21-5-2020-yyl-022.jpg

ကျောင်းသား ၂ ယောက်မှာ ရောဂါပိုးတွေ့ရှိလို့ တောင်ကိုရီးယား အထက်တန်းကျောင်း ၆၆ ကျောင်းကို နာရီပိုင်းအကြာမှာ ပြန်ပိတ်ခဲ့ရ

တောင်ကိုရီးယားနိုင်ငံရဲ့ အထက်တန်းကျောင်းသား၊ ကျောင်းသူတွေကတော့ ၃ လအတွင်း ပထမဆုံးအကြိမ်အဖြစ် ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က စာသင်ခန်းတွေထဲကို ပြန်ရောက်လာကြပါပြီ။ ကျောင်းသား၊ ကျောင်းသူတွေဟာ ကျောင်းထဲမဝင်ခင် အပူချိန်တိုင်းရပြီး ကျောင်းဝင်းထဲမှာလည်း နှာခေါင်းစည်းတပ်ထားရပါတယ်။ အပူချိန် ၃၇.၅ ဒီဂရီစင်တီဂရိတ်ရှိသူတွေ၊ လည်ချောင်းနာတာ၊ ခေါင်းကိုက်တာ…

99123206_3135800093129888_372410425188286464_n.png

စက်ရုပ်တီထွင်တဲ့ အာဖဂန်နစ္စတန်မိန်းကလေးအဖွဲ့က ကားပစ္စည်းတွေသုံးပြီး တန်ဖိုးနည်း အသက်ရှူစက်တီထွင်နေ

အာဖဂန်နစ္စတန်နိုင်ငံမှာ မိန်းကလေးတွေနဲ့ စုဖွဲ့ထားတဲ့ စက်ရုပ်တီထွင်ရေးအဖွဲ့က ကားပစ္စည်းတွေသုံးပြီး ကိုရိုနာဗိုင်းရပ်စ်လူနာတွေအတွက် တန်ဖိုးနည်း အသက်ရှူစက် တီထွင်ပေးနေပါတယ်။ Afghan Dreamers လို့ လူသိများတဲ့ ဆယ်ကျော်သက်မိန်းကလေးအဖွဲ့ဟာ ၂၀၁၇ ခုနှစ် နိုင်ငံတကာပြိုင်ပွဲမှာ အထူးဆုဆွတ်ခူးခဲ့လို့ ကျော်ကြားလာခဲ့တာပါ။ သူတို့အဖွဲ့ဟာ…

21-5-2020-yyl-009.jpg

မက္ကဆီကိုကလပ်ရဲ့ ကစားသမား ၈ ယောက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

မက္ကဆီကိုကလပ် ဆန်းတို့စ်လာဂူနာအသင်း ကစားသမား ၈ ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေရှိခဲ့ပါတယ်။ မက္ကဆီကိုအမှတ်ပေးဘောလုံးပြိုင်ပွဲ(Liga MX)ကို ဘယ်လိုပုံစံမျိုးနဲ့ ဘယ်အချိန် ပြန်စမလဲလို့ ဆုံးဖြတ်နိုင်ဖို့ နီးစပ်နေချိန်မှာ အခုလို သတင်းထွက်ပေါ်လာခဲ့တာပါ။ ရောဂါပိုးရှိနေတဲ့ ကစားသမားတွေရဲ့အမည်ကို ထုတ်ပြန်ခြင်းမရှိပေမဲ့…

21-5-2020-yyl-008.jpg

ကစားသမားတွေ ဆန္ဒမပါဘဲ လေ့ကျင့်ခန်း မဆင်းခိုင်းဘူးလို့ လီဗာပူးနည်းပြ ပြော

အသင်းသားတွေရဲ့ ဘေးအန္တရာယ်ကင်းရှင်းရေးက အဓိကကျလို့ လီဗာပူးကစားသမား တစ်ဦးတစ်ယောက်ကိုမျှ သူတို့ဆန္ဒမပါဘဲ လေ့ကျင့်ခန်းဆင်းခိုင်းတာ၊ ပွဲကစားခိုင်းတာမျိုး မလုပ်ဘူးလို့ လီဗာပူးနည်းပြ ဂျာဂန်ကလော့က ပြောပါတယ်။ လီဗာပူးအသင်းဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က အဖွဲ့ငယ်လေးတွေဖွဲ့ပြီး လေ့ကျင့်ခန်း ပြန်ဆင်းခဲ့ကြပါတယ်။ ဂျာဂန်ကလော့ကတော့ နှာခေါင်းစည်းတပ်ပြီး ညွှန်ကြားနေတာ…

21-5-2020-yyl-007.jpg

ခပ်ခွာခွာနေဖို့မဖြစ်နိုင်ရင် အဆောက်အအုံ အတွင်း၊ အပြင် နှစ်နေရာလုံးမှာ နှာခေါင်းစည်းတပ်ဖို့ စပိန်နိုင်ငံ ထုတ်ပြန်

စပိန်နိုင်ငံကတော့ ဥရောပနိုင်ငံတွေထဲမှာ နှာခေါင်းစည်းဝတ်ဆင်မှုနဲ့ပတ်သက်ပြီး အတင်းကြပ်ဆုံး ဥပဒေထုတ်ပြန်လိုက်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် ခပ်ခွာခွာနေဖို့ အခွင့်မသာဘူးဆိုရင် အဆောက်အအုံ အတွင်း၊ အပြင် နှစ်နေရာလုံးမှာ နှာခေါင်းစည်းမဖြစ်မနေ ဝတ်ဆင်ရမယ်လို့ အမိန့်ဒီကရီ ထုတ်ထားပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က စတင်အကျုံးဝင်ခဲ့တဲ့ ဥပဒေဟာ အသက်ခြောက်နှစ်အောက်…

