လေယာဉ်တစ်စီးထဲ အတူပျံသန်းခဲ့ကြတဲ့ လေယာဉ်မှူး သားအမိ

3-8-2022-yyl05.jpg

လေယာဉ်တစ်စီးထဲ အတူပျံသန်းခဲ့ကြတဲ့ လေယာဉ်မှူး သားအမိ

ဟိုလီပီတစ်နဲ့ ကီလီပီတစ်တို့ သားအမိက Southwest လေကြောင်းလိုင်းရဲ့ လေယာဉ်မှူးတွေပါ။ ပြီးခဲ့တဲ့ ဇူလိုင်လ ၂၃ ရက်မှာတော့ ဒန်ဗာမြို့ကနေ စိန့်လူးဝစ်မြို့ကို ပျံသန်းခဲ့တဲ့ လေကြောင်းအမှတ် 3658 လေယာဉ်ကို အတူတကွ မောင်းခဲ့ကြတာပါ။

Southwest လေကြောင်းလိုင်းမှာ လေယာဉ်မှူးအဖြစ် အတူပျံသန်းကြတဲ့ ပထမဆုံး သားအမိအဖြစ် မှတ်တမ်းဝင်

လေယာဉ်မယ်တစ်ဦးဖြစ်တဲ့ ဟိုလီဟာ ကလေး ၃ ယောက်ကို ထိန်းကျောင်းရင်း လေယာဉ်မှူးဖြစ်လာအောင် ကြိုးစားခဲ့သူပါ။ သူ့သမီး ကီလီကလည်း အသက် ၁၄ နှစ်အရွယ်ကတည်းက သူ့အမေကို အားကျလို့ လေယာဉ်မှူးအလုပ်ကို ရွေးချယ်ခဲ့သူပါ။

လေယာဉ်တစ်စီးထဲ အတူပျံသန်းခဲ့ကြတဲ့ လေယာဉ်မှူး သားအမိ

ကီလီဟာ ၂၀၁၇ ခုနှစ်ကစလို့ Southwest လေကြောင်းလိုင်းမှာ အလုပ်သင်ဝင်လုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာတော့ လေယာဉ်မှူးလိုင်စင် ရခဲ့တာပါ။ သူတို့သားအမိဟာ Southwest လေကြောင်းလိုင်းမှာ လေယာဉ်မှူးအဖြစ် အတူပျံသန်းကြတဲ့ ပထမဆုံး သားအမိအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

Ref: Mother And Daughter Pilots Make History For Southwest Airlines

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top