P-GWINNETT-ROMANCE-FRAUD-6P_00.01.36.20_1558478109395.png_7299415_ver1.0_640_360.jpg

အွန်လိုင်းမှာ ချစ်ကြိုက်ခဲ့တဲ့ အမျိုးသမီးကို ဒေါ်လာ ၈၀၀၀၀ လိမ်လည်ခဲ့သူ အဖမ်းခံရ

ဂျွန် မာတင် ဟေးလ် (John Martin Hill) ဟာ အမေရိကန် နိုင်ငံ၊ ဂျော်ဂျီယား ပြည်နယ်က အမျိုးသမီးတစ်ဦးနဲ့ အွန်လိုင်းမှာ တွေ့ခဲ့ပြီး တစ်ပတ်အကြာမှာ စေ့စပ်ခဲ့ပြီးတဲ့နောက် ဒေါ်လာ (၈၀၀၀၀) ကို လိမ်လည်သွားခဲ့တာပါ။…

60353003_1338884682929941_2314111465503588352_n-1.jpg

သွေးကင်ဆာပျောက်ကင်းအောင်ကုသနိုင်တဲ့ ကုထုံးသစ်တစ်မျိုးကို စမ်းသပ်တွေ့ရှိ

ဩစတြေးလျဆရာဝန်တစ်ဦးဖြစ်တဲ့ ဒေါက်တာ ကန် မစ်က်လက်သ်ဝိတ် (Ken Micklethwaite) နဲ့ သူ့အဖွဲ့သားတွေဟာ သွေးကင်ဆာကို ရာနှုန်းပြည့်နီးပါး ပျောက်ကင်းအောင်ကုသနိုင်တဲ့ ကုထုံးတစ်မျိုကို စမ်းသပ်အောင်မြင်ခဲ့ကြပါပြီ။ ခန္ဓာကိုယ်ရဲ့ခုခံအားစနစ်က ရှာဖွေဖျက်ဆီးဖို့မလွယ်တဲ့ကင်ဆာဆဲလ်တွေကို ရှာဖွေဖျက်ဆီးနိုင်ဖို့ ခုခံအားပြုပြင်ထားတဲ့ဆဲလ် (CAR T) ကို…

0fgjhs41c8mm3i5ja.b2637ec6.jpg

စိတ်ကျရောဂါကို အားကစားနဲ့ တွန်းလှန်ရင်း ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်မှုအရှိဆုံးအမျိုးသမီးဖြစ်လာခဲ့သူ

(၃၉) နှစ်အရွယ် ရှီတယ် ကိုတတ်ခ် (Sheetal Kotak) ဆိုတဲ့ ကလေးနှစ်ယောက်မိခင်က ကင်ညာမြို့ရဲ့နာမည်ကြီးကာလအလှမယ်တစ်ဦးဖြစ်ပါတယ်။ သူ ကာယအလှမယ်တစ်ဦးမဖြစ်ခင်က စိတ်ကျရောဂါကို အပြင်းအထန်ခံစားခဲ့ရပြီး ကိုယ်အလေးချိန်တွေလည်း တက်လာခဲ့တယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်ကျန်းမာကြံ့ခိုင်အောင် လုပ်တာက ရှီတယ်ရဲ့ဘဝကို အပြောင်းအလဲကြီး…

13701660-0-image-a-3_1558317679515.jpg

လမ်းဖြတ်ကူးဖို့အခက်ခဲဖြစ်နေတဲ့အဘိုးအိုကို ကူညီပေးခဲ့တဲ့ကလေး (၂) ဦး

အသက် (၁၃) နှစ်အရွယ်ကလေးတွေဖြစ်ကြတဲ့ ဘလိတ် အော်လက်စတန် (Blake Ockleston) နဲ့ ဒန်နီအယ် ကိုင်လီ စမစ် (Daniel Coyle-Smit) တို့ဟာ လမ်းဖြတ်ကူးဖို့ အခက်ခဲဖြစ်နေတဲ့အဘိုးအိုတစ်ဦးကို ကူညီခဲ့တာကြောင့် သူရဲကောင်းလေးတွေအဖြစ် ချီးကျုးခံနေရပါတယ်။ သူတို့နှစ်ဦးက…

melson-abc-ps-190510_hpMain_2_16x9_992.jpg

အရှူံးမပေးတတ်တဲ့စိတ်ဓာတ်ကြောင့် တက္ကသိုလ်ဘွဲ့ရခဲ့တဲ့ အိမ်ရာမဲ့ကျောင်းသူ

ရာရှမာ မယ်ဆို (Rashema Melso) ဆိုတဲ့ ကျောင်းသူအတွက်ကတော့ အခက်အခဲဆိုတာ ပခုံးဖက်ပေါင်းရတဲ့သူငယ်ချင်းလို ဖြစ်နေပါတယ်။ မယ်ဆိုက အမေရိကန်နိုင်ငံရဲ့မြို့တော် ဝါရှင်တန် ဒီစီက အိမ်ရာမဲ့တွေနေတဲ့ဂေဟာမှာ (၃) နှစ်ကြာ နေထိုင်ခဲ့ဖူးပါတယ်။ သူဟာ ပညာရေးကိုလိုက်စားခဲ့တဲ့အတွက် (၂၀၁၄)…

13542494-0-image-a-8_1557947426010.jpg

နားအေးပါးအေး ကားစီးချင်သူတွေအတွက် “တိတ်ဆိတ်မှုစနစ် – Quiet Mode” ကို မိတ်ဆက်လိုက်တဲ့ Uber

