9-7-2020-yyl-010.jpg

ဗြိတိန်နိုင်ငံမှာ သြဂုတ်လအတွင်း စားသောက်ဆိုင်မှာစားရင်း ၅၀ ရာခိုင်နှုန်း ဈေးလျှော့ပေးမယ်

အခက်တွေ့နေတဲ့ တည်ခင်းဧည့်ခံရေးကဏ္ဍ တစ်ကျော့ပြန်ဦးမော့လာစေဖို့ ဗြိတိန်အစိုးရရဲ့အစီအစဉ်အရ လာမယ့်သြဂုတ်လအတွင်း စားသောက်ဆိုင်တွေမှာ သွားစားသူတွေဟာ ၅၀ ရာခိုင်နှုန်း လျှော့ဈေးရရှိမှာပါ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ဗြိတိန်နိုင်ငံရဲ့စီးပွားရေး ပြန်လည်စီးဆင်းစေမယ့် စည်းမျဉ်းတစ်စိတ်တစ်ပိုင်းအဖြစ် ဗြိတိန်နိုင်ငံ ဘဏ္ဍာရေးဝန်ကြီး ဆူနက်က ” ဆိုင်မှာ…

9-7-2020-yyl-009.jpg

ဟောင်ကောင်မြို့ရဲ့ ကျောင်းသား၊ ကျောင်းသူတွေကို နိုင်ငံရေးမလုပ်ဖို့ တားမြစ်

ဟောင်ကောင်မြို့မှာရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေကို ကျောင်းတွေမှာ နိုင်ငံရေးလှုပ်ရှားမှုမလုပ်ဖို့ တားမြစ်လိုက်ပြီလို့ ဟောင်ကောင်မြို့ ပညာရေးဝန်ကြီးက ပြောပါတယ်။ နိုင်ငံရေး သီချင်းဆိုတာ၊ စာတန်းတွေ ကိုင်ဆောင်ဖော်ပြတာ၊ အတန်းချိန်မတက်ဘဲ သပိတ်မှောက်တာ စတဲ့လုပ်ရပ်တွေလည်း တားမြစ်ချက်ထဲမှာ ပါဝင်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ဟောင်ကောင်မြို့ရဲ့…

9-7-2020-yyl-008.jpg

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ သန်းကျော်ရှိလာ

အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၃ သန်းကျော်ရှိလာခဲ့ပြီလို့ ဂျွန်ဟော့ကင်းတက္ကသိုလ်ရဲ့ ကိန်းဂဏန်းအချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က အမေရိကန်နိုင်ငံမှာ တစ်ရက်အတွင်း ရောဂါကူးစက်မှုစံချိန်တင်ခဲ့ပြီး ရောဂါကူးစက်ခံရသူ ၆၀၀၀၀ ကျော် ရှိခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၁၃၁၀၀၀…

9-7-2020-yyl-005.jpg

မြေဆီလွှာစမ်းသပ်ကိရိယာကို တီထွင်ဖန်တီးခဲ့လို့ ရွှေတံဆိပ်ဆု ရရှိခဲ့တဲ့ ကလေး (၃) ဦး

မလေးရှားနိုင်ငံက ကလေး (၃) ဦးဟာ International Invention Innovation Competition မှာ မြေဆီလွှာစမ်းသပ်ကိရိယာကို တီထွင်ခဲ့တာကြောင့် ရွှေတံဆိပ်ဆု (၃) ဆုရရှိကာ နောက်ဆုံးအဆင့်ကို တက်လှမ်းရတော့မှာဖြစ်ပါတယ်။ ဒီမြေဆီလွှာ စမ်းသပ်ကိရိယာကို လူငယ်သုတေသနပညာရှင်တွေဖြစ်တဲ့ မာဟာဂါနာပါသီ…

8-7-2020-yyl-035.jpg

စွန့်ပစ်ထားတဲ့ ကျောင်းကားတစ်စီးကို ဆွဲဆောင်မှုရှိလှတဲ့ တည်းခိုစရာ နေရာအဖြစ် ပြောင်းလဲလိုက်တဲ့အခါ

မလိုအပ်ဘဲ ပစ်ထားတဲ့ပစ္စည်းတွေက နောက်ပိုင်းမှာအသုံးဝင်လာတတ်တယ်ဆိုတာကို ဒီအကြောင်းအရာလေးက ပြောပြနေပါတယ်။ Rumah No.2, University of Malaya (UM) လို့ခေါ်တဲ့ အိမ်ခြံဝင်းမှာ စွန့်ပစ်ထားတဲ့ မာလာယ တက္ကသိုလ်ရဲ့ ကျောင်းဘတ်စ်ကား တစ်စီးရှိပါတယ်။ အဲဒီဘတ်စကားကို ဧည့်သည်တွေလာရောက်ငှားရမ်း…

