မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ယနေ့နံနက်တွင်ထုတ်ပြန်သည့် ဆိုင်ကလုန်းမုန်တိုင်းသတင်း
မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာတို့တွင်ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း (Cyclonic Storm) “ဖန်နီ” (FANI) ၏အခြေအနေများကို ယနေ့နံနက်တွင် ထုတ်ပြန်ဖော်ပြလိုက်ပါသည်။

