4-5-2020-yyl-009.jpg

လီဗာပူးကို ပရီးမီးယားလိဂ်ဖလားမပေးရင် ရက်စက်ရာရောက်လိမ့်မယ်လို့ စပါးဂိုးသမား ပြော

COVID-19 ကပ်ရောဂါကြောင့် လီဗာပူးအသင်းကို ပရီးမီးယားလိဂ်ဖလား မပေးနိုင်ဘူးလို့ ငြင်းဆန်ရင် ရက်စက်ရာကျလိမ့်မယ်လို့ စပါးဂိုးသမား ဟူဂိုလိုရစ်က ပြောပါတယ်။ ကမ္ဘာတစ်ဝန်း ကူးစက်ပျံ့နှံ့နေတဲ့ COVID-19 ကပ်ရောဂါကြောင့် ပြီးခဲ့တဲ့မတ်လကတည်းက ပရီးမီးယားလိဂ်ပြိုင်ပွဲကို ဆိုင်းငံ့ထားရပါတယ်။ အမှတ်ပေးဇယား ဒုတိယနေရာက မန်စီးတီးအသင်းကို…

4-5-2020-yyl-008.jpg

COVID-19 ရောဂါကာကွယ်ဆေး အသင့်ဖြစ်မယ့်အချိန်ကို ဒေါ်နယ်ထရမ့် ထုတ်ပြော

၂၀၂၁ ခုနှစ်မတိုင်ခင် အမေရိကန်နိုင်ငံမှာ COVID-19 ရောဂါကာကွယ်ဆေး ရလိမ့်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောပါတယ်။ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ သိပ္ပံပညာရှင်တွေက COVID-19 ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖို့ အပြိုင်ကြိုးပမ်းနေပေမဲ့ ၂၀၂၁ ခုနှစ်ရောက်မှ ကာကွယ်ဆေးတွေ ဖြန့်ဖြူးနိုင်လိမ့်မယ်လို့ ကျွမ်းကျင်ပညာရှင်အများစုက…

4-5-2020-yyl-007.jpg

ရုရှားနိုင်ငံမှာ တစ်ရက်အတွင်း COVID-19 ကူးစက်ခံရသူ ၁၀,၀၀၀ ကျော်ရှိခဲ့ပြီး စုစုပေါင်း ကူးစက်ခံရသူ ၁၃၄,၀၀၀ ကျော်ရှိလာ

ရုရှားနိုင်ငံမှာ တစ်ရက်အတွင်း COVID-19 ရောဂါ စံချိန်တင်ကူးစက်ခံရမှုအဖြစ် ကူးစက်ခံရသူ ၁၀,၆၃၃ ယောက် ရှိခဲ့ပါတယ်။ အဲဒီအတွက် ရုရှားနိုင်ငံမှာ ကူးစက်ခံရသူ ၁၃၄,၆၈၆ ယောက်အထိ ရှိလာခဲ့ပြီး ကမ္ဘာပေါ်က ကူးစက်ခံရမှုအများဆုံး နိုင်ငံတွေစာရင်းမှာ အဆင့်(၇) နေရာကို…

4-5-2020-yyl-006.jpg

COVID-19 ရောဂါပျောက်တယ်ဆိုတဲ့ ဆေးမြီးတိုကို မာဒါဂက်စကာကျွန်းနိုင်ငံက ဈေးကွက်တင်ရောင်းချ

COVID-19 ရောဂါကို ကုသနိုင်တယ်ဆိုတဲ့ တိုင်းရင်းဆေးတွေ တင်သွင်းဖို့ မာဒါဂက်စကာကျွန်းနိုင်ငံကို လေယာဉ်တစ်စင်း စေလွှတ်ထားတယ်လို့ တန်ဇန်းနီးယားသမ္မတ မာဂူဖူလီက ပြောပါတယ်။ ငှက်ဖျားရောဂါ ကုသရာမှာ အသုံးပြုတဲ့ ပါဝင်ပစ္စည်း(သစ်နံကိုင်း- artemisia အပင်)ကနေ COVID-19 ရောဂါ ကုသနိုင်တယ်ဆိုတဲ့…

30-4-2020-yyl-049-1.jpg

တရုတ်နိုင်ငံ ဓာတ်ခွဲခန်းကနေ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့လာတာလို့ ဒေါ်နယ်ထရမ့် စွပ်စွဲ

တရုတ်နိုင်ငံ ဓာတ်ခွဲခန်းကနေ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့လာတာကို ဖော်ပြနေတဲ့ သက်သေအထောက်အထား တွေ့ရတယ်လို့ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။ ဒေါ်နယ်ထရမ့်ရဲ့ ပြောကြားချက်ဟာ အမေရိကန်ထောက်လှမ်းရေးအေဂျင်စီတွေရဲ့ သုံးသပ်ချက်နဲ့ ဖီလာဆန့်ကျင်ဖြစ်နေပါတယ်။ အမေရိကန်နိုင်ငံ အမျိုးသားထောက်လှမ်းရေးဌာန ညွှန်ကြားရေးမှူးရုံးကတော့ COVID-19 ရောဂါဟာ လူသားဖန်တီးထားတာ…

