yyl-001-15.jpg

ပလတ်စတစ်အမှိုက်တွေကို စာသင်ခန်းအဖြစ် အသွင်ပြောင်းလဲခြင်း

ပလတ်စတစ်အမှိုက်တွေ အဆမတန်များပြီး စာသင်ခန်း မလုံလောက်တာက ဆင်းရဲတဲ့နိုင်ငံတွေ အထူးသဖြင့် အာဖရိကနိုင်ငံတွေအတွက် ပြဿနာတစ်ရပ် ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အာဖရိကတိုက် အနောက်ပိုင်းက စက်ရုံတစ်ခုဟာ ပလတ်စလစ်အမှိုက်တွေ၊ ဖိနပ်အစုတ်အပြတ်တွေ၊ ကားတာယာ အဟောင်းတွေကို ကုန်ကြမ်းအဖြစ် အသုံးပြုထားတဲ့ ပလတ်စတစ်အုတ်တွေ…

yyl-027-12.jpg

မြန်မာနိုင်ငံကို ကြားဖြတ်စီမံချက်(၄)ခု ဆောင်ရွက်ဖို့ ICJ က အမိန့်ချမှတ်

ဂျီနိုဆိုက်ကွန်ဗန်းရှင်းကို ဖောက်ဖျက်တယ်လို့ ဂမ်ဘီယာနိုင်ငံက အမှုစွဲဆိုထားတဲ့ကိစ္စနဲ့ပတ်သက်ပြီး နိုင်ငံတကာတရားရုံး(ICJ)က မြန်မာနိုင်ငံကို ကြားဖြတ်စီမံချက်(၄)ခု ဆောင်ရွက်ဖို့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။ ပထမအချက်ကတော့ ဂျီနိုဆိုက် တားဆီးကာကွယ်ရေးနဲ့ အရေးယူမှုဆိုင်ရာ ကွန်ဗန်းရှင်းရဲ့ ပုဒ်မ(၂)အရ မျိုးနွယ်စုတစ်စုရဲ့ မျိုးနွယ်ဝင်တွေကို…

yyl-017-14.jpg

သြစတြေးလျတောမီးမှာ ဒုက္ခခံစားနေရတဲ့ တိရစ္ဆာန်လေးတွေအတွက် ရွှံ့ရုပ်လေးတွေလုပ်ပြီး ကန်ဒေါ်လာ ၂၅၀,၀၀၀ လှူဒါန်းပေးနိုင်ခဲ့တဲ့ ၆ နှစ်သား

၆ နှစ်အရွယ် ကလေးငယ်တစ်ယောက်က ခိုအာလာဝက်ဝံရုပ်လေးတွေလုပ်ပြီး သြစတြေးလျတောမီးလောင်ကျွမ်းမှုမှာ ထိခိုက်ခံစားခဲ့ရတဲ့ တိရစ္ဆာန်လေးတွေအတွက် ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ကျော် ရှာဖွေပေးနိုင်ခဲ့ပါတယ်။ မက်ဆာချူးဆက်ပြည်နယ် ဟင်ဂမ်မြို့မှာ နေထိုင်နေတဲ့ အိုဝင်ကောလေးဟာ လမ်းလျှောက်တတ်ခါစ အရွယ်တုန်းက သြစတြေးလျမှာ လအနည်းငယ်…

yyl-008-13.jpg

ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ဂိုးသမားက ပရီးမီးယားလိဂ်ရဲ့ အညံ့ဆုံးဂိုးသမားဖြစ်နေ

ပြီးခဲ့တဲ့ရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ပေါင်(၇၁)သန်း(ဂိုးသမားတစ်ယောက်အတွက် အမြင့်ဆုံး ပြောင်းရွှေ့ကြေး)နဲ့ ချဲလ်ဆီးကို ပြောင်းရွှေ့လာခဲ့တဲ့ စပိန်ဂိုးသမား ကီပါဟာ ပရီးမီးယားလိဂ်ရဲ့ အညံ့ဆုံး ဂိုးသမားဖြစ်နေတယ်လို့ မှတ်တမ်းတွေက ဖော်ပြပါတယ်။ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ မိနစ်(၁၀၀၀)ကျော် ပါဝင်ခွင့်ရတဲ့ ဂိုးသမားတွေကို…

yyl-007-13.jpg

နှစ် ၆၀ နီးပါးအတွင်း ဘန်လေကို ပထမဆုံးအကြိမ် အိမ်ကွင်းရှုံးပွဲကြုံခဲ့တဲ့ မန်ယူ

နှစ် ၆၀ နီးပါးအတွင်း ဘန်လေကို အိမ်ကွင်းမှာ ပထမဆုံး ရှုံးနိမ့်ခဲ့ပြီးနောက်မှာတော့ မန်ယူအသင်း ကစားသမား တော်တော်များများကို ရှင်းထုတ်သွားမယ်လို့ နည်းပြ ဆိုးလ်ရှားက ပြောပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က လီဗာပူးကို (၂)ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ မန်ယူဟာ (၃)ရက်အကြာမှာ…

yyl-006-12.jpg

အီရန်နိုင်ငံရဲ့ ဒုံးကျည်ဖြင့် တိုက်ခိုက်မှုမှာ ဦးနှောက်ဒဏ်ရာရခဲ့တဲ့ အမေရိကန်စစ်သည် ၁၁ ဦးရဲ့ အခြေအနေ စိုးရိမ်စရာမရှိဘူးလို့ ဒေါ်နယ်ထရမ့် ပြော

