24-11-2020-yyl-018.jpg

ရေကြောင်းတပ်ဖွဲ့သင်တန်းကျောင်းကနေ အတူတူဘွဲ့ရယူနိုင်ခဲ့တဲ့ မိသားစု (၂) စုက ညီအစ်မတွေ

သင်တန်းကျောင်းတစ်ခုတည်းကနေ ညီအစ်မတွေ ဘွဲ့အတူတူရယူနိုင်ဖို့ဆိုတာ လွယ်ကူတဲ့အရာတော့မဟုတ်ပါဘူး။ မိသားစု (၂) စုက ဒီညီအစ်မ (၅) ဦးကတော့ ရေကြောင်းတပ်ဖွဲ့သင်တန်းကျောင်းကနေ အတူတူဘွဲ့ရခဲ့လို့ ရှေ့ဆက်လျှောက်လှမ်းရတော့မှာဖြစ်ပါတယ်။ ကောင်မလေး (၅) ဦးထဲမှာ အက်ရှလေ ဗလက်တိုင်း နဲ့ အမ်ဘာ…

24-11-2020-yyl-014.jpg

အာဏာလွှဲပြောင်းရေးလုပ်ငန်းတွေ စတင်ဖို့ သမ္မတဒေါ်နယ်ထရမ့် လက်ခံ

သမ္မတရွေးကောက်ပွဲ အနိုင်ရခဲ့တယ်ဆိုတဲ့ ဒီမိုကရက်တစ် ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်အတွက် အာဏာလွှဲပြောင်းရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်ဖို့ လက်ရှိသမ္မတ ဒေါ်နယ်ထရမ့်က လက်ခံလိုက်ပါပြီ။ အာဏာလွှဲပြောင်းရေးလုပ်ငန်းတွေကို ကြီးကြပ်ကွပ်ကဲရတဲ့ ပြည်ထောင်စုအေဂျင်စီ General Services Administration (GSA) က လုပ်စရာရှိတဲ့အလုပ်တွေ လုပ်ရမယ်လို့…

24-11-2020-yyl-006.jpg

ကိုဗစ်သတိပေးချက်တွေရှိနေပေမဲ့ ကျေးဇူးတော်နေ့အတွက်ခရီးထွက်နေတဲ့ အမေရိကန်လူမျိုးသန်းချီရှိနေ

မကြာခင်မှာ ကျေးဇူးတော်နေ့ရောက်ရှိလာတော့မှာဖြစ်တဲ့အတွက် အဲဒီပွဲကို ဆင်နွှဲနိုင်ဖို့ အမေရိကန်လူမျိုးတော်တော်များများက ခရီးထွက်နေကြတဲ့အပြင် လမ်းပေါ်မှာလည်း တွေ့နေကြရပါတယ်။ အဲဒါနဲ့ပတ်သက်ပြီး ကျွမ်းကျင်ပညာရှင်တွေက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရမှုအရေအတွက်က ခါတိုင်းတွေထက် မကြာခင်မှာ ပိုများလာတော့မယ်လို့ ဆိုပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားကတည်းက အခုအချိန်ထိ အမေရိကန်လူမျိုး (၃) သန်းကျော်…

24-11-2020-yyl-005.jpg

မြန်မာငွေ ၅ ထောင်ကျော်ပဲ ကျသင့်ပြီး ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးမယ့် ကိုဗစ်ကာကွယ်ဆေး ထွက်ပေါ်လာ

မင်္ဂလာရှိတဲ့ သတင်းကောင်းပါ။ အောက်စဖို့ဒ်တက္ကသိုလ်က ဖော်စပ်ခဲ့တဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးက ရောဂါကူးစက်မှုကို ၇၀ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်တယ်လို့ တွေ့ရှိခဲ့ပါပြီ။ စေတနာ့ဝန်ထမ်း ၂၀၀၀၀ ပါဝင်တဲ့ အကြီးအကျယ် စမ်းသပ်ထိုးနှံမှုမှာ ဒီရလဒ် ထွက်ပေါ်လာတာပါ။ ဝမ်းသာစရာကောင်းတာကတော့ အောက်စဖို့ဒ်တက္ကသိုလ်ရဲ့…

23-11-2020-yyl-020.jpg

ကပ်ရောဂါအတွင်း Iron Man လိုဝတ်ပြီးပြောင်းဖူးဖျော်ရည်ရောင်းနေရတဲ့ ကုမ္ပဏီဝန်ထမ်းဟောင်း

မလေးရှားလူမျိုးအမျိုးသားတစ်ယောက်ကတော့ ကပ်ရောဂါအတွင်းမှာ ဝင်ငွေရဖို့အတွက် Marvel စူပါဟီးရိုးတွေထဲက Iron Man ဇာတ်ကောင်လို ဝတ်ဆင်ပြီး ပြောင်းဖူးဖျော်ရည်ရောင်းချလို့နေပါတယ်။ အသက် ၂၆ နှစ်အရွယ် မူဟာမတ် ဆူကာ မို ပတ်သီ (Muhammad Skykur Mohd…

23-11-2020-yyl-017.jpg

ကိုဗစ်ပိုးတွေ့လို့ ပိတ်ရတော့မယ့် အိမ်နီးချင်းရဲ့ဆိုင်ကို ကူညီဖွင့်ပေးခဲ့တဲ့ အမျိုးသား

