ဝက်ဝံကြီးနဲ့ သူငယ်ချင်းနှစ်ယောက်

42576330_588481814900340_7532546152332263424_n.jpg

တစ်ခါက ရွာတစ်ရွာမှာ ဂျွန်နဲ့ စတီဖင် အမည်ရှိတဲ့ သူငယ်ချင်းနှစ်ယောက်ရှိကြတယ်။ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ဟာ အလုပ်ကိစ္စတစ်ခုကြောင့် မြို့ပေါ်ကိုသွားဖို့ အကြောင်းအရင်းတစ်ခုပေါ်လာပါတယ်။

မြို့ကိုသွားတဲ့လမ်းတစ်လျှောက်မှာ တောအုပ်တစ်ခုကို ဖြတ်ရမှာဖြစ်တာကြောင့် သူငယ်ချင်းနှစ်ယောက်ဟာ အခုလိုပဲ ကတိသစ္စာပြုခဲ့ကြပါတယ်။ “သူငယ်ချင်း…အခုဒီတောအုပ်က တောကောင်ကြီးတွေပေါပြီး အန္တရာယ်များတာ မင်းရောငါရော သိကြတယ်နော်။ အခုမလွှဲမရှောင်သာ ကျော်ဖြတ်ရတော့မယ်။ တောထဲမှာဘယ်လိုပဲ ဘေးအန္တရာယ်တွေနဲ့ပဲကြုံကြုံ တစ်ယောက်ကိုတစ်ယောက် ပစ်ပယ်မထားဘဲ နှစ်ယောက်အတူရင်ဆိုင်ကြရအောင်” ဆိုပြီး သဘောတူညီမှုထားခဲ့ကြပါတယ်။

တဖြည်းဖြည်းနဲ့ တောနက်ထဲရောက်လာပြီး တစ်နေရာအရောက်မှာတော့ ဝက်ဝံကြီးတစ်ကောင်က သူတို့ဆီကို တန်းတန်းမတ်မတ်လာနေတာကို တွေ့လိုက်ရပါတယ်။ အဲဒီအခါမှာ နှစ်ဦးစလုံး ဘာလုပ်ရမှန်းမသိအောင် ကြောက်လန့်သွားခဲ့ပါတယ်။ နောက်တော့ စတီဖင်က ကြောက်အားလန့်အားနဲ့ အနီးနားမှာရှိတဲ့ သစ်ပင်ပေါ်ကို ကုတ်တက်သွားခဲ့ပါတယ်။ ဂျွန်ကတော့ သစ်ပင်လည်း မတက်တက်တာကြောင့် ကြောက်လန့်ပြီး ဘာလုပ်လို့လုပ်ရမှန်းမသိဖြစ်နေတုန်း တောရိုင်းတိရစ္ဆာန်တွေက လူသေကောင်တွေဆိုရင် ဘာမှမလုပ်ကြတဲ့အကြောင်း ကြားဖူးနားဝရှိတဲ့ အကြောင်းအရာလေးတစ်ခုကို စဉ်းစားမိလိုက်ပါတယ်။ အဲဒါကြောင့် ချက်ချင်းပဲ မြေကြီးပေါ်ကို လှဲချလိုက်ပြီး အသက်မရှိယောင်ဆောင်နေလိုက်ပါတယ်။ ဝက်ဝံကြီးရောက်ရှိလာတဲ့အခါမှာတော့ အသက်မရှိယောင်ဆောင်နေတဲ့ ဂျွန်ရဲ့ ဦးခေါင်း၊ နှာခေါင်း၊ နားရွက်တို့ကို နမ်းရှုံပြီး အသက်မရှိဘူးဟု ယူဆကာ ပြန်ထွက်သွားပါတယ်။

ဝက်ဝံကြီး တော်တော်လှမ်းလှမ်းရောက်တဲ့အခါ သစ်ပင်ပေါ်တက်ပုန်းနေတဲ့ စတီဖင်က သစ်ပင်ပေါ်က ဆင်းလာပြီး ” တော်သေးတာပေါ့ ဂျွန်ရာ ငါမင်းကို စိုးရိမ်လိုက်ရတာ၊ ဝက်ဝံကြီး မင်းနားကို ကပ်ပြီးဘာပြောသွားတာလဲ” လို့မေးလိုက်ပါတယ်။ အဲဒီအခါ ဂျွန်က ” အေး ဝက်ဝံကြီး တိုးတိုးလေးပြောသွားတာ မင်းသိချင်တယ်ဆိုရင်တော့ ငါပြောပြပါ့မယ်။ ဘာလဲဆိုတော့ မင်းလိုမျိုး တစ်ကိုယ်ကောင်းဆန်ပြီး သစ္စာမရှိတဲ့ သူငယ်ချင်းကို ဆက်ပြီးမပေါင်းနဲ့တော့လို့ ငါ့ကိုသတိပေးသွားတာပဲ” လို့ ပြန်ပြောခဲ့ပါတယ်။

ဒီအကြောင်းအရာလေးကနေ သူငယ်ချင်းမိတ်ဆွေ ပေါင်းသင်းဆက်ဆံတဲ့အခါ မိမိအကျိုးတစ်ခုထဲကိုသာကြည့်တတ်ပြီး သစ္စာမရှိတတ်တဲ့ မိတ်ဆွေအတုအေယာငေ်တွကို အတတ်နိုင်ဆုံး သတိထား ရှောင်ကြဉ်တတ်စေဖို့နဲ့ အသက်ကို ဥာဏ်စောင့်တယ်ဆိုတဲ့အတိုင်း အခက်အခဲတစ်စုံတစ်ရာကြုံလာတဲ့အခါ ကြောက်ရွံ့မနေဘဲ စဉ်းစားချင့်ချိန်ခြင်းဖြင့် အသက်ချမ်းသာရရနိုငေ်ကြာင်းကို သင်ခန်းစာရရှိစေပါတယ်။

Ref: “The Bear and the Boys”

Paradise (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top