မေဝယ်သာက တရုတ်အိုလံပစ်လက်ဝှေ့အဖွဲ့ရဲ့ အထူးအကြံပေးအဖြစ်တာဝန်ယူ
လက်ဝှေ့လောကကနေအနားယူခဲ့တဲ့ အမေရိကန်လက်ဝှေ့သမား မေဝယ်သာက တရုတ်နိုင်ငံ အိုလံပစ်လက်ဝှေ့အဖွဲ့ရဲ့ အထူးအကြံပေးပုဂ္ဂိုလ်အဖြစ်ဆောင်ရွက်ဖို့ သဘောတူညီခဲ့တယ်လို့ တရုတ်လက်ဝှေ့အဖွဲ့ချုပ်က ပြောပါတယ်။ အသက် (၄၂) နှစ်အရွယ်ရှိပြီး ဝိတ်တန်း(၅) တန်းမှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့တဲ့ မေဝယ်သာဟာ ၂၀၂၀ ပြည့်နှစ် တိုကျိုအိုလံပစ်ပြိုင်ပွဲအတွက်ပြင်ဆင်နေတဲ့ တရုတ်လက်ဝှေ့အဖွဲ့ကို…