“တွစ်တာဝယ်ယူတဲ့ ငွေကို ပရဟိတအတွက် ဘာလို့မသုံးတာလဲ”ဆိုတဲ့ မေးခွန်းကို အီလွန်မက်စ် ဘယ်လိုဖြေခဲ့သလဲ
တွစ်တာကို ဒေါ်လာ ၄၄ ဘီလျံနဲ့ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်အီလွန်မက်စ် ဝယ်ယူတဲ့ သတင်းထွက်ရှိလာခဲ့ပြီးနောက်မှာတော့ အီလွန်မက်စ် ပိုင်ဆိုင်မှာသဘောမကျတဲ့ တွစ်တာအသုံးပြုသူအများအပြားရှိသလို ဒေါ်လာဘီလျံပေါင်းများစွာကို ပိုကောင်းတဲ့အရာအတွက် အသုံးပြုလို့ရတယ်လို့ စောဒကတက်နေကြတဲ့သူတွေလည်းရှိခဲ့ပါတယ်။ လူတော်တော်များများကလည်း အဲဒီငွေကို ပရဟိတအတွက် မသုံးတာလဲလို့ မေးခွန်းထုတ်လာကြပါတယ်။ “မက်စ်က…

