30-5-2022-yyl-21.jpg

အဘွားအိုယောင်ဆောင်ထားသူက မိုနာလီဆာပန်းချီကားကို ကိတ်မုန့်နဲ့သုတ်လိမ်း

ဘီးတပ်ကုလားထိုင်ပေါ်ထိုင်ပြီး အဘွားအိုဟန်ဆောင်ထားတဲ့ အမျိုးသားတစ်ယောက်က ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့၊ လုဗ်ပြတိုက်မှာ ပြသထားတဲ့ မိုနာလီဆာပန်းချီကားကို ကိတ်မုန့်နဲ့သုတ်လိမ်းခဲ့ပါတယ်။ ဆံပင်တုစွပ်ပြီး နှုတ်ခမ်းနီဆိုးထားတဲ့ အဲဒီအမျိုးသားဟာ ဘီးတပ်ကုလားထိုင်ပေါ်ကနေ ပြေးဆင်းလာပြီး လီယိုနာဒိုဒါဗင်ချီရဲ့မိုနာလီဆာပန်းချီကားကို လက်သီးနဲ့ ပြေးထိုးခဲ့တာပါ။ ဒါပေမဲ့ ပန်းချီကားကို ကျည်ကာမှန်နဲ့…

30-5-2022-yyl-20.jpg

အငှားယာဉ်မောင်းဘဝမှ မေ့မရနိုင်စရာဖြစ်ရပ်တစ်ခု

လွန်ခဲ့တဲ့ နှစ် ၂၀ က စားဝတ်နေရေးအရ အငှားကားမောင်းရတုန်းကပေါ့။ တစ်ခါသားမှာ ညဉ့်သန်းခေါင်အချိန်ကြီး အော်ဒါရလို့ ခရီးသည် သွားကြိုရတယ်။ အောက်ထပ်ပြတင်းပေါက်မှာ မှိန်ပျပျ မီးတစ်ပွင့်ဖွင့်ထားတာကလွဲပြီး တစ်တိုက်လုံး အမှောင်ကျလို့။ ဒီလိုမျိုးဆိုရင် ကားသမား တော်တော်များများက ဟွန်းတီးပြီး…

30-5-2022-yyl-15.jpg

ဗီယက်နမ် မှန်တံတားက ကမ္ဘာ့အရှည်ဆုံးမှန်တံတားအဖြစ် ဂင်းနက်စ်စံချိန်တင်

ဗီယက်နမ်နိုင်ငံမှာ ဖွင့်လှစ်ခဲ့တဲ့ မှန်တံတားကတော့ ကမ္ဘာ့အရှည်ဆုံး မှန်တံတားအဖြစ် ဂင်းနက်စ်စံချိန် တင်နိုင်ခဲ့ပါတယ်။ အရင်က ကမ္ဘာ့အရှည်ဆုံး မှန်ကြမ်းခင်းတံတားဟာ တရုတ်နိုင်ငံ ကွမ်တုံပြည်နယ်မှာရှိပြီး ၁၇၂၆ ပေ ရှည်လျားပါတယ်။ ဗီယက်နမ်နိုင်ငံ အနောက်မြောက်ပိုင်း ဆောင်လပြည်နယ်မှာရှိတဲ့ Bach Long…

30-5-2022-yyl-14.jpg

၅ မိနစ်လောက်ပါပဲ အဖေ

နေခြည်နွေးထွေးတဲ့ ဆောင်းနံနက်ခင်းတစ်ခု။ ရောဘတ်က လုပ်စရာတွေ တန်းစီနေပေမဲ့ ၅ နှစ်အရွယ် သမီးငယ် ကလော်ဒီယာက ကစားချင်တယ်ဆိုလို့ ပန်းခြံထဲကို လိုက်ပို့ရင်း သမီးလေး ကစားတာကို ထိုင်ကြည့်နေတယ်။ နာရီဝက်လောက်ကြာတော့ ရောဘတ် ထိုင်နေတဲ့နားကို အမျိုးသမီးတစ်ယောက် ရောက်လာပြီး…

30-5-2022-yyl-04.jpg

မွေးရာပါ ပြုံးယောင်သန်းနေတဲ့ သွင်ပြင်ကြောင့် TikTok Star ဖြစ်လာတဲ့ကလေး

” ခွဲမွေးရတာ မလွယ်ဘူးလေ။ ခွဲမွေးရလို့ စိတ်လှုပ်ရှားနေရချိန်မှာ မွေးမွေးပြီးချင်း ဆရာဝန်တွေက သမီးလေးကို လာပြတယ်။ ကလေးသေးသေးလေးဆိုတော့ ပါးစပ်ပုံသဏ္ဍာန်က ပိုထင်ရှားနေတာပေါ့။ ကျွန်မတို့လင်မယား ၂ ယောက်လုံး ထိတ်ခနဲ ဖြစ်သွားတယ်။ ဒီလိုမျိုး မကြုံဖူးဘူးလေ။ macrostomia…

