သူ့ရဲ့ဘုရင်မအဖြစ် ဇနီးဖြစ်သူကို ချီးကျူးလိုက်ခြင်းဖြင့် ကွာရှင်းတော့မယ်လို့ ထင်ကြေးပေးမှုတွေကို ပြန်ချေပလိုက်တဲ့ ရန်ဗီယာဆင်း
မကြာသေးခင်က ဘောလိဝုဒ်ရဲ့နာမည်ကြီးစုံတွဲ မင်းသားရန်ဗီယာဆင်းနဲ့ မင်းသမီးဒီပီကာပက်ဒူကုန်းတို့အိမ်ထောင်သက် (၄) နှစ်အကြာမှာ ကွာရှင်းကြတော့မယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။ အခုလိုထင်ကြေးပေးမှုတွေနဲ့ပတ်သက်ပြီး ရန်ဗီယာဆင်းနဲ့ ဒီပီကာတို့က ဘာမှမပြောခဲ့ကြပေမဲ့ ဇနီးဖြစ်သူ ဒီပီကာကို သူ့ရဲ့ဘုရင်မအဖြစ် ရန်ဗီယာက တင်စားပြီးချီးကျူးပြောဆိုလိုက်တဲ့အခါမှာ ထင်ကြေးပေးမှုတွေကို ရပ်တန့်သွားစေခဲ့ပါတယ်။…

