကို ကွန်ကရစ်ထက် ငါးဆ ပိုခိုင်ခံတဲ့ အုတ်တွေအဖြစ် ပြောင်းလဲပစ်ခဲ့တဲ့ အမျိုးသမီး
နာဇမ်ဘီ မာတီဟာ ကင်ညာနိုင်ငံရဲ့မြို့တော် နိုင်ရိုဘီမြို့အခြေစိုက်ကုမ္ပဏီ Gjenge Makers ရဲ့တည်ထောင်သူပါ။ သူ့ရဲ့လုပ်ငန်းက ပလတ်စတစ်အလေအလွင့်တွေကို ကွန်ကရစ်ထက် ၅ ဆမှ ၇ ဆအထိ ပိုခိုင်ခံတဲ့ အုတ်တွေအဖြစ် ပြောင်းလဲပစ်တာပါ။ နာဇမ်ဘီက ကုမ္ပဏီကို တည်ထောင်ခဲ့တဲ့အပြင်…