နယူးဂျာဇီပြည်နယ်က Wurstbar ဆိုတဲ့ ဆိုင်လေးက ဝန်ထမ်းများများစားစားမရှိပေမဲ့လည်း ဆိုင်ကတော့ ပုံမှန်လှည့်ပတ်နေတာပါပဲ။ ဒါပေမဲ့ အဲဒီဆိုင်က ဝန်ထမ်းတစ်ဦး ကိုဗစ်ရောဂါပိုးကူးစက်ခံရတဲ့အချိန်မှာတော့ ဆိုင်လှည့်ပတ်မှုကို ရပ်တန့်ပစ်ရမလိုဖြစ်ခဲ့ပါတယ်။ ကံကောင်းစွာနဲ့ပဲ ကြင်နာတတ်တဲ့ အိမ်နီချင်းတစ်ဦးက ဘီယာနဲ့ကော့တေးကို အဓိကရောင်းတဲ့ အဲဒီစားသောက်ဆိုင်ကို ဆက်လက်လှည့်ပတ်နိုင်ဖို့အတွက်…

23-11-2020-yyl-012.jpg

အိန္ဒိယနိုင်ငံမှာ ရေတွင်းထဲကျခဲ့တဲ့ဆင်တစ်ကောင်ကို ၁၂ နာရီကြာအချိန်ယူကယ်တင်ခဲ့ရ

ပြီးခဲ့တဲ့အပတ်က အိန္ဒိယနိုင်ငံရဲ့ ရေတွင်းတစ်တွင်းထဲ ကျသွားခဲ့တဲ့ ဆင်တစ်ကောင်ကိုဝန်ချီစက်နဲ့ ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့တယ်လို့ သတင်းတွေအရ သိရပါတယ်။ ရေတွင်းထဲကနေ အဲဒီဆင်ကို ကယ်တင်ဖို့အတွက် (၁၂) နာရီကျော်လောက် အချိန်ယူပြီး လုပ်ဆောင်ခဲ့ရတယ်လို့ တောင်ပိုင်းTamil Nadu ပြည်နယ်က သစ်တောအရာရှိတွေက…

23-11-2020-yyl-007.jpg

နာတာရှည်ဆေးရုံက လူနာ (၄) ဦးကို မီးဘေးကနေ ကယ်တင်ရင်း မီးလောင်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်ခွေးမကြီး

ခွေးတွေက လူတွေအပေါ် သစ္စာရှိတဲ့အပြင် လူတွေရဲ့အသက်ကိုလည်း ကယ်တင်ပေးတယ်ဆိုတာကို ဟီးရိုးလို့တင်စားရလောက်တဲ့ ခွေးလေးတစ်ကောင်က သက်သေပြလိုက်ပြန်ပါပြီ။ မာတေးဒါလို့အမည်ရတဲ့ ကိုယ်ဝန်ဆောင်ခွေးမကြီးတစ်ကောင်ဟာ နာတာရှည်ဆေးရုံက လူ (၄) ဦးကို မီးဘေးကနေ ကယ်တင်ခဲ့ပြီးတဲ့နောက်မှာတော့ မီးလောင်ကျွမ်းမှုကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပါတယ်။ မာတေးဒါဟာ ရုရှားနိုင်ငံရဲ့…

23-11-2020-yyl-001.jpg

ဒေါ်နယ်ထရမ့်ကို ပေးခဲ့တဲ့ ပဋိပစ္စည်းပေါင်းစပ်ဆေးကို အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ အမေရိကန် FDA ခွင့်ပြု

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရချိန်က သူ့ကို ပေးခဲ့တဲ့ စမ်းသပ်ဆဲ ပဋိပစ္စည်းပေါင်းစပ်ဆေးကို အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA)က ခွင့်ပြုပေးလိုက်ပါပြီ။ Regeneron ကုမ္ပဏီက ထုတ်လုပ်ထားတဲ့…

23-11-2020-yyl-002.jpg

ကမ္ဘာ့အကောင်းဆုံးကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်တဲ့ ဂျာမနီနိုင်ငံမှာ ကိုဗစ်-၁၉ လူနာတွေ မြင့်တက်လာလို့ ICU ခန်းတွေ ပြည့်လုနီးပါး ဖြစ်နေ

ကိုဗစ်-၁၉ ပထမလှိုင်းတုန်းက ကမ္ဘာ့ကျန်းမာရေးစောင့်ရှောက်မှု အကောင်းဆုံးနိုင်ငံတစ်နိုင်ငံလို့ ချီးကျူးခံခဲ့ရတဲ့ ဂျာမနီနိုင်ငံဟာ အခုချိန်မှာတော့ ရောဂါကူးစက်မှု မြင့်တက်လာပြီး ရောဂါပြင်းထန်သူ များလာလို့ အထူးကြပ်မတ်ကုသခန်းတွေ( ICU) ပြည့်လုနီးပါး ဖြစ်နေပါပြီ။ ပြီးခဲ့တဲ့သောကြာနေ့က ဂျာမနီနိုင်ငံမှာ တစ်ရက်တာ လူနာသစ်စံချိန်အဖြစ် လူနာသစ်…