3-3-2022-yyl15.jpg

ဥရောပရဲ့ အကြီးမားဆုံး နျူကလီးယားစွမ်းအင်စက်ရုံကို ရုရှား သိမ်းပိုက်၊ ချာနိုဘိုင်းပေါက်ကွဲမှုထက် ၆ ဆ ပိုဆိုးနိုင်တယ်လို့ ယူကရိန်းသမ္မတ သတိပေး

– ဥရောပရဲ့ အကြီးမားဆုံး နျူကလီးယားစွမ်းအင်စက်ရုံကို ရုရှားက သိမ်းပိုက်လိုက်ပါပြီ။ ယူကရိန်းနိုင်ငံကို ကျူးကျော်စစ် ဆင်နွှဲနေတဲ့ ရုရှားစစ်သည်တွေရဲ့ တိုက်ခိုက်မှုကြောင့် ဇာပိုရစ်ဇီယာနျူကလီးယားစွမ်းအင်စက်ရုံ အမြောက်ဆန်ကျရောက်ခဲ့ပြီး မီးလောင်ကျွမ်းခဲ့ပါတယ်။ရေဒီယိုသတ္တိကြွမှုတွေ ဖြစ်ပွားမှာကို စိုးရိမ်ပူပန်ခဲ့ကြပေမဲ့ နျူကလီးယားစွမ်းအင်စက်ရုံက ဘေးအန ္တရာယ်ကင်းရှင်းပြီး ရေဒီယိုသတ္တိကြွမှုပမာဏကလည်း…

3-3-2022-yyl14.jpg

ကိုဗစ်-၁၉ လူနာတွေအတွက် အသက်ကယ်ဆေး နောက်တစ်မျိုး ရှာဖွေတွေ့ရှိ

ကိုဗစ်-၁၉ ကူးစက်ခံရသူတွေကို အထောက်အပံ့ ဖြစ်စေမယ့် အသက်ကယ်ဆေး နောက်တစ်မျိုး ရှာဖွေတွေ့ရှိခဲ့ပြီလို့ ဗြိတိန်နိုင်ငံရဲ့ ထိပ်တန်းကျန်းမာရေးပညာရှင်တွေက ပြောပါတယ်။ လေးဘက်နာရောဂါကို ကုသဖို့ အသုံးပြုလေ့ရှိတဲ့ ဆေးဟာ ကိုဗစ်-၁၉ ရောဂါ ပြင်းပြင်းထန်ထန် ခံစားနေရလို့ ဆေးရုံတက်ဖို့ လိုအပ်နေတဲ့…

3-3-2022-yyl13.jpg

လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန် မလုပ်ပေးနိုင်ရင်လည်း တိုက်လေယာဉ်တွေ ပို့ပေးဖို့ ယူကရိန်းသမ္မတ တောင်းဆို

ယူကရိန်းသမ္မတ ဇီလင်စကီးကတော့ စာနယ်ဇင်းရှင်းလင်းပွဲမှာ အဓိကအချက် (၂) ချက် ပြောသွားတယ်။ နံပါတ် (၁) အချက်ကတော့ ယူကရိန်းဝေဟင်ကို လေကြောင်းပျံသန်းမှု ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပေးရင် ပေး၊ အဲဒီလိုမှ မဟုတ်ရင် တိုက်လေယာဉ်တွေ ပို့ပေးဖို့ အနောက်အုပ်စုကို…

3-3-2022-yyl12.jpg

တတိယကမ္ဘာစစ်ဖြစ်ရင် နျူကလီးယားစစ်ပွဲမှတပါး အခြားမရှိဘူးလို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြော

တတိယကမ္ဘာစစ်ဖြစ်ရင် နျူကလီးယားစစ်ပွဲ ဖြစ်မှာ သေချာတယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂိုင်လက်ဗ်ရော့ဗ်က ပြောပါတယ်။ ” အရေးယူပိတ်ဆို့မှုတွေမလုပ်ရင် တခြားရွေးချယ်စရာကတော့ တတိယကမ္ဘာစစ်ဖြစ်ဖို့ပဲ ရှိတယ်လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ပြောပါတယ်။ တတိယကမ္ဘာစစ်ဖြစ်ရင်တော့ နျူကလီးယားစစ်ပွဲပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော်တို့ကို စစ်ပွဲဆင်နွှဲမယ်ဆိုရင်တော့…

24-2-2022-yyl26.jpg

အမေရိကန်က ကယ်ထုတ်ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ ယူကရိန်းသမ္မတ ငြင်းဆန်ခဲ့

ယူကရိန်းနိုင်ငံ မြို့တော်ကိဗ်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ထွက်ပေါ်နေတဲ့ သတင်းတွေအရ ပင်လယ်နက်ထဲကနေ ယူကရိန်းကို ဒုံးကျည်တွေနဲ့ ပစ်ခတ်နေတယ်လို့ သိရပါတယ်။ နေရာတော်တော်များများမှာ လေကြောင်းတိုက်ခိုက်မှုတွေ ကြုံနေရပါတယ်။ ရုရှားက ထပ်ဖန်တလဲလဲ ထိုးစစ်ဆင်နေပေမဲ့ ယူကရိန်းက အဓိကမြို့ကြီးတွေကို ထိန်းသိမ်းထားနိုင်ဆဲပဲလို့…