8-7-2020-yyl-007.jpg

WHO ကနေ အမေရိကန်နိုင်ငံ နုတ်ထွက်ဖို့ ဒေါ်နယ်ထရမ့် တရားဝင်အကြောင်းကြား

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)ကနေ အမေရိကန်နိုင်ငံ နုတ်ထွက်ရေးအတွက် အ‌မေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တရားဝင်လှုပ်ရှားနေပါပြီ။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြုံရချိန်မှာ WHO က တရုတ်နိုင်ငံရဲ့ ထိန်းချုပ်မှုအောက် ရောက်နေတယ်လို့ ဒေါ်နယ်ထရမ့်က စွပ်စွဲခဲ့ပြီး WHO ကနေ နုတ်ထွက်မယ်လို့ ပြီးခဲ့တဲ့မေလနှောင်းပိုင်းမှာ ထုတ်ပြောခဲ့ပါတယ်။…

8-7-2020-yyl-006.jpg

တရုတ်နိုင်ငံမှာ ကျောင်းသားတွေ လိုက်ပါလာတဲ့ ဘတ်စ်ကား ရေလှောင်တမံထဲ ထိုးကျလို့ အနည်းဆုံး လူ ၂၁ ယောက် သေဆုံး

တရုတ်နိုင်ငံမှာ ဘတ်စ်ကားတစ်စီး ရေလှောင်တမံထဲ ထိုးကျခဲ့တဲ့ဖြစ်ရပ်ကြောင့် အနည်းဆုံး လူ ၂၁ ယောက် သေဆုံးခဲ့ပြီး လူ ၁၅ ယောက် ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ကွေ့ကျိုးပြည်နယ်၊ အန်ရွှန်းမြို့က တံတားတစ်စင်းပေါ်မှာ မောင်းနှင်နေတုန်း အရံအတားတွေကို ဝင်တိုက်ပြီး…

8-7-2020-yyl-005.jpg

တရုတ်နိုင်ငံရဲ့ လုပ်ရပ်တွေက အမေရိကန် အနာဂတ် အတွက် အကြီးမားဆုံး ခြိမ်းခြောက်မှု ဖြစ်နေတယ်လို့ ဆို

တရုတ်အစိုးရရဲ့ သူလျှိုလုပ်မှု၊ ငွေကြေးနဲ့ အချက်အလက်ခိုးယူဖို့ လှုပ်ရှားမှုတွေဟာ အမေရိကန်နိုင်ငံရဲ့ အနာဂတ်အတွက် အကြီးမားဆုံးရေရှည်ခြိမ်းခြောက်မှုဖြစ်နေတယ်လို့ FBI ဒါရိုက်တာက ပြောပါတယ်။ တရုတ်အစိုးရဟာ ပြည်ပမှာရှိတဲ့ တရုတ်နိုင်ငံသားတွေကို စတင်ပစ်မှတ်ထားလာပြီး တရုတ်နိုင်ငံထံ ပြန်လာဖို့ အကြပ်ကိုင်ခြိမ်းခြောက်နေသလို အမေရိကန်နိုင်ငံရဲ့ ကိုရိုနာဗိုင်းရပ်စ်…

8-7-2020-yyl-002.jpg

COVID-19 ရောဂါနဲ့ ဦးနှောက် ပျက်စီးမှုတို့ ဆက်စပ်နိုင်ချေ ရှိတယ်လို့ သုတေသီတွေ သတိပေး

COVID-19 က ရောင်ရမ်းခြင်း၊ စိတ်ဝေဒနာ နဲ့ ကယောင်ကတန်းဖြစ်ခြင်းအပါအဝင် ပြင်းထန်တဲ့ အာရုံကြောဆိုင်ရာပြဿနာတွေကို ဖြစ်နိုင်တယ်လို့ သက်သေပြချက်အသစ်က ဆိုထားတဲ့အတွက် ဦးနှောက်ပျက်စီးတာနဲ့ COVID-19 ရောဂါတို့ ဆက်စပ်နိုင်ချေရှိတယ်လို့ သုတေသီတွေက သတိပေးခဲ့ပါတယ်။ University College London…

7-7-2020-yyl-023.jpg

နောက်ဆုံးကျန်ရှိနေတဲ့ အသက်အကြီးဆုံး ဖိလစ်ပိုင် ရိုးရာ တတ်တူးပညာရှင် အမျိုးသမီး

ဝါအန် အက် အိုဂေး အမည်ရတဲ့ အသက် (၁၀၃) နှစ်အရွယ်အဘွားဟာ ဖိလစ်ပိုင်နိုင်ငံမှာ အသက်အကြီးဆုံး တက်တူးပညာရှင်တစ်ယောက်ပါ။ အဘွားဝါအန်က ဖိလစ်ပိုင်မြောက်ပိုင်း၊ ကာလင်ဂါတောင်တန်းဒေသမှာ နေထိုင်ပြီး နောက်ဆုံးကျန်ရစ်နေတဲ့ ဖိလစ်ပိုင်ရိုးရာတတ်တူးပညာရှင် လည်းဖြစ်ပါတယ်။ ဒီတက်တူးပညာရှင်က ဖိလစ်ပိုင်နိုင်ငံမှာသာမက အခြားနိုင်ငံတွေမှာလည်း…