လူအများစုက အငှားယာဉ်တွေကို စီးတဲ့အခါမှာ ယာဉ်မောင်းနဲ့ စကားတွေအများကြီး ပြောစရာမလိုဘဲ ကားကို တိတ်ဆိတ်စွာနဲ့ စီးချင်ကြပါတယ်။ ဒါကို နားလည်တဲ့ အူဘာ (Uber) ကတော့ ခရီးသည်တွေကို ယာဉ်မောင်းနဲ့ စကားတွေ များများစားစား ပြောစရာမလိုဖို့အတွက် “တိတ်ဆိတ်မှုစနစ်…

original-20577-1507699088-3.png

ဖုန်းအားသွင်းကြိုးတစ်ချောင်းကြောင့် အသက်ဆုံးရှုံးသွားရတဲ့ နှစ်နှစ်သမီးလေး

တစ်ခါတစ်ရံမှာ “ဘာမှမဖြစ်လောက်ပါဘူး” လို့တွေးပြီး လစ်လျူရှုထားမိလိုက်တဲ့ကိစ္စမျိုးက ဆုံးရှုံးမှုကြီးကြီးမားမားတွေကို ဖြစ်လာစေနိုင်တယ်ဆိုတာ အခုဖြစ်ရပ်က သက်သေပြသွားတယ်လို့ ပြောရမှာပါပဲ။ အဖြစ်ကတော့ ဒီလိုပါ။ အိန္ဒိယနိုင်ငံက ရှီဗား (Shiver) လို့ခေါ်တဲ့ ကလေးမလေးတစ်ယောက်ဟာ ပြီးခဲ့တဲ့ သောကြာနေ့တုန်းကနယူးဒေလီမြို့နားက ဂျဟန်ဂျီရာဘတ်ဒ် (Jahangirabad)…

https___cdn.cnn_.com_cnnnext_dam_assets_190514183439-michael-watson-before-and-after.jpg

ကျောင်းသွား ကျောင်းပြန် ခြေလျင်လျှောက်ခဲ့လို့ ပေါင် (၁၀၀) ကျော် ကျသွားတဲ့ ဆယ်ကျော်သက်

လွန်ခဲ့တဲ့နှစ်နှစ်ကျော်က အရပ် (၆) ပေ (၄) လက်မရှိတဲ့ မိုက်ကယ် ဝက်တ်ဆန် (Michael Watson) ဆိုတဲ့ ဆယ်ကျော်သက်ကောင်လေးဟာ ကိုယ်အလေးချိန် ပေါင် (၃၃၅) ရှိခဲ့ပြီး သူ့ရဲ့ကိုယ်အလေးချိန်ကြောင့် မကြာခဏ အနိုင်ကျင့်ခံခဲ့ရတယ်လို့ ဆိုပါတယ်။…

safe_image.jpg

နယူးယောက်ခ်မြို့မှာ လမ်းလျှောက်ရင်းဖုန်းသုံးတဲ့သူတွေကိုဒဏ်ငွေရိုက်မဲ့ဥပဒေ ပြဌာန်းဖို့ပြင်ဆင်နေ

အမေရိကန်နိုင်ငံ၊ နယူးယောက်ခ်မြို့မှာတော့ လမ်းကူးစဉ် အီလက်ထရောနစ်ပစ္စည်းတွေ အသုံးပြုတာမျိုးကို တားမြစ်လိုက်ပြီဖြစ်ပြီး နယူးယောက်ခ်မြို့ရဲ့လမ်းမတွေပေါ်မှာ လမ်းလျှောက်ရင်း အီလက်ထရောနစ်ပစ္စည်းသုံးစွဲတဲ့သူတွေကို ဒေါ်လာ (၂၅၀) ဒဏ်ရိုက်မယ့်ဥပဒေကြမ်းတစ်ရပ်ကို ဥပဒေပြုရေးလွှတ်တော်မှာ တင်သွင်းနေပြီလို့ သိရပါတယ်။ အဲဒီအီလက်ထရောနစ်ပစ္စည်းတွေမှာ မိုဘိုင်းဖုန်း၊ လက်တော့ပ်၊ ဂိမ်းစက်တွေ ပါဝင်သလို…

d_mach_trafficrobot_1905080.10005637705.jpg

ရဲနဲ့ယာဉ်မောင်းအကြား ပြဿနာကိုဖြေရှင်းပေးမယ့် ရဲစက်ရုပ်

အမေရိကန်ပြည်မှာ မကြာခဏဖြစ်ပွားလေ့ရှိတဲ့ ရဲက ယာဉ်မောင်းသူတွေကို ရှောင်တခင်စစ်ဆေးရင်း ရဲနဲ့ယာဉ်မောင်းကြား ပစ်ခတ်တိုက်ခိုက်ကြတဲ့အဖြစ်ဆိုးတွေကို ကာကွယ်ဖြေရှင်းနိုင်ဖို့အတွက် ကယ်လီဖိုးနီးယားပြည်နယ်က စက်မှုအင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ ရူဘန်ဘရူဝာ (Reuben Brewer) ဟာ Gobetween Robot ဆိုတဲ့ ရဲစက်ရုပ်တစ်မျိုးကို တီထွင်ကြံဆခဲ့ပါတယ်။ အမေရိကန်ရဲ့ကားလမ်းမတွေပေါ်မှာ…