30-4-2020-yyl-048.jpg

COVID-19 ရောဂါ ကူးစက်ခံရလို့ ရုရှားဝန်ကြီးချုပ် ဆေးရုံတက်နေရ

ရုရှားဝန်ကြီးချုပ် မီခေးလ်မီရှုစတင်ဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရလို့ ဆေးရုံတက်ပြီး ကုသမှုခံယူနေရပါတယ်။ ရုရှားနိုင်ငံမှာ တစ်ရက်အတွင်း စံချိန်တင်ကူးစက်မှုအဖြစ် ကူးစက်ခံရသူ ၇၀၉၉ ယောက်ရှိတဲ့နေ့မှာပဲ ရုရှားဝန်ကြီးချုပ်မှာ ရောဂါပိုးရှိနေမှန်း စစ်ဆေးတွေ့ရှိရတာပါ။ မီခေးလ်မီရှုစတင်ဟာ ပြီးခဲ့တဲ့ဇန်နဝါရီလက ဝန်ကြီးချုပ်အဖြစ် ခန့်အပ်ခံခဲ့ရသူဖြစ်ပြီး COVID-19…

30-4-2020-yyl-047-1.jpg

ပန်းခြံမှာ လူတွေမစုရုံးအောင် ကြက်ချေးဓာတ်မြေသြဇာ အသုံးပြု

ဆွီဒင်နိုင်ငံမှာ ပွဲတော်အတွက် လူစုလူဝေးလုပ်တာကို တားဆီးနိုင်ဖို့ ကြက်ချေးဓာတ်မြေသြဇာကို အသုံးပြုခဲ့ပါတယ်။ ပုံမှန်အားဖြင့် ဧပြီလ ၃၀ ရက်ကနေ မေလ ၁ ရက်နေ့ကြားမှာ Walpurgis Night အထိမ်းအမှတ်အဖြစ် ဆွီဒင်နိုင်ငံတောင်ပိုင်း လန်းမြို့ကို လူသောင်းချီလာရောက်ပြီး ဗဟိုပန်းခြံမှာ…

30-4-2020-yyl-046.jpg

လော့စ်အိန်ဂျလိစ်မြို့မှာ နေထိုင်သူအားလုံးကို COVID-19 ရောဂါ ရှိ၊ မရှိ အခမဲ့စစ်ဆေးပေးမယ်

လော့စ်အိန်ဂျလိစ်မြို့မှာ နေထိုင်သူအားလုံးကို ရောဂါလက္ခဏာ ရှိရှိ၊ မရှိရှိ ကိုရိုနာဗိုင်းရပ်စ် အခမဲ့ စစ်ဆေးပေးသွားမယ်လို့ မြို့တော်ဝန်က ကြေညာခဲ့ပါတယ်။ လော့စ်အိန်ဂျလိစ်စီရင်စုမှာ တစ်ရက်အတွင်း COVID-19 ကူးစက်ခံရသူ စံချိန်တင်မြင့်တက်ခဲ့ပြီးနောက် နာရီပိုင်းအကြာမှာ မြို့တော်ဝန် ဂါဆက်တီက အခုလို ကြေညာခဲ့တာပါ။…

30-4-2020-yyl-045.jpg

COVID-19 ကြောင့် အာဖဂန်နစ္စတန်ကလေးငယ် ၇ သန်းကျော် ဆာလောင်မွတ်သိပ်မှုဒဏ် ခံစားရနိုင်

COVID-19 ကပ်ရောဂါကြောင့် အစားအစာဈေးနှုန်း မြင့်တက်နေလို့ အာဖဂန်နစ္စတန်နိုင်ငံမှာ ကလေးငယ် ၇ သန်းကျော် ဆာလောင်မွတ်သိပ်မှုဒဏ် ခံစားရနိုင်ခြေရှိတယ်လို့ အစီရင်ခံစာတစ်ရပ်မှာ ဖော်ပြထားပါတယ်။ နိုင်ငံတကာအသိုင်းအဝန်းက ကူညီလှုပ်ရှားပေးခြင်းမရှိလို့ အာဖဂန်နစ္စတန်နိုင်ငံဟာ ဆာလောင်မှုမုန်တိုင်း၊ ရောဂါနဲ့ သေဆုံးမှုတွေ ခံစားနေရတယ်လို့ Save…

30-4-2020-yyl-044.jpg

COVID-19 လူနာတွေကို ထားတဲ့ ဂျပန်ဟိုတယ်တွေမှာ စက်ရုပ်တွေကို အသုံးပြုမယ်

တိုကျိုမြို့အစိုးရဟာ ရောဂါလက္ခဏာ မဆိုသလောက်ပဲပြတဲ့ COVID-19 လူနာတွေ တည်းခိုနေတဲ့ ဟိုတယ်တွေမှာ စက်ရုပ်ဝန်ထမ်းတွေကို စတင်အသုံးပြုနေပါပြီ။ ပက်ပါလို့ အမည်ပေးထားတဲ့ လူသားတစ်ပိုင်းစက်ရုပ်နဲ့ ဝှစ်ဇ်လို့ အမည်ရတဲ့ ဖုန်စုပ်စက်ရုပ်တို့ဟာ တိုကျိုမြို့ရဲ့ ဟိုတယ် ၅ လုံးမှာ သူတို့ရဲ့တာဝန်တွေကို…