18-3-2020-yyl-023.jpg

ချဲလ်ဆီးနဲ့ပွဲ ရွှေ့ဆိုင်းခဲ့ရလို့ နေ့လယ်စာ စားစရာအထုပ် ၈၅၀ ကို အိမ်ရာမဲ့တွေအတွက် ပေးလှူခဲ့တဲ့ အက်စတွန်ဗီလာ

ပရီးမီးယားလိဂ်ပွဲစဉ်အားလုံးကို ဧပြီလ ၃ ရက်နေ့အထိ ဆိုင်းငံ့လိုက်ပြီလို့ ပရီးမီးယားလိဂ် ဘောလုံးအဖွဲ့ချုပ်က ကြေညာခဲ့ပြီးနောက်မှာတော့ ချဲလ်ဆီးနဲ့ ကစားရမယ့်ပွဲမှာ ဝန်ထမ်းတွေကို နေ့လယ်စာကျွေးဖို့ စီစဉ်ထားတဲ့ စားစရာအထုပ် ၈၅၀ ကို အက်စတွန်ဗီလာအသင်းက အိမ်ရာမဲ့အတွက် လှူဒါန်းခဲ့ပါတယ်။ Covid-19…

18-3-2020-yyl-021.jpg

Covid-19 ကြောင့် ပြင်သစ်အိုးပင်း တင်းနစ်ပြိုင်ပွဲကို ရွှေ့ဆိုင်း

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကြောင့် ပြင်သစ်အိုးပင်းပြိုင်ပွဲ ကျင်းပမယ့်ကာလကို ရွှေ့ဆိုင်းလိုက်ပါပြီ။ ပြင်သစ်အိုးပင်းပြိုင်ပွဲကို မေလ ၂၄ ရက်ကနေ ဇွန်လ ၇ ရက်အထိ ရိုလန်းဂါရို့စ်မှာ ကျင်းပဖို့ စီစဉ်ထားတာပါ။ ဒါပေမဲ့ အခုအခါမှာတော့ စက်တင်ဘာလ ၂၀ ရက်ကနေ…

18-3-2020-yyl-020.jpg

ဖလွိုက်မေဝယ်သာရဲ့ လေ့ကျင့်ရေးမှူး ရော်ဂျာမေဝယ်သာ ကွယ်လွန်

ပွဲတိုင်းနိုင် လက်ဝှေ့သမား ဖလွိုက်မေဝယ်သာရဲ့ လေ့ကျင့်ရေးမှူးဖြစ်တဲ့ ဦးလေးဖြစ်သူ ရောဂျာမေဝယ်သာဟာ အသက် ၅၈ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။ ရောဂျာမေဝယ်သာဟာ ဖလွိုက်မေဝယ်သာရဲ့ လေ့ကျင့်ရေးမှူးမဖြစ်ခင်က ကမ္ဘာ့ချန်ပီယံလက်ဝှေ့သမားတစ်ယောက်ပါ။ ၁၉၈၀ ပြည့်နှစ်တွေအတွင်း ဖယ်သာဝိတ်နဲ့ ဝယ်တာဝိတ်တန်းတွေမှာ ချန်ပီယံခါးပတ်တွေ ဆွတ်ခူးနိုင်ခဲ့သူပါ။…

18-3-2020-yyl-006.jpg

ဆိုင်ပိတ်ထားရတဲ့ကာလမှာ စားသောက်ဆိုင်ဝန်ထမ်းတွေ စားဝတ်နေရေးပြေလည်စေဖို့ မုန့်ဖိုး ကန်ဒေါ်လာ ၉,၄၀၀ ပေးခဲ့တဲ့ လင်မယား

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ပျံ့နှံ့မှုကြောင့် ဆိုင်ပိတ်ထားရတဲ့ ကာလအတွင်း ဆိုင်ဝန်ထမ်းတွေ စားဝတ်နေရေး ပြေလည်အောင် ကူညီပေးတဲ့အနေနဲ့ ဟူစတန်ကောင်တီရဲ့ နာမည်ကျော် စားသောက်ဆိုင်တစ်ဆိုင်မှာ လာရောက်စားသုံးသူ ဇနီးမောင်နှံက အမေရိကန်ဒေါ်လာ ၉၄၀၀ မုန့်ဖိုးပေးခဲ့ပါတယ်။ ဟူစတန်ကောင်တီထဲမှာရှိတဲ့ စားသောက်ဆိုင်ခန်းမအားလုံး သိပ်မကြာခင် ပိတ်ရတော့မှာဖြစ်ပြီး…

17-3-2020-yyl-001.jpg

ကိုရိုနာဗိုင်းရပ်စ်သစ်ကို ကာကွယ်နိုင်ဖို့ လူသားတွေကို ကာကွယ်ဆေးတစ်မျိုး ပထမဆုံးအကြိမ် စမ်းသပ်ထိုးနှံ

ကမ္ဘာ့ကပ်ရောဂါအဖြစ် ကြေညာထားတဲ့ ကိုရိုနာဗိုင်းရပ်စ်သစ်ကို ကာကွယ်နိုင်ဖို့အတွက် အမေရိကန်နိုင်ငံမှာ လူသားတွေကို ကာကွယ်ဆေးတစ်မျိုး ပထမဆုံးအကြိမ် စမ်းသပ်ထိုးနှံခဲ့ပါတယ်။ ဝါရှင်တန်ပြည်နယ်၊ ဆီယက်တယ်မြို့မှာရှိတဲ့ Kaiser Permanente သုတေသနစင်တာမှာ လူနာ ၄ ယောက်ကို ကာကွယ်ဆေးထိုးနှံပေးခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ…

