16-7-2020-yyl-009.jpg

ရဲခွေးအဖြစ် (၇) နှစ်တာ တာဝန်ထမ်းဆောင်ပြီးနောက် အနားယူတော့မယ့် ခွေးလေး

အသက် (၉) နှစ်အရွယ် ကော်ဂျီအမျိုးအစားခွေးလေး ရက်တ်ဟက်တ်ဟာ ရဲခွေးအနေနဲ့ ပြစ်မှုတွေကို ထုတ်ဖော်ပေးခဲ့တာ (၇) နှစ်ရှိခဲ့ပါပြီ။ သူက သာမန်ရဲခွေး မဟုတ်တာတော့သေချာပါတယ်။ သူ့ရဲ့အားကြီးတဲ့နှာခေါင်းကြောင့် သူဟာ သေနတ်နဲ့ မူးယစ်ဆေးဝါးတွေရှာတွေ့ဖို့ ကူညီပေးရင်းနဲ့ အရည်အချင်းအရှိဆုံးရဲခွေးတွေထဲက တစ်ကောင်ဖြစ်လာခဲ့ပါတယ်။…

108293754_3286428578067038_7859938122903382198_o.png

ဘီလ်ဂိတ်၊ ဂျက်ဘီဇို့စ်၊ အီလွန်မက်စ်၊ အိုဘားမား၊ ဂျိုးဘိုင်ဒင်တို့ရဲ့ တွစ်တာအကောင့်တွေ တိုက်ခိုက်ခံရ

Bitcoin ငွေကြေးအရှုပ်တော်ပုံနဲ့ ပတ်သက်ဖွယ်ရှိတဲ့ ဆိုက်ဘာတိုက်ခိုက်မှုမှာ ဟက်ကာတွေက အီလွန်မက်စ်၊ ဂျက်ဘီဇို့စ်၊ ဘီလ်ဂိတ် စတဲ့ ဘီလျံနာတွေအပါအဝင် အမေရိကန်နိုင်ငံက ထင်ပေါ်ကျော်ကြားသူတွေရဲ့ တွစ်တာအကောင့်တွေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။ အမေရိကန်သမ္မတဟောင်း အိုဘားမား၊ ဒုတိယသမ္မတဟောင်း ဂျိုးဘိုင်ဒင်၊ ကင်းန်းဝက်စ်တို့ရဲ့ တွစ်တာအကောင့်တွေမှာ…

16-7-2020-yyl-006.jpg

အီရန်နိုင်ငံမှာ ဒွိဟဖြစ်စရာကောင်းတဲ့ မတော်တဆမှုတွေ ဆက်တိုက် ဖြစ်ပွားနေ

အီရန်နိုင်ငံတောင်ပိုင်း ဘူရှီဟာဆိပ်ကမ်းရဲ့ သင်္ဘောကျင်းမှာ အနည်းဆုံးစက်လှေ ၇ စင်း မီးလောင်ခဲ့တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ မီးလောင်ကျွမ်းမှုကို ငြှိမ်းသတ်နိုင်ခဲ့ပြီး လူသေဆုံးမှုမရှိခဲ့ဘူးလို့ ဒေသဆိုင်ရာ ပဋိပက္ခစီမံခန့်ခွဲရေးအဖွဲ့ အကြီးအကဲက ပြောပါတယ်။ မီးလောင်ရတဲ့ အကြောင်းရင်းကိုတော့ တိတိကျကျ မသိရသေးပါဘူး။…

16-7-2020-yyl-005.jpg

အိန္ဒိယနိုင်ငံမှာ ရေကြီးရေလျှံလို့ အနည်းဆုံး လူ ၅၀ သေဆုံးပြီး လူ၂သန်းကျော် ရေဘေးဒဏ် ခံစားနေရ

အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း အာသံပြည်နယ်မှာ မုတ်သုံမိုး သည်းသည်းထန်ထန် ရွာသွန်းပြီး ရေကြီးရေလျှံခဲ့လို့ အနည်းဆုံး လူ ၅၀ သေဆုံးခဲ့ပြီး လူ ၂သန်းကျော် ရေဘေးဒဏ်ခံစားခဲ့ရပါတယ်။ ဝန်ကြီးတစ်ပါးက ဗွက်ထဲဆင်းပြီး ကလေး ၂ ယောက်နဲ့ အမျိုးသမီးတစ်ယောက်ကို…

16-7-2020-yyl-002.jpg

COVID-19 ရဲ့ ရိုက်ခက်မှုဒဏ်ကြောင့် ယာယီသုံးမိုးကာတဲမှာ စာသင်ကြားရတဲ့ ထိုင်းစာသင်ကျောင်း

စာသင်ခန်းအပြင်ဘက်မှာ စာသင်ရတယ်လို့ ပြောလိုက်ရင် သိပ္ပံရေးရာပရောဂျက်တွေနဲ့ ပတ်သက်ပြီး လုပ်ရတာကိုပဲ တွေ့ဖူးကြမှာပါ။ ဒါပေမဲ့ ထိုင်းနိုင်ငံက စာသင်ကျောင်းတစ်ခုကတော့ ကပ်ရောဂါရဲ့ပြင်းထန်တဲ့ရိုက်ခက်မှုကြောင့် စာသင်ခန်းအပြင်ဘက်မှာ သင်ခန်းစာတွေကို ပို့ချသင်ကြားရပါတယ်။ ကပ်ရောဂါကာလအတွင်းမှာ စာသင်ကျောင်းရဲ့ရန်ပုံငွေတွေ ရပ်ဆိုင်းထားခဲ့ရတာကြောင့်ဖြစ်ပါတယ်။ ထိုင်းနိုင်ငံ အရှေ့မြောက်ပိုင်းစီရင်စုဖြစ်တဲ့ မဟာ…