အီရတ်နိုင်ငံမှာရှိတဲ့ အမေရိကန်လေတပ်စခန်းတွေကို အီရန်နိုင်ငံက ဒုံးကျည်နဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ဦးနှောက်ဒဏ်ရာရခဲ့တဲ့ အမေရိကန်စစ်သည် ၁၁ ယောက်ရဲ့ ဒဏ်ရာအခြေအနေ ပြင်းထန်ပုံမရဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ပြောပါတယ်။ ဇန်နဝါရီလ ၈ ရက်က အမေရိကန်တပ်ဖွဲ့ စခန်းချနေတဲ့ အီရတ်အခြေစိုက်စခန်းတွေကို အီရန်နိုင်ငံက…

yyl-005-14.jpg

သမ္မတရာထူးကနေ အနားယူရင် အန်ကူရန်ဇီဇာကို ကန်ဒေါ်လာ ၅၃၀,၀၀၀ ပေးပြီး ဇိမ်ခံစံအိမ် ဆောက်ပေးဖို့ ဘူရန်ဒီလွှတ်တော် ထောက်ခံမဲပေး

သမ္မတရာထူးကနေ အန်ကူရန်ဇီဇာ အနားယူသွားရင် အမေရိကန်ဒေါ်လာ ၅၃၀,၀၀၀ ပေးအပ်ပြီး ဇိမ်ခံစံအိမ်တစ်လုံး တည်ဆောက်ပေးဖို့ ဘူရန်ဒီလွှတ်တော်က ထောက်ခံမဲပေးခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းကို အတည်ပြုပေးဖို့ အစိုးရဝန်ကြီးအဖွဲ့ကို တင်ပြထားပါတယ်။ ဒီဥပဒေကြမ်းအရ အန်ကူရန်ဇီဇာကို ဘဝတစ်သက်တာလစာ ပေးအပ်သွားမှာဖြစ်ပါတယ်။ လာမယ့်မေလမှာ သမ္မတရာထူးကနေ…

yyl-004-12.jpg

တပ်ကနေ ထုတ်ပယ်ခံရလို့ တောင်ကိုရီးယားစစ်တပ်ကို တရားစွဲမယ်လို့ လိင်ပြောင်းစစ်သည် ပြော

လိင်ပြောင်းခဲ့ပြီးနောက်မှာ စည်းမျဉ်းချိုးဖောက်ရာရောက်တယ်ဆိုပြီး တပ်ထဲကနေ ထုတ်ပယ်ခံခဲ့ရတဲ့ တောင်ကိုရီးယားစစ်သည်က စစ်တပ်ကို တရားစွဲမယ်လို့ ပြောပါတယ်။ အသက် ၂၂ နှစ်ရှိတဲ့ ဗြောင်ဟွေဆိုးဟာ ယောကျာ်းတစ်ယောက်အဖြစ် စစ်တပ်ထဲ ဝင်လာခဲ့ပေမဲ့ လိင်စိတ်အလိုမကျဖြစ်ပြီး စိတ်ကျန်းမာရေးပြဿနာခံစားခဲ့ရလို့ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ထိုင်းနိုင်ငံကို…

yyl-047-3.jpg

လာမယ့်သြစတြေးလျအိုးပင်းမှာ ပါဝင်ဖို့ မသေချာဘူးလို့ ရှာရာပိုဗာ ပြော

သြစတြေးလျအိုးပင်း ပထမအဆင့်မှာ နိုင်ခြေအဆင့်(၁၉)သတ်မှတ်ခံရတဲ့ ခရိုအေးရှား တင်းနစ်မယ် ဒွန်နာဗီကစ်ကို ရှုံးနိမ့်ခဲ့တဲ့ ရုရှားတင်းနစ်မယ် ရှာရာပိုဗာက လာမယ့်နှစ်တွေမှာ သြစတြေးလျအိုးပင်းပြိုင်ပွဲ ဆင်နွှဲဖို့ မသေချာဘူးလို့ ဆိုပါတယ်။ ရှာရာပိုဗာဟာ ပခုံးဒဏ်ရာကြောင့် ပြီးခဲ့တဲ့နှစ်က ပြိုင်ပွဲနည်းနည်းပဲ ကစားနိုင်ခဲ့ပြီး ကမ္ဘာ့အဆင့်(၃၆၆)အထိ…

hotsports022220.jpg

ရက်ရှ်ဖို့ဒ် အနားယူရမယ့်အတွက် အေစီမီလန်တိုက်စစ်မှူး ပီယာတက်ကို မန်ယူ ချိန်နေ

မန်ယူအသင်းဟာ အေစီမီလန်တိုက်စစ်မှူး ပီယာတက်ကို ခေါ်ယူဖို့ အပြိုင်ကြိုးပမ်းနေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ကျောရိုးအက်ကွဲမှု ဒဏ်ရာ ကြောင့် တိုက်စစ်မှူး ရက်ရှ်ဖို့ဒ် ကာလရှည် အနားယူဖို့ ရှိနေတယ်လို့ သတင်းထွက်လာပြီးနောက်မှာ မန်ယူနည်းပြ ဆိုးလ်ရှားက တိုက်စစ်မှူး တစ်ယောက်…