6-4-2022-yyl-32.jpg

ဆာရီကို အလံလွှင့်ပြီး ရထားပေါ်လူရာချီကို အသက်ကယ်နိုင်ခဲ့သူ

သတ္တိကောင်းတဲ့ အမျိုးသမီးတစ်ဦးဟာ ရထားလမ်း ပြတ်နေတာကို သတိထားမိပြီးနောက် အနီရောင်ဆာရီကို အလံလွှင့်ပြီး ရထားပေါ်က လူရာပေါင်းများစွာရဲ့ အသက်ကို ကယ်တင်ပေးနိုင်ခဲ့ပါတယ်။ အိန္ဒိယနိုင်ငံမြောက်ပိုင်း ဥတ္တာပရာဒက်ရှ်ပြည်နယ်မှာ နေထိုင်တဲ့ ဥမ္မာဝတီဒေဝီဟာ အလုပ်သွားဖို့ ရထားလမ်းပေါ်ဖြတ်နေချိန်မှာ ရထားလမ်း ပြတ်နေတာကို သတိပြုမိခဲ့ပါတယ်။…

4-4-2022-yyl-26.jpg

၂.၈၉ ဘီလျံတန်ဖိုးရှိတဲ့ တွစ်တာရှယ်ယာ ၉ ရာခိုင်နှုန်းကို အီလွန်မက်စ် ဝယ်ယူ

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် အီလွန်မက်စ်က တွစ်တာရဲ့ ရှယ်ယာ ၉.၂ ရာခိုင်နှုန်းကို ဝယ်ယူလိုက်တယ်လို့ အမေရိကန်နိုင်ငံ ငွေချေးသက်သေခံလုပ်ငန်း ကြီးကြပ်ရေးကော်မရှင် (Securities and Exchange Commission) ရဲ့ တင်ပြချက်မှာ ဖော်ပြပါတယ်။ Tesla ကုမ္ပဏီကို တည်ထောင်သူ…

4-4-2022-yyl-27.jpg

Epic Games က Xbox နဲ့ ပူးပေါင်းပြီး ယူကရိန်းအတွက် ရန်ပုံငွေ ၁၄၄ သန်း ရှာဖွေပေးနိုင်ခဲ့

ယူကရိန်းနိုင်ငံအတွက် လူသားချင်းစာနာမှု အထောက်အပံ့ပေးနိုင်ဖို့ Xbox နဲ့ ပူးပေါင်းပြီး ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၁၄၄ သန်း ရှာဖွေနိုင်ခဲ့တယ်လို့ Epic Games ကုမ္ပဏီက ပြောပါတယ်။ Fortnite အွန်လိုင်းဂိမ်းကို ဖန်တီးခဲ့တဲ့ Epic Games…

4-4-2022-yyl-23.jpg

ဆုကြေးငွေအားလုံးကို ကျောင်းသားတွေအတွက် လှူဒါန်းပေးခဲ့တဲ့ နိုဘယ်ဆုရှင်

ဓာတုဗေဒ နိုဘယ်ဆု ဆွတ်ခူးခဲ့တဲ့ ပါမောက္ခတစ်ဦးဟာ ဆုကြေးငွေအားလုံးကို ကျောင်းသားတွေအတွက် လှူဒါန်းပေးခဲ့ပါတယ်။ စကော့တလန်နိုင်ငံသား ပါမောက္ခ ဒေးဗစ်မက်မီလန်ဟာ ပါမောက္ခလစ်နဲ့ ပူးပေါင်းပြီး တစ်ခုနဲ့တစ်ခု ကြေးမှုံပြင်လို ရောင်ပြန်ဟပ်စေမယ့် မော်လီကျူးတွေကို တည်ဆောက်နိုင်ခဲ့တာပါ။ သူတို့ဖန်တီးခဲ့တဲ့အရာဟာ ဆေးဝါးသစ်တွေ ရှာဖွေဖို့၊…

4-4-2022-yyl-22.jpg

ဆန္ဒပြပွဲတွေ ဖြစ်ပွားနေတဲ့ သီရိလင်္ကာနိုင်ငံမှာ အစိုးရဝန်ကြီးတစ်ဖွဲ့လုံး ရာထူးမှ နုတ်ထွက်

လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံး စီးပွားရေးအကျပ်အတည်း ကြုံတွေ့ချိန်မှာ အစိုးရရဲ့ကိုင်တွယ်ဖြေရှင်းမှုအပေါ် ဆန့်ကျင်ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီးနောက် သီရိလင်္ကာအစိုးရဝန်ကြီးတစ်ဖွဲ့လုံး ရာထူးက နုတ်ထွက်သွားခဲ့ပါတယ်။ အစိုးရဝန်ကြီး ၂၆ ယောက်လုံး နုတ်ထွက်စာတင်ခဲ့ပေမဲ့ ဝန်ကြီးချုပ် မာဟင်ဒါရာဂျာပါဆာနဲ့ သူ့ရဲ့ညီဖြစ်သူ သမ္မတ ဂိုတာဘာယာရာဂျာပါဆာတို့ နုတ်ထွက်ခဲ့ခြင်း…