24-2-2022-yyl24.jpg

ဘီဘီစီသတင်းဌာနရဲ့ ယူကရိန်းအခြေစိုက် သတင်းသမား အိုလက်ကာပက်

အရှေ့ပိုင်းကနေ ကိဗ်မြို့ ဘူတာကြီးကို ကျွန်တော်ရောက်တော့ မြို့ကနေ ထွက်ခွာမယ့်ရထားတွေပေါ် တက်မယ့်လူတွေအပြည့်ပဲ။ ယူကရိန်းအမျိုးသားရထားလိုင်းက ရထား ၈၀ ရာခိုင်နှုန်းအထိ ပြေးဆွဲပေးနေတယ်ဆိုပေမဲ့ အချိန်တော်တော်စောင့်ရတယ်။ ဘူတာရုံမှာ လက်နက်အပြည့်အစုံ တပ်ဆင်ထားတဲ့ ရဲတွေ ရှိတယ်။ ရထားတွဲမပြည့်မချင်း လူအားလုံးကို…

24-2-2022-yyl1.jpg

ယူကရိန်းကို ၃ ဘက်၊ ၃ လံကနေ ထိုးစစ်ဆင်တော့မယ့် ရုရှား

မော်စကိုမြို့စံတော်ချိန် နံနက် ၅ နာရီ ၅၅ မိနစ်မှာ ယူကရိန်းကို စစ်ဆင်ရေးဆင်နွှဲမယ်လို့ ရုရှားသမ္မတ ပူတင်က ကြေညာခဲ့ပြီး မိနစ်ပိုင်းအကြာမှာပဲ ယူကရိန်းနိုင်ငံထဲမှာ အမြောက်ဆန်တွေ၊ ဒုံးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ ယူကရိန်းနိုင်ငံမြို့တော် ကိဗ်မြို့မှာ အရေးပေါ်အချက်ပေးသံတွေ ဆူညံနေပြီး…

21-2-2022-yyl8.jpg

ယူကရိန်းအရေးနဲ့ ဘာကြောင့်၊ ဘယ်လို

ခွဲထွက်ရေးလက်နက်ကိုင်တွေ ထိန်းချုပ်ထားတဲ့ ဒွန်ညက်မြို့ကို ရုရှားတင့်ကားတွေ ရောက်လာပါပြီ။ အခုနောက်ဆုံး ဂြိုဟ်တုဓာတ်ပုံတွေအရဆိုရင် ယူကရိန်းနယ်စပ်ကနေ ၉ မိုင်နဲ့ ၁၉ မိုင်ကြား အကွာအဝေးမှာ ရုရှားစစ်သည်တွေ ဖြန့်ကျက်ထားတာ တွေ့ရတယ်။ ရုရှားသမ္မတပူတင်ကတော့ ရုရှားစစ်သည်တွေကို ငြိမ်းချမ်းရေးထိန်းသိမ်းသူတွေလို့ သုံးနှုန်းခဲ့တယ်။…

21-2-2022-yyl7.jpg

ယူကရိန်းဒေသ ၂ ခုကို လွတ်လပ်တဲ့နိုင်ငံတွေအဖြစ် ပူတင် ကြေညာ၊ ရေနံဈေး မြင့်တက်

” အိမ်နီးချင်းတစ်ယောက်က ခင်ဗျားအိမ်ထဲလာပြီး ဒီအခန်းက ငါ့အပိုင်လို့ လာပြောရင် ခင်ဗျား ဂရုစိုက်မှာလား။ ဒါက ခင်ဗျားပိုင်တဲ့တိုက်ခန်းဆိုရင် အမြဲတမ်း ခင်ဗျားဟာပဲလေ” . . . ခွဲထွက်ရေးလက်နက်ကိုင်တွေ သိမ်းပိုက်ထားတဲ့ ယူကရိန်းဒေသနှစ်ခုကို ရုရှားသမ္မတပူတင်က လွတ်လပ်တဲ့နိုင်ငံတွေအဖြစ်…

21-2-2022-yyl4.jpg

ယူကရိန်းအရေး ဆွေးနွေးဖို့ ဂျိုးဘိုင်ဒင်နဲ့ ပူတင် ထိပ်သီးအစည်းအဝေးလုပ်ဖို့ မူအရ သဘောတူ

ယူကရိန်းအရေး ဆွေးနွေးဖို့အတွက် ရုရှားသမ္မတ ပူတင်နဲ့ ထိပ်သီးအစည်းအဝေးလုပ်ဖို့ အမေရိကန်သမ္မတဂျိုးဘိုင်ဒင်က မူအရ သဘောတူညီခဲ့ပါတယ်။ ထိပ်သီးအစည်းအဝေးလုပ်ဖို့ ပြင်သစ်နိုင်ငံက စေ့စပ်ညှိနှိုင်းပေးခဲ့တာပါ။ ပြင်သစ်သမ္မတ မက်ခရွန်နဲ့ ပူတင်တို့ ဖုန်း ၂ ကြိမ်ပြောခဲ့တာ ၃ နာရီလောက် ကြာမြင့်ခဲ့ပါတယ်။…