06.jpg

အီရန်နိုင်ငံရဲ့ ဒုတိယအာဏာအကြီးဆုံး စစ်ဗိုလ်ချုပ်ကြီး လုပ်ကြံခံရမှုနောက်ကွယ်က ဂယက်ရိုက်မှုများ

သောကြာနေ့ နံနက်အစောပိုင်းမှာ အီရန်စစ်တပ်ရဲ့ အာဏာအရှိဆုံး ဗိုလ်ချုပ်ကြီး ဆိုလေမာနီနဲ့ အီရတ်ပြည်သူ့စစ်အဖွဲ့ ခေါင်းဆောင်တွေ ဘဂ္ဂဒက်လေဆိပ်ကနေ ကားနှစ်စီးနဲ့ ထွက်ခွာလာတုန်း ကုန်လှောင်ရုံနားအရောက်မှာ အမေရိကန် မောင်းသူမဲ့ယာဉ်တစ်စင်းရဲ့ လေကြောင်းတိုက်ခိုက်မှု ခံခဲ့ရပါတယ်။ ဆိုလေမာနီဟာ လက်ဘနွန် ဒါမှမဟုတ် ဆီးရီးယားကနေ…

yyl-041.jpg

ပလတ်စတစ်အိတ်သုံးစွဲမှုကို ပိတ်ပင်တားမြစ်ရင်းနဲ့ ၂၀၂၀ခုနှစ်ကို စတင်လိုက်တဲ့ ထိုင်းနိုင်ငံ

ထိုင်းနိုင်ငံကတော့ စတိုးဆိုင်တော်တော်များများမှာ ပလတ်စတစ်အိတ်သုံးစွဲမှုကို ပိတ်ပင်တားမြစ်ရင်းနဲ့ နှစ်သစ် ၂၀၂၀ခုနှစ်ကို စတင်ခဲ့တာပါ။ ပင်လယ်ထဲမှာ အပျက်အစီးများတာ၊ ပလတ်စတစ် အမှိုတွေရှိနေတာကို လျော့ချဖို့အတွက် ၂၀၂၁ခုနှစ်မှာ ပြီးမြောက်ရမယ်ဆိုတဲ့ အစိုးရက မိတ်ဆက်ပေးထားတဲ့ Campaign ကိုလည်း ဖြန့်ဝေခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်က…

yyl-040.jpg

ဗျူဟာမြောက်လက်နက်သစ်ကို ထုတ်ဖော်ပြသမယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန် ပြော

ကိုရီးယားကျွန်းဆွယ် နျူကလီးယားကင်းစင်ရေး ဆွေးနွေးရာမှာ သမ္မတဒေါ်နယ်ထရမ့် ဦးဆောင်တဲ့ အမေရိကန်အစိုးရအဖွဲ့က အချိန်ဆွဲနေတယ်လို့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က စွပ်စွဲခဲ့ပြီး သိပ်မကြာခင်အချိန်အတွင်း ဗျူဟာမြောက် လက်နက်သစ်ကို ထုတ်ဖော်ပြသသွားမယ်လို့ သတိပေးခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့အထိ မြောက်ကိုရီးယားနိုင်ငံမြို့တော် ပြုံယမ်းမြို့မှာ ကျင်းပခဲ့တဲ့ အာဏာရပါတီ(အလုပ်သမားပါတီ)ရဲ့…

yyl-039.jpg

မိခင်ကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ သံသယရှိတဲ့အတွက် Captian America ဇာတ်ကားထဲက သရုပ်ဆောင်မင်းသမီးကို ဖမ်းဆီး

Captain America: The First Avenger ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး မိုလီဖစ်ဂျရယ်ဟာ မိခင်ဖြစ်သူကို ဓားနဲ့ထိုးသတ်ခဲ့တယ်လို့ သံသယရှိတဲ့အတွက် အဖမ်းခံထားရပါတယ်။ ဒီဇင်ဘာလ ၂၀ ရက်က အိုလာသီမြို့နေအိမ်မှာ အသက်(၆၈)နှစ်ရှိတဲ့ မိခင်ဖြစ်သူ ပက်ထရစ်ရှာ…

yyl-038.jpg

မိုးကြီးရေလျှံပြီး လူ ၄၃ ဦးသေဆုံးခဲ့လို့ အင်ဒိုနီးရှားနိုင်ငံမှာ တိမ်ဖမ်းဖို့ လုပ်ဆောင်နေ

စံချိန်တင်မိုးရွာသွန်းမှုကြောင့် ရေကြီးရေလျှံမှုတွေ၊ မြေပြိုမှုတွေ ဖြစ်ပွားခဲ့ပြီးနောက်မှာတော့ အင်ဒိုနီးရှားနိုင်ငံက မိုးထပ်မရွာအောင် ဂျာကာတာမြို့ပေါ်မှာ တိမ်ဖမ်းဖို့(Cloud Seeding)လုပ်ဆောင်နေပါတယ်။ ဇန်နဝါရီလ ၃ ရက်နေ့အထိ မှတ်တမ်းတွေအရ ဂျာကာတာမြို့နဲ့ အနီးတစ်ဝိုက်ဒေသတွေမှာ သေဆုံးသူ ၄၃ ဦးအထိ မြင့်တက်လာခဲ့ပြီး အိုးအိမ်စွန့်ခွာရသူ…

