23-2-2022-yyl15.jpg

IS ကို ထောက်ခံခဲ့တဲ့ ကျောင်းဆရာရဲ့တိုက်ခိုက်မှုကြောင့် အစ္စရေးမှာ လူ ၄ ဦး သေဆုံး

အစ္စရေးနိုင်ငံတောင်ပိုင်းမှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့လို့ လူ ၄ ယောက် သေဆုံးခဲ့ပြီး လူအများအပြား ဒဏ်ရာရခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘီယာရှီဘာမြို့ ဈေးဝယ်စင်တာအပြင်ဘက်မှာ လူ ၃ ဦး ဓားထိုးသတ်ခံခဲ့ရပြီး ကျန်တစ်ဦးကိုတော့ တိုက်ခိုက်ရေးသမားက ကားနဲ့တိုက်သတ်သွားခဲ့တာလို့ ရဲတပ်ဖွဲ့က…

23-2-2022-yyl05.jpg

ရေညှိကနေ လောင်စာဆီထုတ်လုပ်မယ့် ဥရောပရဲ့ပထမဆုံး ဇီဝသန့်စင်စက်ရုံ

ရေညှိတွေကို လောင်စာဆီနဲ့ ကုန်ကြမ်းပစ္စည်းအဖြစ် အသွင်ပြောင်းပေးမယ့် ဥရောပရဲ့ ပထမဆုံး ဇီဝသန့်စင်စက်ရုံကို တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့က ပင်လယ်နက်ကမ်းခြေမှာ ဖွင့်လှစ်လိုက်ပါပြီ။ ဇီဝ-စီးပွားရေး ဦးမော့လာစေဖို့ ရည်ရွယ်ပြီး လေအားလျှပ်စစ်ကို အသုံးပြုထားတဲ့ ဇီဝသန့်စင်စက်ရုံဟာ ရေညှိတွေကို လေယာဉ်လောင်စာဆီ၊ ကုန်ကြမ်းပစ္စည်း၊…

23-2-2022-yyl02.jpg

Tesla ကုမ္ပဏီရဲ့ လျှပ်စစ်ကားစက်ရုံကြီးကို ဘာလင်မြို့မှာ ဖွင့်လှစ်

Tesla ကုမ္ပဏီအတွက် ဥရောပအခြေစိုက် ပထမဆုံး လျှပ်စစ်ကား စက်ရုံကြီးကို ဂျာမနီနိုင်ငံ ဘာလင်မြို့အနီးမှာ ဖွင့်လှစ်လိုက်ပါပြီ။ ဒေသခံအာဏာပိုင်အဖွဲ့ရဲ့ လိုင်စင်ချထားပေးမှု ပြဿနာကြောင့် ၈ လကြာ ကြန့်ကြာခဲ့ရတဲ့ အဲဒီစက်ရုံဟာ ယူရို ၅ ဘီလျံကျော် တန်ကြေးရှိပြီး…

23-2-2022-yyl14.jpg

ယူကရိန်းစစ်ပွဲအကြောင်း သတင်းတုတွေ တင်နေလို့ စွပ်စွဲပြီး ရုရှားနိုင်ငံက ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ပိတ်ပင်

ယူကရိန်းစစ်ပွဲအကြောင်း သတင်းတုတွေ တင်နေတယ်လို့ စွပ်စွဲပြီး ရုရှားနိုင်ငံက ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို သူတို့နိုင်ငံမှာ ပိတ်ပင်လိုက်ပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ပတ်သက်တဲ့ အကြောင်းအရာတွေ၊ ရုရှားနိုင်ငံမှာ ဆန္ဒပြပွဲတွေလုပ်ဖို့ တိုက်တွန်းမှုတွေကို ဖယ်ရှားပေးဖို့ ရုရှားအစိုးရရဲ့တောင်းဆိုချက်ကို Meta (ဖေ့ဘွတ်ခ်နဲ့ အင်စတာဂရမ်ကို ပိုင်ဆိုင်တဲ့)ကုမ္ပဏီက…

23-2-2022-yyl17.jpg

၁၀ မိနစ်၊ တစ်ကြိမ် ဗုံးကြဲခံနေရတဲ့ မာရီယာပိုမြို့က ရုရှားကျူးကျော်စစ်မှာ ဘာတွေ အရေးပါနေသလဲ

ရုရှားရဲ့ကျူးကျော်စစ်မှာ အပြင်းထန်ဆုံးတိုက်ပွဲဖြစ်ပွားနေတဲ့ မာရီယာပိုမြို့ဟာ ၁၀ မိနစ် တစ်ကြိမ်နှုန်း ဗုံးကြဲတိုက်ခိုက်ခံနေရတယ်လို့ ယူကရိန်းစစ်တပ် အရာရှိတစ်ဦးက ဆိုပါတယ်။ မာရီယာပိုမြို့က ရုရှားအတွက် ဘာကြောင့် အရေးကြီးနေသလဲဆိုရင် မာရီယာပိုမြို့ဟာ ခရိုင်းမီးယား၊ ဒွန်ဘက်ဒေသတွေနဲ့ ကုန်းမြေစင်္ကြံလမ်းဖော်ဆောင်နိုင်မယ့် ဗျူဟာမြောက် တည်နေရာဖြစ်ပြီး…