15-7-2020-yyl-034.jpg

သူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ ဆေးရုံကို ကျေးဇူးပြန်ဆပ်ခဲ့တဲ့ မသန်စွမ်းကလေးလေး

ခြေတုနဲ့ ဘဝကို အဓိပ္ပာယ်ရှိရှိဖြတ်သန်းနေတဲ့ အသက် (၅) နှစ်အရွယ်ကလေးလေး တိုနီ ဟော့ဂျယ်လ်ဟာ အသက်ငယ်ပြီး မသန်စွမ်းဖြစ်နေပေမယ့် မွေးကင်းစအရွယ်တုန်းက သူ့အသက်ကို ကယ်တင်ပေးခဲ့တဲ့ London Hospital အပေါ် ကျေးဇူးသိတတ်ခဲ့ပါတယ်။ သူဟာ London Hospital…

15-7-2020-yyl-025.jpg

စကားလုံးတွေကို ဘာသာပြန်ပေးမယ့် Smart Face Mask

အခုဆိုရင် Mask ဝတ်ဆင်ရတာက ကျွန်တော်တို့ဘဝရဲ့တစ်စိတ်တစ်ပိုင်းဖြစ်လာတဲ့အတွက် ဖက်ရှင်ကုန်ပစ္စည်းတံဆိပ်နဲ့ တီထွင်ဖန်တီးသူတွေက လူတွေ ဝတ်ရတာအဆင်ပြေစေမယ့်၊ ဖက်ရှင်ကျကျဝတ်ဆင်နိုင်မယ့် Mask တွေကို ထုတ်လုပ်နိုင်ဖို့ နည်းလမ်းတွေ ရှာနေကြပါတယ်။ ဂျပန်နိုင်ငံမှာလည်း Donut Robotics လို့ ခေါ်တဲ့ တည်ထောင်ခါစကုမ္ပဏီတစ်ခုက…

15-7-2020-yyl-020.jpg

ဒူးရင်းအနံ့ကြောင့် မနေနိုင်လွန်းလို့ ဆိုင်ကိုချိုးဖြတ်ပြီး ဒူရင်းသီးခိုးယူခဲ့တဲ့ ဆင်

အခုအချိန်ကတော့ ဒူးရင်းသီးတွေ ပေါများစွာသီးနေတဲ့ ဒူးရင်းရာသီဖြစ်ပါတယ်။ အခြားလူတွေအတွက် ဒူးရင်းသီးက အရမ်းအရသာရှိပေမယ့် တချို့ကတော့ ဒူးရင်းသီးအနံ့ကိုတောင်မခံနိုင်ကြပါဘူး။ ဒူးရင်းသီးအနံ့ကို ရရင်တောင် စားချင်လွန်းလို့ မနေနိုင်အောင်ဖြစ်ရတဲ့ တိရစ္ဆာန်လည်းရှိပါတယ်နော်။ အဲဒီတိရစ္ဆာန်ကတော့ ထိုင်းနိုင်ငံက ဆင်ဖြစ်ပြီး အဲဒီဆင်က ဒူးရင်းသီးအနံ့ကြောင့် အမျိုးသမီးတစ်ဦးရဲ့…

15-7-2020-yyl-016.jpg

လူတွေ Mask တပ်မယ်ဆိုရင် (၁-၂) လမှာ COVID-19 ကို ထိန်းချုပ်နိုင်မှာပါလို့ CDC ဒါရိုက်တာပြော

ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (the Centers for Disease Control and Prevention) ရဲ့ဒါရိုက်တာ ရောဘတ် ရက်တ်ဖီးတ်က ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်ဖို့အတွက် ကျွန်တော်တို့မှာရှိတဲ့ အင်အားအကြီးဆုံးလက်နက်က Mask ဝတ်တာ၊ လက်ဆေးတာနဲ့ ခပ်ခွာခွာနေတာတွေဖြစ်တယ်လို့ ယုံကြည်ထားပါတယ်။…

15-7-2020-yyl-009.jpg

ဗြိတိန်ကုမ္ပဏီတွေကို ဟွာဝေးရဲ့ 5G ကွန်ရက်ကိရိယာတွေ ဝယ်ယူခွင့် ပိတ်ပင်

ဗြိတိန်နိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီတွေအနေနဲ့ လာမယ့်ဒီဇင်ဘာလ ၃၁ ရက်နောက်ပိုင်း ဟွာဝေး(Huawei)ကုမ္ပဏီရဲ့ 5G ကွန်ရက် ကိရိယာသစ်တွေကို ဝယ်ယူခွင့်မရှိသလို ၂၀၂၇ ခုနှစ်နောက်ဆုံးထားပြီး သူတို့ရဲ့ကွန်ရက်တွေမှာ အသုံးပြုနေတဲ့ ဟွာဝေးကုမ္ပဏီရဲ့ 5G ကွန်ရက်ကိရိယာအားလုံးကို ဖယ်ရှားဖို့ ဗြိတိန်အစိုးရက ကြေညာခဲ့ပါတယ်။…