30-5-2022-yyl-01.jpg

မွေးနေ့ပါတီပွဲမှာ သေနတ်နဲ့ဝင်ပစ်သူကို ဖြတ်သွားဖြတ်လာအမျိုးသမီးက ပစ်ခတ်တားဆီးပေးခဲ့

မွေးနေ့ပါတီပွဲ ဆင်နွှဲနေသူတွေကို သေနတ်သမားက မောင်းပြန်သေနတ်နဲ့ ဝင်ပစ်နေတုန်း သေနတ်အသင့်ပါတဲ့ လမ်းသွားလမ်းလာ အမျိုးသမီးက သေနတ်သမားကို အသေပစ်ခတ် တားဆီးပေးနိုင်ခဲ့ပါတယ်။ အဲဒီအမျိုးသမီးက တဒင်္ဂအတွင်း တုံ့ပြန်လှုပ်ရှားခဲ့လို့သာ လူ့အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့တာလို့ ရဲတပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ တိုနီဟာဇလက်က ပြောပါတယ်။ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့…

26-5-2022-yyl-50.jpg

စင်ကာပူကထုတ်တဲ့ ဆီးဘီယာ

စင်ကာပူနိုင်ငံရဲ့ ရေပံ့ပိုးရေးအေဂျင်စီက မိလ္လာစနစ်ကနေ စစ်ထုတ်ထားတဲ့ရေကို အဆင့်ဆင့် ပြန်လည်သန့်စင်ပြီး NewBrew အမှတ်တံဆိပ် ဆီးဘီယာ ထုတ်လုပ်ခဲ့ပါတယ်။ ဘီယာဟာ ရေနဲ့ လက်ဘက်ရည်ပြီးရင် ကမ္ဘာပေါ်မှာ တတိယမြောက် သောက်သုံးမှုအများဆုံးဖြစ်ပြီး ဘီယာချက်ဖို့ အသုံးပြုတဲ့ ပါဝင်ပစ္စည်း ၉၀…

26-5-2022-yyl-44.jpg

ပိုကောင်းတဲ့ကမ္ဘာကြီး ဖြစ်လာစေဖို့ 3D Printing နည်းပညာနဲ့ စာသင်ကျောင်းတွေ ဆောက်ပေးနေတဲ့ ၂၂ နှစ်သမီး

” ကူးစက်ရောဂါတွေကအစ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးအဆုံး ဒီကနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဖြေရှင်းပေးနိုင်မယ့် အဓိကဇစ်မြစ်ကတော့ ပညာရေးပါပဲ” . . .။ 3D Printing နည်းပညာအသုံးပြုပြီး စာသင်ကျောင်းတွေ ဆောက်လုပ်ပေးနေတဲ့ Thinking…

26-5-2022-yyl-35.jpg

ရော့ဘ်မူလတန်းကျောင်းက သူရဲကောင်းဆရာမရဲ့ခင်ပွန်း ရင်ကွဲနာကျ ကွယ်လွန်

တက္ကဆက်ပြည်နယ် မူလတန်းကျောင်း ပစ်ခတ်မှုမှာ ဆရာမ အာမာဂါစီယာက သူရဲကောင်းဆန်ဆန် အသက်စွန့်ခဲ့ပြီးနောက် ၂ ရက်အကြာမှာပဲ ဆရာမရဲ့ခင်ပွန်းဖြစ်သူ ဂျိုးဂါစီယာဟာ နှလုံးဖောက်ပြီး ကွယ်လွန်သွားခဲ့ပါတယ်။ ရော့ဘ်မူလတန်းကျောင်းထဲကို သေနတ်သမား ဝင်ရောက်ပစ်ခတ်ချိန်မှာ ဆရာမ အာမာဂါစီယာက ကျောင်းသား/သူတွေကို လူသားဒိုင်းအဖြစ်…

26-5-2022-yyl-13.jpg

မြင့်မြင့်မားမား ပျံသန်းဖို့ဆိုရင်

ရှေးသရောအခါက ဘုရင်ကြီးတစ်ပါးဟာ သိမ်းငှက်သားပေါက် ၂ ကောင် လက်ဆောင်ရပါသတဲ့။ ဘုရင်ကြီးကလည်း ဒီလောက်အသွေးအမွေးလှတဲ့ သိမ်းငှက်မျိုး မမြင်ဖူးလို့ ဒီလက်ဆောင်ကို သိပ်သဘောကျနေပြီး ဝါရင့်အထိန်းတော်ကို ခေါ်စေပြီး သိမ်းငှက်ပေါက် ၂ ကောင်ကို စောင့်ရှောက်ခိုင်းထားတယ်။ သိမ်းငှက် ၂…