ကမ္ဘာပြားကြောင်း သက်သေပြမည်ဟုဆိုကာ ရန်ပုံငွေ အလှူခံနေတဲ့ ရက်ပါအဆိုတော် BOB

flat-earth.jpg

အသက် ၂၈ နှစ်ရှိနေပြီဖြစ်တဲ့ အမေရိကန်ရက်ပါအဆိုတော် BOB ကတော့ ကမ္ဘာကြီးပြားကြောင်း သက်သေပြရန် ဂြိုဟ်တု လွှတ်တင်မည်ဟုဆိုကာ ပြည်သူများထံမှ ရန်ပုံငွေ အလှူကောက်ခံနေပါတယ်။ နာမည်ရင်း ဘော်ဘီ ရေးဆင်မွန် ဂျုနီယာ (Bobby Ray Simmons Jr) ဖြစ်တဲ့ BOB ဟာ ကမ္ဘာကြီးပြားတယ်ဆိုတဲ့ အယူအဆကို အရင်ကတည်းက ထောက်ခံခဲ့သူဖြစ်ပြီး ကမ္ဘာကြီးဟာ အချပ်ပြားဝိုင်း ပုံစံရှိတယ်လို့ပြောဆိုခဲ့သူ ဖြစ်ပါတယ်။

ကမ္ဘာကြီးပြားကြောင်း ယုံကြည်သူတွေထဲမှာ BOB တစ်ယောက်ထဲသာ မဟုတ်ဘဲ ကမ္ဘာကြီးပြားကြောင်း ယုံကြည်ကြတဲ့လူများက ကမ္ဘာကြီးရဲ့ အစွန်းမှာ လူတွေကျသွားမှာ စိုးတဲ့အတွက် NASA မှ နံရံတွေ ဆောက်ထားကြောင်းပြောဆိုကြပါတယ်။

GoFundMe ဆိုတဲ့ ရန်ပုံငွေရှာတဲ့ Website မှတဆင့် ဒေါ်လာ ၂ သိန်း (မြန်မာငွေ သိန်း ၂၇၀၀ ကျော်) ရဖို့အတွက် BOB က မျှော်လင့်ထားပြီး သူကိုယ်တိုင်ကတော့ ဒေါ်လာ ၆၅၀ ခန့် မတည်ထားတယ်လို့သိရပါတယ်။ ဒီလှုပ်ရှားမှုဟာ လက်ရှိအချိန် အမေရိကန်မှာ လူသိများလျက် ရှိပါတယ်။

“ကျွန်တော် ဒီ GoFundMe Website လေးကို လုပ်ရတဲ့အကြောင်းရင်းကတော့ ကမ္ဘာကြီးပြားကြောင်း သက်သေပြဖို့အတွက် အာကာသထဲကို ဂြိုဟ်တုတွေ လွှတ်တင်ဖို့ပါ။ လွှတ်တင်ပြီးတာနဲ့ အာကာသထဲကို သွားနိုင်သလောက်သွားပြီး ကမ္ဘာအစွန်းက အကွေးကို ရှာကြမှာပါ။ ”လို့ BOB က ဗီဒီယိုတစ်ခုထဲမှာ ပြောဆိုခဲ့ပါတယ်။

BOB ပြောသွားတာ ကမ္ဘာ့အကွေးဆိုတာ ကမ္ဘာပြားကြောင်းဆိုကြသူတွေရဲ့ သီအိုရီဖြစ်ပြီး ယုံကြည်သူတွေကလည်း ကမ္ဘာကြီးလုံးတယ်ဆိုတာထက် ကမ္ဘာကြီးက ပြားနေကြောင်းယုံကြည်ကြပြီး ကမ္ဘာအစွန်းက အကွေးလေးကို မျက်စိနဲ့ကြည့်ရင်တောင် မြင်ရနိုင်တယ်လို့ဆိုကြပါတယ်။ ကမ္ဘာလုံးကြောင်း သံသယဖြစ်နေတဲ့ BOB တစ်ယောက် သူ့ရဲ့ သံသယကို ထုတ်ဖော်ပြောတာ ဒီတစ်ကြိမ်က ပထမဆုံးမဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်ကလည်း BOB ဟာ နာမည်ကြီး ရူပနက္ခတ္တဗေဒ ပညာရှင်ဖြစ်တဲ့ နေးလ် ဒီဂရေး တိုင်ဆန် (Neil DeGrasse Tyson)နဲ့လည်း Twitter မှာ အငြင်းအခုန် ဖြစ်ခဲ့ကြပါသေးတယ်။

https://twitter.com/bobatl/status/691411463051804676/photo/1

အရင်တုန်းက “ဒီနောက်ခံ ဓာတ်ပုံထဲက မြို့ကြီးအကျယ်က ၁၆ မိုင်လောက်ကျယ်ပါတယ်။ ဒါတောင် နည်းနည်းလေးတောင် မကွေးသွားဘူး။ ကျွန်တော်ကို ဒါလေးရှင်းပြကြပါ ”လို့ BOB တစ်ယောက် Twitter မှာတင်ခဲ့ပါသေးတယ်။

BOB ရဲ့ ရန်ပုံငွေ လှုပ်ရှားမှုထဲကိုလည်း လှူဒါန်းသူတွေ အများအပြားရှိနေပြီး ဒေါ်လာ ၂၀ လှူသွားတဲ့ တစ်ယောက်ဆို  “မင်းသေချာသိရင် ငါတို့ကိုလည်း ပြန်ပြောပြပါဦး။ ကမ္ဘာကြီးက ပြားနေတာမို့ ကွေးတယ်ဆိုတာ မရှိဖူးလို့ ကျွန်တော် သူငယ်ချင်းတွေကို ပြန်ပြောပြချင်လို့ပါ ” လို့ရေးခဲ့ပါတယ်။

တခြားသော လှူဒါန်းသူတွေကတော့ ပိုပြတ်သားပါတယ်။ “ရော့ ဒီမှာ ၅ ဒေါ်လာကို မင်းမှားကြောင်း ပြဖို့အတွက် လှူလိုက်မယ် ” လို့ရေးသားခဲ့ပါတယ်။

မှတ်ချက် = ကမ္ဘာကြီးသည် မပြားပါ။

Ref : BBC News : Rapper B.o.B. raising funds to check if Earth is flat

လူမို (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top