21-3-2022-yyl06.jpg

အလုပ်ဆင်းချိန်တိုင်း ၈ မိုင်ပြေးပြီး အိမ်ပြန်လေ့ရှိတဲ့ အိန္ဒိယလူငယ်

အလုပ်ဆင်းရင် ၈ မိုင်အကွာအဝေးအထိပြေးပြီး အိမ်ပြန်လေ့ရှိတဲ့ အိန္ဒိယလူငယ်တစ်ယောက်ရဲ့ ဗီဒီယိုဟာ လူမှုကွန်ရက်ပေါ်မှာ ကြည့်ရှုသူ ၉ သန်းနီးပါးအထိ ရှိခဲ့ပါတယ်။ ၁၉ နှစ်သား ပရာဒိမာရာဟာ ဒေလီမြို့စွန်မှာရှိတဲ့ နွိုင်ဒါမြို့ မက်ဒေါ်နယ်ဆိုင်မှာ အလုပ်လုပ်သူပါ။ ပြီးခဲ့တဲ့ စနေနေ့ညက…

21-3-2022-yyl04.jpg

ရုရှားမှာ စားသောက်ကုန်ဈေးနှုန်း မြင့်တက်ပြီး ခွဲတမ်းနဲ့သာ ရောင်းပေးနေ

ရုရှားနိုင်ငံမှာ အခြေခံစားသောက်ကုန်တချို့ကို ခွဲတမ်းနဲ့သာ ရောင်းပေးတော့တယ်လို့ သတင်းထွက်နေပါတယ်။ သကြားဝယ်လိုအား သိသိသာသာ မြင့်တက်နေပြီး အရှေ့ဖျားဒေသက စူပါမားကတ်တွေမှာ လူတစ်ဦးကို သကြား၊ ဂျုံ၊ ဆန်၊ ဆား၊ ပန်းဂျုံ၊ ပါစတာခြောက် ၂ ကီလိုဂရမ်စီ၊ ဟင်းသီးဟင်းရွက်ဆီ…

21-3-2022-yyl02.jpg

မာရီယာပိုမြို့နဲ့ပတ်သက်ပြီး ရုရှားရဲ့ကမ်းလှမ်းမှုကို ယူကရိန်းပယ်ချ

မာရီယာပိုမြို့ကို ခုခံကာကွယ်နေသူတွေဘက်က လက်နက်ချရင် မြို့ထဲမှာ ပိတ်မိနေသူတွေကို ဘေးကင်းရာ ပို့ဆောင်ပေးမယ်ဆိုတဲ့ ရုရှားနိုင်ငံရဲ့ ကမ်းလှမ်းမှုကို ယူကရိန်းက ပယ်ချလိုက်ပါတယ်။ ဗျူဟာအရ အရေးပါတဲ့ဆိပ်ကမ်းမြို့ကို အညံ့ခံလိုက်ဖို့ဆိုတာ စိတ်ကူးထဲတောင်မရှိဘူးလို့ ယူကရိန်းက တုံ့ပြန်သွားခဲ့ပါတယ်။ ယူကရိန်းနိုင်ငံ အရှေ့တောင်ပိုင်းက မာရီယာပိုမြို့မှာ…

21-3-2022-yyl01.jpg

လူ ၁၃၂ ဦး လိုက်ပါလာတဲ့ တရုတ်ခရီးသည်တင်လေယာဉ် ပျက်ကျ

လူ ၁၃၂ ဦး လိုက်ပါလာတဲ့ တရုတ်ခရီးသည်တင်လေယာဉ်ဟာ တရုတ်နိုင်ငံတောင်ပိုင်း တောင်တန်းဒေသမှာ ပျက်ကျခဲ့ပါတယ်။ China Eastern လေကြောင်းလိုင်းရဲ့ Boeing 737 လေယာဉ်ဟာ ကူမင်းမြို့ကနေ ကွမ်ကျိုးမြို့ကို ပျံသန်းနေတုန်း ကွမ်ရှီးပြည်နယ်က တောင်တန်းတွေပေါ်ကို ပျက်ကျခဲ့ပြီး…

21-3-2022-yyl08.jpg

တစ်ရက်ကို နမူနာ ၃၀,၀၀၀ အထိ စစ်ဆေးနိုင်မယ့် လာအိုနိုင်ငံရဲ့ ကွန်တိန်နာဓာတ်ခွဲခန်း

ခရီးသွားလုပ်ငန်း ပြန်လည်ဦးမော့ဖို့၊ ခရီးသွားတွေကို ပြန်လည်လက်ခံနိုင်ဖို့ ကြိုးစားနေတဲ့ လာအိုနိုင်ငံဟာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် MGI Tech Co., Ltd. (MGI) နဲ့ ပူးပေါင်းပြီး ရွှေ့ပြောင်းလွယ်ကူတဲ့ ကွန်တိန်နာဓာတ်ခွဲခန်းကို တည်ဆောက်ခဲ့ပါတယ်။၁၂…