28-7-2020-yyl-006.jpg

ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေးပုဂ္ဂိုလ်မှာ Covid-19 ရောဂါပိုး တွေ့ရှိ

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ရဲ့ အမျိုးသားလုံခြုံရေးအကြံပေးပုဂ္ဂိုလ် ရောဘတ်အိုဘရိုင်ယန်ဟာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တယ်လို့ အိမ်ဖြူတော်က အတည်ပြုခဲ့ပါတယ်။ အသက် ၅၄ နှစ်ရှိတဲ့ အိုဘရိုင်ယန်ဟာ သီးသန့်ခွဲခြားနေထိုင်ပြီး အိမ်ကနေ အလုပ်လုပ်နေသူပါ။ သူ့မှာ ရောဂါလက္ခဏာအနည်းငယ် ပြနေတယ်လို့ ဆိုပါတယ်။…

27-7-2020-yyl-047.jpg

ကိုဗစ်ကို တွန်းလှန်ရင်း အသက်ဆုံးရှုံးခဲ့ရတဲ့ သူနာပြု ၁၆၄ ယောက်ကို ရည်ညွှန်းတဲ့ ဖိနပ် ၁၆၄ ရံ

ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်နိုင်ငံ၊ ဝါရှင်တန်မြို့က လွှတ်တော်အဆောက်အအုံ မြက်ခင်းပြင်ပေါ်မှာ ချထားတဲ့ ဖိနပ် ၁၆၄ ရံကတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တွန်းလှန်တိုက်ခိုက်ပေးနေရင်း အသက်ပေးခဲ့ရတဲ့ သူနာပြုတစ်ယောက်စီတိုင်းကို ရည်ညွှန်းပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ သူနာပြုတွေက ကွယ်လွန်ခဲ့ကြတဲ့ လုပ်ဖော်ကိုင်ဖက်ဟောင်းတွေအတွက် အောက်မေ့သတိရ…

27-7-2020-yyl-035.jpg

စပိန်တုပ်ကွေးကာလတုန်းက Social Distancing လုပ်ဖို့ အကြံပြုခဲ့လို့ အလုပ်ထုတ်ခံခဲ့ရသူ

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါလိုပဲ ၁၉၁၈ခုနှစ်ကလည်း လူသန်းချီသေဆုံးခဲ့တဲ့ စပိန်တုပ်ကွေးဖြစ်ပွားခဲ့ဖူးပါတယ်။ အဲဒီစပိန်တုပ်ကွေးကာလမှာ ဝါရှန်တန်ရဲ့ ကျန်းမာရေးတာဝန်တွေယူခဲ့ရတဲ့ ကော်မရှင်အဖွဲ့ဝင်ဖြစ်ခဲ့သူက ဒေါက်တာ သောမတ်စ် ဒိုင်ယာ တတ်တယ် (Thomas Dyer Tuttle) ဖြစ်ပါတယ်။ ဒေါက်တာ သောမတ်စ် ဒိုင်ယာ တတ်တယ်နဲ့…

27-7-2020-yyl-017.jpg

မြောက်ကိုရီးယားနိုင်ငံကို တစ်ကျော့ပြန်ခိုလှုံခဲ့တဲ့ အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ်မရှိဘူးလို့ တောင်ကိုရီးယားနိုင်ငံ ပြော

တောင်ကိုရီးယားနိုင်ငံဘက်ကနေ မြောက်ကိုရီးယားကို ထွက်ပြေးခဲ့တဲ့ အမျိုးသားမှာ ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးမရှိဘူးလို့ တောင်ကိုရီးယားကျန်းမာရေးအရာရှိတွေက ပြောပါတယ်။ အသက် ၂၄ နှစ်အရွယ်ရှိတဲ့ အဲဒီအမျိုးသားဟာ လွန်ခဲ့တဲ့ ၃နှစ်တုန်းက မြောက်ကိုရီးယားနိုင်ငံကနေ တောင်ကိုရီးယားနိုင်ငံထံ ထွက်ပြေးခိုလှုံခဲ့ပေမဲ့ ပြီးခဲ့တဲ့တစ်ပတ်မှာတော့ မြောက်ကိုရီးယားနိုင်ငံထံ ပြန်လည်ဝင်ရောက်ခဲ့ပါတယ်။…

27-7-2020-yyl-013.jpg

၁၉၉၂ ခုနှစ်က ပေးခဲ့တဲ့ကတိအတိုင်း ထီဆုငွေကို သူငယ်ချင်းနဲ့ ခွဲဝေယူခဲ့သူ

တချို့လူတွေအတွက် “ကတိ” ဆိုတာ တည်ဖို့ ခဲယဉ်းကောင်း ခဲယဉ်းနိုင်ပါတယ်။ ဒါပေမဲ့ လူရယ်လို့ဖြစ်လာရင် မိမိပေးထားတဲ့ကတိကို တည်အောင်တော့ ထိန်းသိမ်းသင့်ပါတယ်။ ဝစ္စကွန်းဆင်းပြည်နယ်က သောမတ်စ် ကွတ်ခ် (Thomas Cook) ဆိုတဲ့အမျိုးသားတစ်ယောက်ကတော့ ကတိတစ်လုံးနဲ့ လူလုပ်နေတယ်လို့တောင် ပြောလို့ရပါတယ်။…