21-5-2020-yyl-006.jpg

အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ်မှာ စူပါဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် တိုက်ခတ်လို့ အနည်းဆုံး ၁၅ ယောက် သေဆုံး

အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဆိုင်ကလုန်းမုန်တိုင်း အမ်ဖန် ဝင်ရောက်တိုက်ခတ်ပြီး ကမ်းရိုးတန်းဒေသတွေမှာ လေကြီးမိုးကြီးကျရောက်ခဲ့လို့ အနည်းဆုံး လူ ၁၅ ယောက် သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ အနောက်ဘန်ဂေါပြည်နယ် ကိုးလ်ကတ္တားမြို့အပါအဝင် အိန္ဒိယမှာရော၊ ဘင်္ဂလားဒေ့မှာပါ နေအိမ်ပြိုလဲတာ၊ သစ်ပင်အမြစ်ကနေ…

20-5-2020-yyl-025.jpg

ဘွန်ဒက်စ်လီဂါကလပ် ကိုလုံးအသင်းက ပရိသတ်တွေဆီကနေ ဂျာစီတွေငှားပြီး အိမ်ကွင်းပွဲကြည့်စင်ကို အလှဆင်

ကိုလုံးအသင်းဟာ မိန့်ဇ်နဲ့ ကစားခဲ့တဲ့ ဘွန်ဒက်စ်လီဂါအိမ်ကွင်းပွဲစဉ်မတိုင်ခင် အသင်းပရိသတ်တွေဆီကနေ ငှားထားတဲ့ ဂျာစီအင်္ကျီတွေ၊ ခေါင်းစည်းပဝါတွေကို အသုံးပြုပြီး သူတို့အသင်းအိမ်ကွင်း ရိန်းအန်နာဂျီစတေဒီယမ်ရဲ့ ပွဲကြည့်စင်တစ်ခုကို အလှဆင်ခဲ့ပါတယ်။ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကွင်းပိတ်ကစားရချိန်မှာ ပွဲကြည့်စင်ကို ဟာလာဟင်းလင်းမထားချင်တဲ့ ကိုလုံးကလပ်က သူတို့ပရိသတ်တွေ ကွင်းထဲမလာနိုင်ပေမဲ့…

20-5-2020-yyl-023.jpg

အာဆင်နယ်က အူဘာမီယန်းကို ရောင်းထုတ်ဖို့ ၁၀၀ ရာခိုင်နှုန်းသေချာတယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဆို

အာဆင်နယ်အသင်းက လာမယ့်နွေရာသီမှာ အူဘာမီယန်းကို ထုတ်ရောင်းဖို့ကလွဲပြီး တခြားနည်းလမ်းမရှိတော့ဘူးလို့ အသင်းတိုက်စစ်မှူးဟောင်း အလီဒါရီက ပြောပါတယ်။ အူဘာမီယန်းနဲ့ အာဆင်နယ်အသင်း ချုပ်ဆိုထားတဲ့ စာချုပ်က သက်တမ်းတစ်နှစ်ပဲ ကျန်ရှိတော့ပြီး စာချုပ်သစ်ချုပ်ဆိုရေး ဆွေးနွေးမှုတွေကလည်း သဘောတူညီမှုမရသေးပါဘူး။ ရီးရဲလ်၊ ဘာစီလိုနာ၊ အင်တာမီလန်အသင်းတွေက…

20-5-2020-yyl-022.jpg

မိုက်တိုင်ဆန်နဲ့ လက်ဝှေ့ပွဲထိုးမယ်လို့ ရှန်နွန်ဘရစ် ပြော

ရန်ပုံငွေတိုးမြှင့်ရရှိရေးအတွက် အသက် ၅၃ နှစ်အရွယ်မှာ လက်ဝှေ့ကြိုးဝိုင်းထဲကို တစ်ကျော့ပြန်ဝင်ရောက်လာမယ့် မိုက်တိုင်ဆန်နဲ့ ထိုးသတ်သွားမယ်လို့ ရှန်နွန်ဘရစ်က ကြေညာခဲ့ပါတယ်။ ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်ဟာ ကြိုးဝိုင်းထဲ ပြန်ဝင်လာဖို့ ပြင်းပြင်းထန်ထန် လေ့ကျင့်နေပြီး အသက် ၅၇ နှစ်အရွယ်ရှိတဲ့ သူ့ရဲ့ပြိုင်ဘက်ဟေဟာင်း…

20-5-2020-yyl-021.jpg

၂၀၁၂ ခုနှစ် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်မှာ ဘာစီလိုနာအသင်း ၁၀ ဂိုးသွင်းမှာ စိုးရိမ်မိခဲ့တယ်လို့ လမ်းပတ် ပြော

၂၀၁၂ ခုနှစ် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ် ဒုတိယအကျော့အဖြစ် ဘာစီလိုနာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ချဲလ်ဆီးအသင်း ၁၀ ဂိုးလောက် အသွင်းခံရမလားဆိုပြီး စိုးရိမ်ခဲ့ဖူးတယ်လို့ ချဲလ်ဆီးကွင်းလယ်လူဟောင်း လမ်းပတ်က ပြောပါတယ်။ အခုအချိန်မှာ ချဲလ်ဆီးနည်းပြအဖြစ် တာဝန်ယူနေတဲ့ လမ်းပတ်ဟာ အဲဒီအချိန်တုန်းက…