15-5-2020-yyl-036.jpg

မသန်စွမ်းကလေးတွေအတွက် သူတို့နဲ့ပုံစံတူအရုပ်တွေ ဖန်တီးပေးနေသူ

ကလေးဘဝတုန်းကဆိုရင် အရုပ်ဆိုတာ ကလေးတွေအတွက် မရှိမဖြစ်ပါပဲ။ ကလေးတော်တော်များများက အရုပ်ကလေးတွေနဲ့အဖော်ပြုကစားရတာကို နှစ်သက်ကြပါတယ်။ ကလေးတိုင်းက သူတို့ရဲ့ကိုယ်ပိုင်နည်းလမ်းနဲ့ တမူးထူးခြားကြပါတယ်။ အမ်မီဂျန်ဒရစ်ဆီဗစ်ဆိုသူအမျိုးသမီးကလည်း အရုပ်လေးတွေနဲ့ ကလေးတွေကို ကိုယ့်ကိုယ်ကို ကွဲပြားခြားနားတယ်လို့ မခံစားရအောင်ကူညီပေးနေတာပါ။ သူက မသန်စွမ်းကလေးတွေအတွက် သူတို့နဲ့ ပုံစံတူတဲ့အရုပ်ကလေးတွေကို…

15-5-2020-yyl-030.jpg

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဝူဟန်မြို့မှာ ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိသူ ၁၁ ယောက် ထပ်မံတွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ် စတင်ကူးစက်ပျံ့နှံ့ခဲ့တဲ့ ဝူဟန်မြို့မှာ မေလ ၁၅ ရက်က ရောဂါလက္ခဏာမပြဘဲ ရောဂါပိုးရှိနေသူ ၁၁ ယောက် ထပ်တွေ့ခဲ့တယ်လို့ ဝူဟန်မြို့ မြူနီစီပယ်ကျန်းမာရေးကော်မရှင်က ပြောပါတယ်။ ဝူဟန်မြို့ရဲ့ ခရိုင်တော်တော်များများကနေ ရောဂါပိုးရှိသူတွေ တွေ့ရှိခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။…

15-5-2020-yyl-031.jpg

အသက်ရှင်ဖို့ ၁ ရာခိုင်နှုန်းပဲ အခွင့်အရေးရှိခဲ့သူ ကျန်းမာရေးပြန်ကောင်းလာလို့ ဆေးရုံမှ ပြန်ဆင်းခွင့်ရပြီ

အသက်ရှင်ဖို့ ၁ ရာခိုင်နှုန်းပဲ အခွင့်အရေးရှိတယ်လို့ ဆရာဝန်တွေ မှတ်ချက်ပေးခဲ့ကြတဲ့ အမျိုးသားဟာ COVID-19 ရောဂါနဲ့ ၂ လကြာ တိုက်ပွဲဝင်ခဲ့ရပြီးနောက်မှာတော့ ဆေးရုံကနေ ပြန်ဆင်းခွင့်ရခဲ့ပါပြီ။ အသက် ၅၄ နှစ်ရှိတဲ့ ဂါဖီးလ်ဟာ ပြီးခဲ့တဲ့ဖေဖော်ဝါရီလက အီတလီမြောက်ပိုင်းကို…

15-5-2020-yyl-032.jpg

ပြည်တွင်းလေကြောင်းခရီးစဉ်တွေမှာ လိုက်ပါမယ့်ခရီးသည်အားလုံး နှာခေါင်းစည်းတပ်ဖို့ ကိုရီးယားလေကြောင်းလိုင်း ထုတ်ပြန်

လာမယ့်တနင်္လာနေ့ကစပြီး ပြည်တွင်းလေကြောင်းခရီးစဉ်တွေမှာ လိုက်ပါမယ့် ခရီးသည်အားလုံး နှာခေါင်းစည်းတပ်ရမယ်လို့ ကိုရီးယားလေကြောင်းလိုင်းက ထုတ်ပြန်ခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ ဗဟိုကပ်ရောဂါတုံ့ပြန်လှုပ်ရှားရေးရုံးချုပ်ရဲ့ လမ်းညွှန်ချက်အတိုင်း အခုလိုစည်းမျဉ်းထုတ်ရတာ ဖြစ်ပါတယ်။ ခရီးသည်တွေ၊ လေယာဉ်အမှုထမ်းတွေအနေနဲ့ နှာခေါင်းစည်းတွေ တပ်ဆင်ကြဖို့ နိုင်ငံတကာ လေကြောင်းပို့ဆောင်ရေးအစည်းအရုံး(IATA)က ညွှန်ကြားထားပြီး တခြားပြည်ပလေကြောင်းလိုင်းတွေမှာလည်း…

15-5-2020-yyl-029.jpg

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ချထားရတဲ့ ဖိလစ်ပိုင်မှာ တိုင်ဖွန်းမုန်တိုင်းတိုက်လို့ လူသောင်းချီကို ရွှေ့ပြောင်းပေးခဲ့ရ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် Lockdown ချထားရတဲ့ ဖိလစ်ပိုင်နိုင်ငံမှာ တိုင်ဖွန်းမုန်တိုင်း ဗွန်ဖွန် ဝင်ရောက်တိုက်ခတ်လို့ လူသောင်းချီကို ရွှေ့ပြောင်းပေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့ မွန်းလွဲပိုင်းက ဖိလစ်ပိုင်နိုင်ငံ အရှေ့ပိုင်း ဆာမာကျွန်းကို မုန်တိုင်းတိုက်ခတ်ခဲ့တာပါ။ တိုင်ဖွန်းမုန်တိုင်း ဗွန်ဖွန်ဟာ ၂၀၂၀ ရာသီအတွင်း ပစိဖိတ်သမုဒ္ဒရာ…