27-7-2020-yyl-010.jpg

၉၉ ရက်ကြာ Covid-19 လူနာသစ်မတွေ့ခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာ ပြည်တွင်းကူးစက် လူနာသစ် ၄ ယောက် တွေ့လို့ ထိန်းချုပ်မှုတွေ တိုးမြှင့် လုပ်ဆောင်နေရ

၉၉ ရက်တိုင်တိုင် ကိုရိုနာဗိုင်းရပ်စ် လူနာသစ်မရှိခဲ့တဲ့ ဗီယက်နမ်နိုင်ငံမှာ ဒေသတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ လူနာသစ် ၄ ယောက် တွေ့ရှိခဲ့ပြီးနောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ထိန်းချုပ်ရေးစည်းမျဉ်းတွေကို တိုးမြှင့်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလမှာ နယ်စပ်ဒေသတွေကို…

27-7-2020-yyl-006.jpg

“Gone With the Wind” မင်းသမီး အသက် (၁၀၄) မှာ ကွယ်လွန်

ဟိုအရင်ကတည်းကနေ အခုချိန်ထိ ရုပ်ရှင်ချစ်ပရိသတ်တွေ ကြိုက်နှစ်သက်ရတဲ့ “လေရူးသုန်သုန်” (Gone with the Wind) မှ ဇာတ်ပို့မင်းသမီး အိုလီဗီယား ဒီ ဟာဗေးလ်လန် (Olivia de Havilland) ဟာ ဇူလိုင်လ (၂၆)…

27-7-2020-yyl-004.jpg

တောင်အာဖရိက အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အကျဉ်းသား ၆၈ ယောက်လုံးကို ပြန်လည်ဖမ်းဆီးရမိ

တောင်အာဖရိကနိုင်ငံ အနောက်ပိုင်းကိတ်ပြည်နယ်ရှိ အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်ခဲ့တဲ့ အကျဉ်းသား ၆၈ ယောက်လုံးကို ပြန်လည်ဖမ်းဆီးနိုင်ခဲ့ပြီလို့ အစိုးရက ကြေညာခဲ့ပါတယ်။ နှစ်ရက်ကြာ ပိုက်စိပ်တိုက် ရှာဖွေမှုလုပ်ခဲ့ပြီးနောက်မှာ ငြိမ်ဝပ်ပိပြားရေး ဖော်ဆောင်နိုင်ခဲ့တဲ့ အကျဉ်းထောင်အရာရှိတွေကိုလည်း ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ မယ်မက်စ်ဘူရီအကျဉ်းထောင်မှာ လေ့ကျင့်ခန်းလုပ်ခွင့်ပေးတဲ့အချိန်မှာ အကျဉ်းသားတွေက…

27-7-2020-yyl-003.jpg

ချန်ဒူးမြို့ အမေရိကန် ကောင်စစ်ဝန်ရုံးကနေ အမေရိကန် သံအမတ်တွေ ထွက်ခွာ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချန်ဒူးမြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို တရုတ်အစိုးရက ပိတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့ပြီးနောက်မှာ ကောင်စစ်ဝန်ရုံးထဲကနေ အမေရိကန်သံအမတ်တွေ ထွက်ခွာသွားခဲ့ပါပြီ။ ဇူလိုင်လ ၂၇ ရက်က နောက်ဆုံးသတ်မှတ်ထားချိန်မတိုင်ခင် နာရီပိုင်းအလိုမှာ ကောင်စစ်ဝန်ရုံး ဝန်ထမ်းတွေက ဖိုင်ထည့်ထားတဲ့ပုံးတွေ၊ အမှိုက်ပုံးတွေ သယ်ဆောင်နေကြတာ…

27-7-2020-yyl-002.jpg

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တုံ့ပြန်တဲ့ အိန္ဒိယနိုင်ငံရဲ့နည်းလမ်းက တစ်ကမ္ဘာလုံး မှားယွင်းကြောင်း သက်သေပြနေတယ်လို့ နာရန္ဒြာမိုဒီ ပြော

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကို တွန်းလှန်တိုက်ဖျက်ရာမှာ အိန္ဒိယနိုင်ငံ အသုံးပြုနေတဲ့နည်းလမ်းက တစ်ကမ္ဘာလုံး မှားယွင်းတယ်ဆိုတာ သက်သေပြနေတယ်လို့ အိန္ဒိယဝန်ကြီးချုပ် နာရန္ဒြာမိုဒီက ပြောပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁.၃ သန်းကျော်ရှိပြီး သေဆုံးသူ ၃၂,၀၆၀ ယောက် ရှိခဲ့တဲ့ အိန္ဒိယနိုင်ငံဟာ…