16-3-2020-yyl-023.jpg

ဂျိမ်းစ်ဘွန်းမင်းသမီး Covid-19 ကူးစက်ခံရ

ဂျိမ်းစ်ဘွန်းဇာတ်ကား(Quantum of Solace)မှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး အိုဂါကူရီလင်ကိုက Covid-19 ကူးစက်ခံထားရတယ်လို့ ထုတ်ပြောလိုက်ပါတယ်။ အသက် ၄၀ အရွယ်ရှိတဲ့ ကူရီလင်ကိုဟာ ဖျားနာမှုနဲ့ ပင်ပန်းနွမ်းနယ်မှုဒဏ်ကို တစ်ပတ်လောက်နီးပါး ခံစားခဲ့ရပြီးနောက် Covid-19 ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့တာဖြစ်ပါတယ်။…

13-3-2020-yyl-017.jpg

၇ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရပြီး ၂ နှစ်အကြာမှာ ပါကစ္စတန်လွှတ်တော်က ကလေးသူငယ်အနိုင်ကျင့်မှုဆိုင်ရာ ဥပဒေကြမ်းကို အတည်ပြု

၇ နှစ်အရွယ် မိန်းကလေးငယ် အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရပြီးနောက် နှစ်နှစ်အကြာမှာတော့ ကလေးသူငယ် အနိုင်ကျင့်စော်ကားမှုဆိုင်ရာ ဥပဒေကြမ်းကို ပါကစ္စတန်လွှတ်တော်က အတည်ပြုခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်က အဓမ္မပြုကျင့်၊ သတ်ဖြတ်ခံရတဲ့ မိန်းကလေးငယ် ဇိုင်နက်အန်ဆာရီကို အစွဲပြုပြီး အဲဒီဥပဒေကြမ်းကို ဇိုင်နက်…

13-3-2020-yyl-016.jpg

ဂျပန်ဝန်ကြီးချုပ်ကို အရေးပေါ်အခြေအနေ ကြေညာခွင့်ရစေမယ့် ဥပဒေကြမ်းကို ဂျပန်လွှတ်တော် အတည်ပြု

Covid-19 ကူးစက်ပျံ့နှံ့မှု အရှိန်လျှော့ချနိုင်ဖို့ ကြိုးစားနေတဲ့ ဂျပန်နိုင်ငံမှာ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးကို ကျောင်းပိတ်ခွင့်၊ လူစုလူဝေးမလုပ်အောင် တားဆီးခွင့်၊ ဆေးဝါးပစ္စည်းတွေ ပေးအပ်ခွင့်ပြုနိုင်မယ့် ဥပဒေကြမ်းကို ဂျပန်လွှတ်တော်က အတည်ပြုလိုက်ပါပြီ။ ဂျပန်လွှတ်တော်က အတည်ပြုခဲ့တဲ့ ဥပဒေကြမ်းဟာ ၂၀၁၂ ခုနှစ်ဥပဒေကို…

13-3-2020-yyl-015.jpg

Covid-19 ကူးစက်ခံခဲ့ရတဲ့ ၁၀၃ နှစ်အရွယ် တရုတ်အဘွားအို ပြန်သက်သာလာပြီး ဆေးရုံက ဆင်းနိုင်ပြီ

ဝူဟန်မြို့ ဆေးရုံမှာ ၆ ရက်ကြာ ကုသမှုခံယူခဲ့ပြီးနောက်မှာတော့ တရုတ်နိုင်ငံရဲ့ အသက်အကြီးဆုံး Covid-19 လူနာဟာ ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ပါတယ်။ အဲဒီအဘွားအိုက အသက် ၁၀၃ နှစ်ရှိပြီး တရုတ်နိုင်ငံမှာ Covid-19 သက်သာပျောက်ကင်းတဲ့ အသက်အကြီးဆုံးလူနာဖြစ်လာခဲ့ပါတယ်။…

13-3-2020-yyl-014.jpg

အောက်ခြေသိမ်းဝန်ထမ်းကို ရွေ့လျား လက်သန့်ဆေးရည်စက်လို ခိုင်းစေခဲ့တဲ့ ဆော်ဒီကုမ္ပဏီ ဝေဖန်ခံရ

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး အများပြည်သူပိုင်ကုမ္ပဏီဖြစ်တဲ့ Saudi Aramco ကုမ္ပဏီဟာ အောက်ခြေသိမ်းဝန်ထမ်းတစ်ယောက်ကို လက်သန့်ဆေးရည်စက် ချိတ်ဆွဲခိုင်းစေခဲ့တဲ့ လုပ်ရပ်ကြောင့် ဝေဖန်မှုတွေ ရင်ဆိုင်နေရပါတယ်။ Covid-19 ကူးစက်ပျံ့နှံ့နေချိန်မှာ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကုမ္ပဏီတွေက သူတို့ရဲ့ဝန်ထမ်းတွေ ရောဂါကူးစက်မခံရစေဖို့ နှာခေါင်းစည်းတွေ၊ လက်သန့်ဆေးရည်တွေ ပံ့ပိုးပေးတာမျိုး…