intll01.jpg

နယူးဆောက်ဝေးလ်ပြည်နယ် မီးသတ်တပ်ဖွဲ့ အတွက် သရုပ်ဆောင်တစ်ဦးက ၄၈ နာရီအတွင်း အလှူငွေ သန်း (၂၀) ရှာဖွေပေးနိုင်ခဲ့

တောမီးလောင်ကျွမ်းမှု အကြီးအကျယ် ရင်ဆိုင်နေရတဲ့ သြစတြေးလျနိုင်ငံ၊ နယူးဆောက်ဝေးလ်ပြည်နယ် မီးသတ်တပ်ဖွဲ့အတွက် ဟာသသရုပ်ဆောင် တစ်ယောက်က (၄၈)နာရီအတွင်း ရန်ပုံငွေ သြစတြေးလျဒေါ်လာ သန်း ၂၀(အမေရိကန်ဒေါ်လာ ၁၃ သန်း)ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့မှာ သြစတြေးလျ ဟာသသရုပ်ဆောင် ဆီလက်ဘာဘာ…

67522133_2499758823388356_4677929850244169728_n.jpg

မီးခိုးကျပ်ကင်ထားတဲ့ဆယ်မွန်ငါးအသားလွှာစားပြီးနောက် လူနှစ်ဦးသေဆုံး

သြစတြေးလျနိုင်ငံမှာ မီးခိုးကျပ်ကင်ထားတဲ့ဆယ်မွန်ငါးအသားလွှာစားပြီး ဘက်တီးရီးယားပိုးကူးစက်ခဲ့လို့ လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ Listeriosis လို့ အမည်ပေးထားတဲ့ ဘက်တီးရီးယားပိုးကူးစက်မှုမှာ အသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။ ဗစ်တိုးရီးယားပြည်နယ်၊ နယူးဆောက်ဝေးလ်ပြည်နယ်နဲ့ ကွင်းစ်လန်းပြည်နယ်တွေမှာ ဘက်တီးရီးယားပိုးကူးစက်မှုတွေဖြစ်ပွားခဲ့တာပါ။ သြစတြေးလျနိုင်ငံမှာ ဆယ်မွန်ငါးအများဆုံးထွက်တဲ့ တက်စ်မန်နီယာပြည်နယ်ကနေ ဘက်တီးရီးယားပိုး ကူးစက်မှုစတင်ခဲ့တာလို့ ဒေသခံမီဒီယာတွေကဖော်ပြပါတယ်။…

67313176_486983665391712_8624187978387816448_n.jpg

သောကြာနေ့ကစပြီး အစိုးရရဲ့ အပိုဆုကြေးငွေရရှိသွားတော့မယ့် သြစတြေးလျနိုင်ငံသားများ

သြစတြေးလျနိုင်ငံသားတွေဟာ အခွန်ဆောင်ထားတဲ့ငွေတွေထဲက အပိုဆုကြေးငွေအဖြစ် အစိုးရက ပြန်လည်ပေးအပ်မယ့်ငွေကို သောကြာနေ့ကစပြီး ရရှိခံစားသွားရမှာဖြစ်တယ်လို့ သြစတြေးလျနိုင်ငံ အစိုးရက တရားဝင် ကြေငြာသွားခဲ့ပါတယ်။ သောကြာနေ့ကစပြီး နိုင်ငံသားတွေရဲ့ ဘဏ်အကောင့်ထဲကို အစိုးရက ငွေဖြည့်ပေးသွားမှာဖြစ်ပြီး ဒေါ်လာ (၄၈,၀၀၀) ကနေ ဒေါ်လာ…

62484773_2427728860591353_2566537993548464128_n.jpg

မိုးပျံအငှားယာဉ်ဝန်ဆောင်မှုအတွက် သြစတြေးလျနိုင်ငံက ပထမဆုံးနိုင်ငံတကာဈေးကွက်ဖြစ်ဖို့ရှိ

သြစတြေးလျနိုင်ငံဟာ မိုးပျံအငှားယာဉ်(Uber Air) ဝန်ဆောင်မှုပေးနိုင်မယ့် ပထမဆုံးနိုင်ငံတကာဈေးကွက်ဖြစ်လာမယ်လို့ Uber ကုမ္ပဏီက ပြောပါတယ်။ Uber ကုမ္ပဏီဟာ မိုးပျံအငှားယာဉ် ဝန်ဆောင်မှုအတွက် စမ်းသပ်မှုလုပ်ဖို့ အမေရိကန်နိုင်ငံ ဒဲလက်စ်မြို့နဲ့ လော့စ်အိန်ဂျလိစ်မြို့၊ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့တွေကို ရွေးချယ်ထားပါတယ်။ ၂၀၂၀…

61385437_2391837204180519_295956794683949056_n.jpg

သြစတြေးလျရွေးကောက်ပွဲမှာ (၂) ခါပြန် လျော်ခဲ့ရတဲ့ လောင်းကစားကုမ္ပဏီ

သြစတြေးလျနိုင်ငံက လောင်းကစားကုမ္ပဏီတစ်ခုဟာ သြစတြေးလျရွေးကောက်ပွဲမှာ အတွက်မှားပြီး အလျော်အစားလုပ်ခဲ့လို့ ”မိအေး နှစ်ခါနာ”ဖြစ်ခဲ့ရပါတယ်။ Sportsbet ကုမ္ပဏီဟာ သြစတြေးလျနိုင်ငံ ရွေးကောက်ပွဲမှာ လေဘာပါတီ အနိုင်ရမယ်လို့ လောင်းခဲ့တဲ့သူတွေကို သြစတြေးလျဒေါ်လာ (၁) သန်းကျော် ပေးလျော်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က…

59836157_2368619443168962_7105185000730918912_n.jpg

ဘိုးဘွားနှစ်ဦးရဲ့နေအိမ်ကို ဒေါ်လာ (၇) သန်းတန်ကြေးရှိတဲ့ မူးယစ်ဆေးဝါးတွေ မှားယွင်းပေးပို့

သြစတြေးလျနိုင်ငံက ဘိုးဘွားနှစ်ဦးရဲ့ နေအိမ်ကို သြစတြေးလျဒေါ်လာ (၁၀) သန်း (အမေရိကန်ဒေါ်လာ ၇ သန်း) တန်ကြေးရှိတဲ့ မီသမ်ဖီတာမင်း ဆေးအမှုန့်တွေ မှားယွင်းပေးပို့မှု ဖြစ်ပွားခဲ့ပါတယ်။ အဖြူရောင်အမှုန့်တွေပါဝင်တဲ့ ပါဆယ်ထုပ် တွေ့ရှိခဲ့ပြီးနောက်မှာ ဒွိဟဖြစ်သွားတဲ့ ဘိုးဘွားမောင်နှံက ရဲကိုအကြောင်းကြားခဲ့ပါတယ်။…

59295028_2356810704349836_2683496859325956096_n.jpg

သြစတြေးလျနိုင်ငံမှာ မျက်လုံး (၃) လုံးပါတဲ့ မြွေတစ်ကောင်တွေ့ရှိ

သြစတြေးလျနိုင်ငံမြောက်ပိုင်းက အဝေးပြေးလမ်းပေါ်မှာ မျက်လုံးသုံးလုံးပါတဲ့ မြွေတစ်ကောင် တွေ့ရှိခဲ့တယ်လို့ သားရဲတိရစ္ဆာန်အာဏာပိုင်အဖွဲ့က ဓာတ်ပုံနဲ့တကွ ဖော်ပြခဲ့ပါတယ်။