15-5-2020-yyl-028.jpg

အသက် ၁၀၈ နှစ်အရွယ် အဘွားအိုတစ်ဦး COVID-19 ရောဂါကနေ ပြန်သက်သာလာ

အမေရိကန်နိုင်ငံ နယူးဂျာစီပြည်နယ်မှာ နေထိုင်တဲ့ အသက် ၁၀၈ နှစ်အရွယ် အဘွားအို ဂိုးရှိုးဟာ ၁၉၁၈ ခုနှစ် တုပ်ကွေးကပ်ရောဂါကို ကျော်လွှားနိုင်ခဲ့သလို ကိုရိုနာဗိုင်းရပ်စ် ကိုလည်း အောင်နိုင်ခဲ့ပါပြီ။ နယူးဂျာစီပြည်နယ်၊ အလင်ဒဲလ်မြို့ စောင့်ရှောက်ရေးဂေဟာမှာ နေထိုင်တဲ့ ဂိုးရှိုးဟာ…

15-5-2020-yyl-027.jpg

လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ကျောက်ဆောင်အိမ်တွေပေါ်မှာ နေထိုင်သူတွေကို မြို့ပြအိမ်ရာတွေဆီ ရွှေ့ပြောင်းပေး

တရုတ်နိုင်ငံ စီချွမ်ပြည်နယ်မှာ မီတာ ၈၀၀ ကျောက်ဆောင်အိမ်တွေလို့ ခေါ်ကြတဲ့ တောင်ပေါ်အိမ်တွေ ရှိပါတယ်။ အရင်တုန်းကတော့ အတူလီရာရွာမှာ နေထိုင်တဲ့ လူကြီး၊ လူငယ်တွေဟာ ကျောက်ဆောင်ဘေး ပန်းဖောက်ထားတဲ့ အုန်းဆံလှေကားကို ခဲရာခဲဆစ် တွယ်တက်ပြီး အသွား၊ အလာလုပ်ရပါတယ်။…

15-5-2020-yyl-012.jpg

နယူးယောက်က ကလေးတွေမှာ တွေ့ရတဲ့ COVID-19 ရဲ့ထူးခြားတဲ့လက္ခဏာရပ်သစ်တွေကို ဆရာဝန်တွေအသိပေး

COVID-19 ကူးစက်ခံရတဲ့ကလေးတွေမှာ ထူးခြားတဲ့ကျန်းမာရေးအခြေအနေတွေကို မိဘတွေ၊ ဆေးရုံ၊ ဆေးခန်းတွေက မြင်တွေ့ရဖို့မျှော်လင့်ရတယ်လို့ ဆရာဝန်တွေက အသိပေးပြောကြားခဲ့ပါတယ်။ ကလေးတွေမှာတွေ့နေရတဲ့ ကျန်းမာရေးအခြေအနေက multisystem inflammatory syndrome ရောဂါအမျိုးအစားဖြစ်တယ်လို့ ဘောစတွန်ကလေးဆေးရုံရဲ့ဆရာဝန်ဂျက်ဖရီ ဘန်က ပြောပါတယ်။ နယူးယောက်မြို့က အနည်းဆုံးကလေး…

15-5-2020-yyl-006.jpg

COVID-19 ကပ်ရောဂါကြောင့် ကနေဒါနိုင်ငံမှာ ဝါးပင်တွေပြတ်လတ်လို့ ပန်ဒါဝက်ဝံတွေကို တရုတ်နိုင်ငံ ပြန်ပို့တော့မယ်

ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ကနေဒါနိုင်ငံကို တရုတ်နိုင်ငံကနေ ဝါးပင်လုံလုံလောက်လောက်မတင်ပို့နိုင်တဲ့အတွက် Calgary Zoo က ပန်ဒါဝက်ဝံကြီးနှစ်ကောင်ကို စာချုပ်နှစ်မပြည့်မီ တရုတ်နိုင်ငံကို ပြန်ပို့ရတော့မှာဖြစ်ပါတယ်။ အာရှန်နဲ့ ဒါမြောင် ဆိုတဲ့ ပန်ဒါဝက်ဝံနှစ်ကောင်ဟာ Toronto Zoo မှာ (၅) နှစ်တာနေထိုင်ခဲ့ပြီးတဲ့နောက်…

15-5-2020-yyl-003.jpg

အမေရိကန်နိုင်ငံသား ၄ ယောက်မှာ ၁ ယောက်က အလုပ်လက်မဲ့ဖြစ်နေ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် အမေရိကန်စီးပွားရေး ထိခိုက်ခဲ့လို့ ပြီးခဲ့တဲ့တစ်ပတ်က အလုပ်လက်မဲ့ ခံစားခွင့် လျှောက်ထားတဲ့ အမေရိကန်နိုင်ငံသား ၃ သန်းနီးပါးရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့မတ်လလယ်နောက်ပိုင်း အမေရိကန်နိုင်ငံမှာ အလုပ်လက်မဲ့ ခံစားခွင့်လျှောက်ထားသူ ၃၆ သန်းကျော်ရှိလာခဲ့ပါပြီ။ အဲဒီပမာဏဟာ အမေရိကန်အလုပ်သမားအင်အားစုရဲ့ ၄ ပုံ၊…