လူသားမျိုးစိတ်ရဲ့ ဆင့်ကဲပြောင်းလဲမှုကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့ ဆွီဒင်မျိုးဗီဇပညာရှင် ဆေးပညာနိုဘယ်ဆု ဆွတ်ခူး
လူသားမျိုးစိတ်ရဲ့ ဆင့်ကဲပြောင်းလဲမှုတွေကို ရှာဖွေဖော်ထုတ်နိုင်ခဲ့တဲ့ ဆွီဒင်မျိုးဗီဇပညာရှင် ဆဗန်တေးပါဘိုဟာ ဒီနှစ်အတွက် ဆေးပညာနိုဘယ်ဆု ဆွတ်ခူးရရှိခဲ့ပါတယ်။ ပါဘိုဟာ မျက်မှောက်ခေတ် လူသားမျိုးစိတ်တွေနဲ့ အနီးစပ်ဆုံး မျိုးစိတ်တွေဖြစ်တဲ့ Neanderthals နဲ့ Denisovans တို့ကြား မျိုးဗီဇအစုအဝေးကို နှိုင်းယှဉ်တဲ့ သုတေသနကို…