4-4-2022-yyl-15.jpg

အာဖဂန်နစ္စတန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်တယ်လို့ တာလီဘန်အဖွဲ့ ကြေညာ

ကမ္ဘာ့ဘိန်းအများဆုံး ထွက်ရှိတဲ့ အာဖဂန်နစ္စတန်နိုင်ငံမှာ ဘိန်းစိုက်ပျိုးမှု ပိတ်ပင်တယ်လို့ တာလီဘန်အဖွဲ့က ကြေညာခဲ့ပါတယ်။ အာဖဂန်နစ္စတန် အစ္စလာမ်နိုင်ငံတော် ထိပ်တန်းခေါင်းဆောင်ရဲ့ ညွှန်ကြားချက်အရ နိုင်ငံတစ်ဝန်းမှာ ဘိန်းစိုက်ပျိုးမှုကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားပြီး ချိုးဖောက်သူအနေနဲ့ ဘိန်းစိုက်ခင်း ချက်ချင်းဖျက်စီးခံရမှု၊ ရှီယာဥပဒေအရ အရေးယူခံရမှုတွေ…

2-4-2022-yyl08.jpg

လျှပ်စစ်ကားတွေကို ၉ စက္ကန့်တည်းနဲ့ အားအပြည့်သွင်းပေးနိုင်မယ့် နည်းပညာသစ်

လျှပ်စစ်ကားတွေကို ၉ စက္ကန့်တည်းနဲ့ အားအပြည့်သွင်းပေးနိုင်မယ့် နည်းပညာသစ်ကို တောင်ကိုရီးယားသိပ္ပံပညာရှင်တွေက သက်သေပြလိုက်ပါပြီ။ ကွမ်တန်ရူပဗေဒနိယာမိတွေကို အသုံးပြုထားတဲ့ ကိရိယာသစ်ဟာ ဘက်ထရီရဲ့ဆဲလ်တွေကို တစ်ခုချင်းစီ အားသွင်းပေးတာမျိုးမဟုတ်ဘဲ ဆဲလ်အားလုံးကို တစ်ပြိုင်နက် အားသွင်းပေးမှာဖြစ်လို့ လျှပ်စစ်ကား အားသွင်းချိန်ဟာ ကားဆီဖြည့်သလောက်ပဲ ကြာမြင့်တော့မှာပါ။…

2-4-2022-yyl07.jpg

သီရိလင်္ကာနိုင်ငံမှာ ညမထွက်ရအမိန့်ထုတ်ပြန်ပြီး လူမှုကွန်ရက်တွေ ပိတ်ပင်ထား

အစားအစာနဲ့ လောင်စာဆီ ရှားပါးပြတ်လတ်မှုကြောင့် ဆန္ဒပြပွဲတွေ ဖြစ်ပေါ်ခဲ့ပြီးနောက်မှာ သီရိလင်္ကာအစိုးရက လူမှုကွန်ရက် အသုံးပြုခွင့် ပိတ်ပင်ထားပြီး ၃၆ နာရီကြာ ညမထွက်ရအမိန့် ကြေညာထားပါတယ်။ အာဏာပိုင်တွေရဲ့ ခွင့်ပြုချက် မရဘဲ အများပြည်သူဆိုင်ရာ လမ်းတွေ၊ ပန်းခြံတွေ၊ ရထားတွေ၊…

2-4-2022-yyl06.jpg

အရန်ရေနံထဲက စည်သန်း ၁၈၀ အထိ ထုတ်ရောင်းမယ့် အမေရိကန်ရဲ့ကြေညာချက်ကြောင့် ရေနံဈေးကျဆင်းလာ

လောင်စာဆီဈေးနှုန်း ပြန်ကျအောင် ရည်ရွယ်တဲ့အနေနဲ့ အမေရိကရဲ့ အရန်ရေနံပမာဏအများအပြားကို ဈေးကွက်ထဲ ထုတ်ရောင်းပေးဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ညွှန်ကြားခဲ့ပါတယ်။ ၆ လအတွင်း ရေနံစည် သန်း ၁၈၀ အထိ ထုတ်ရောင်းပေးမှာဖြစ်ပြီး အရန်ရေနံ သိုလှောင်မှုစတင်ခဲ့တဲ့ ၁၉၇၄…

1-4-2022-yyl-09.jpg

ရေနံ၊ ဓာတ်ငွေ့ဖိုးတွေကို ရူဘယ်ငွေကြေးနဲ့ ပေးချေဖို့ ပူတင် အမိန့်ထုတ်

မိတ်ဆွေမပီသတဲ့ ပြည်ပနိုင်ငံတွေအနေနဲ့ ဓာတ်ငွေ့ဖိုးကို ရူဘယ်ငွေနဲ့ စတင်ပေးချေရမယ်၊ အဲဒီလို မပေးချေဘူးဆိုရင် ဓာတ်ငွေ့တင်ပို့မှု လျှော့ချသွားမယ်လို့ ရုရှားသမ္မတ ပူတင်က ပြောပါတယ်။ ရုရှားနိုင်ငံထံကနေ ရေနံနဲ့ ဓာတ်ငွေ့ ဝယ်ယူနေသူတွေဟာ ဧပြီလ ၁ ရက်နေ့ကစပြီး ရုရှားဘဏ်တွေမှာ…