yyl-037.jpg

ကမ္ဘာ့အသက်အကြီးဆုံး ကြံ့နက် သေဆုံး

အသက် ၅၇ နှစ်ရှိပြီး ကမ္ဘာ့အသက်အကြီးဆုံးလို့ ယူဆထားတဲ့ ကြံ့နက်ကြီးဟာ တန်ဇန်းနီးယားနိုင်ငံမှာ သေဆုံးသွားခဲ့ပါတယ်။ အရှေ့တိုင်းမျိုးစိတ်ဖြစ်တဲ့ ကြံ့နက်ကြီး ဖော်စတာကို ၁၉၆၅ ခုနှစ်က နိုရွန်ဂိုရိုမီးတောင်ဝမှာ စတင်တွေ့ရှိခဲ့တာပါ။ အဲဒီအချိန်တုန်းက ဖော်စတာက ၃ နှစ်အရွယ်ပဲ ရှိပါသေးတယ်။…

yyl-036-1.jpg

လေယာဉ်အင်ဂျင်ထဲကို ကံကောင်းခြင်း အကြွေစေ့ ပစ်ထည့်ခဲ့တဲ့ တရုတ်အမျိုးသားကို ဒဏ်ရိုက်

ပထမဆုံးအကြိမ် လေယာဉ်စီးချိန်မှာ လေယာဉ်အင်ဂျင်ထဲကို ကံကောင်းစေတယ်ဆိုတဲ့ အကြွေစေ့တွေ ပစ်ထည့်ခဲ့တဲ့ တရုတ်အမျိုးသားတစ်ယောက်ကို တရားရုံးက ဒဏ်ငွေချမှတ်ခဲ့ပါတယ်။ အသက်(၂၈)နှစ်ရှိတဲ့ လူချောင်ဟာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလက တရုတ်နိုင်ငံအရှေ့ပိုင်း အန်ချင်တိန့်အန်ကျူးရှန်လေဆိပ်မှာ ပြည်တွင်းလေကြောင်းခရီးစဉ် ပြေးဆွဲတဲ့လေယာဉ်ပေါ် မတက်ခင် လေယာဉ်အင်ဂျင်ထဲကို…

yyl-035-1.jpg

ဓာတ်မှန်ကိုကြည့်ပြီး ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးရာမှာ မှတ်ဉာဏ်တုက လူသားဆရာဝန်တွေထက် ပိုတိကျ

ဓာတ်မှန်ကိုကြည့်ပြီး ရင်သားကင်ဆာ ရှိ၊ မရှိ စစ်ဆေးရာမှာ မှတ်ဉာဏ်တုက လူသားဆရာဝန်တွေထက် ပိုပြီးတိကျတယ်လို့ လေ့လာမှုတစ်ရပ်မှာ သုံးသပ်ထားပါတယ်။ Google Health နဲ့ Imperial College London က သုတေသီတွေ ပါဝင်တဲ့ နိုင်ငံတကာအဖွဲ့ဟာ…

yyl-028.jpg

ဒစ်စနေးဇာတ်ကောင် ရက်ပန်ဇယ်လားလို့ထင်မှတ်ရတဲ့ ဆံပင်အရှည်ကြီးပိုင်ဆိုင်ထားသူ

မိန်းကလေးတော်တော်များများက ဆံပင်ရှည်ကို မြတ်နိုးတတ်ကြပေမဲ့ ဆံပင်အရှည်မထားဖြစ်ခဲ့ကြတဲ့သူတွေရှိကြပါတယ်။ လှပတဲ့ဆံပင်ရှည်ကို ထားဖို့ဆိုတာ ဒီအရာနှစ်ခုကြောင့် မလွယ်ကူလှပါဘူး။ ပထမတစ်ခုက ဆံပင်သန်လာဖို့ ဆံပင်ရှည်လာဖို့ စိတ်ရှည်ရှည်နဲ့ စောင့်ရပြီး ဆံပင်ကို တော်တော်လေးဂရုစိုက်ရတာပါ။ ဒုတိယတစ်ခုကမျိူးရိုးဗီဇပါ။ ကိုယ်က ဆံပင်အရှည်ထားချင်ပေမဲ့ မိဘရဲ့မျိူးရိုးကိုလိုက်ပြီး ဆံပင်ပါးတာ၊…

1-1.jpg

လစ်ဗျားပြည်တွင်းစစ်အတွက် စစ်သည်တွေ စေလွှတ်ပေးနိုင်မယ့် ဥပဒေကြမ်းကို တူရကီလွှတ်တော် အတည်ပြု

လစ်ဗျားပြည်တွင်းစစ်အတွက် စစ်သည်တွေ စေလွှတ်ပေးနိုင်မယ့် ဥပဒေကြမ်းကို တူရကီလွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က အဲဒီဥပဒေကြမ်းအတွက် တူရကီလွှတ်တော်မှာ မဲခွဲဆုံးဖြတ်ခဲ့ပြီး ထောက်ခံမဲ ၃၂၅ မဲ၊ ကန့်ကွက်မဲ ၁၈၄ မဲရလဒ် ထွက်ပေါ်ခဲ့ပါတယ်။ တူရကီနိုင်ငံဟာ လစ်ဗျားနိုင်ငံမြို့တော် ထရီပိုလီမြို့အခြေစိုက်…