5-8-2020-yyl-009.jpg

ပရီးမီးယားလိဂ်ကို တန်းတက်ခွင့်ရခဲ့တဲ့ ဖူလ်ဟမ်

၂၀၁၈-၁၉ ရာသီက ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရတဲ့ ဖူလ်ဟမ်အသင်းဟာ ချန်ပီယံရှစ် Play-offs ပွဲစဉ်မှာ ဘရန်ဖို့ဒ်အသင်းကို အချိန်ပိုသွင်းဂိုး (၁-၂)ဂိုးနဲ့ အနိုင်ယူပြီး ပရီးမီးယားလိဂ်ကို တစ်ကျော့ပြန် တန်းတက်ခွင့် ရခဲ့ပါတယ်။ ဘောလုံးလောကရဲ့ တန်ကြေးအကြီးဆုံးဘောလုံးပွဲလို့ တင်စားကြတဲ့ ချန်ပီယံရှစ်…

5-8-2020-yyl-008.jpg

ဗင်နီဇွဲလားကနေထွက်ပြေးလာတဲ့ ကျန်းမာရေးဝန်ထမ်းတွေကို ပီရူးနိုင်ငံက ကျန်းမာရေးစနစ်မှာ ပူးပေါင်းပါဝင်ခွင့် ပြု

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကာလအတွင်း ဗင်နီဇွဲလားနိုင်ငံကနေ ထွက်ပြေးလာတဲ့ ကျန်းမာရေးဝန်ထမ်း ထောင်ချီကို ပီရူးနိုင်ငံက သူတို့ရဲ့ကျန်းမာရေးစနစ်မှာ ပူးပေါင်းပါဝင်ခွင့်ပေးခဲ့ပါတယ်။ အရည်အချင်းပြည့်မီတဲ့ ပြည်ပဆရာဝန်တွေ၊ သူနာပြုတွေကို သူတို့ရဲ့ ဘွဲ့လက်မှတ်တွေအတွက် သက်သေပြစရာမလိုအပ်တဲ့ အမိန့်ဒီကရီကို ပီရူးသမ္မတ ဗစ်ကာရာက လက်မှတ်ရေးထိုးခဲ့ပါတယ်။ ပီရူးနိုင်ငံမှာ…

5-8-2020-yyl-007.jpg

ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကြောင့် သေဆုံးသူ ၈ ယောက်အထိ ရှိလာ

ဗီယက်နမ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူ ၈ ယောက်အထိ ရှိလာခဲ့ပြီလို့ ဗီယက်နမ်ကျန်းမာရေးဝန်ကြီးဌာနက အတည်ပြုခဲ့ပါတယ်။ ၈ ယောက်မြောက် သေဆုံးခဲ့သူကတော့ အသက် ၆၅ နှစ်အရွယ် အမျိုးသားဖြစ်ပါတယ်။ သူဟာ ကျောက်ကပ်ရောဂါကြောင့် ဒါနန်ဆေးရုံမှာ ၅ လကြာ…

5-8-2020-yyl-006.jpg

ဘေရွတ်မြို့ ပေါက်ကွဲမှုကြောင့် အနည်းဆုံး လူ ၇၈ ယောက်သေဆုံးပြီး လူ ၄၀၀၀ ကျော် ဒဏ်ရာရ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့မှာ ပေါက်ကွဲမှုအကြီးအကျယ် ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၇၈ ယောက် သေဆုံးခဲ့ပြီး လူ ၄၀၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ဘေရွတ်မြို့ဆိပ်ကမ်းမှာ မီးလောင်ရာကနေ ဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုကြောင့် ဘေရွတ်မြို့တစ်မြို့လုံး တုန်ခါခဲ့ပါတယ်။…

4-8-2020-yyl-023.jpg

မြန်မာနိုင်ငံမှာ ကားထုတ်လုပ်ရေး စက်ရုံ တည်ဆောက်ဖို့ ရှိတယ်လို့ Mitsubishi Motors ကုမ္ပဏီ ဆို

အရှေ့တောင်အာရှမှာ လုပ်ငန်းတိုးချဲ့ဆောင်ရွက်ဖို့ ကတိပြုထားတဲ့ Mitsubishi Motors ကုမ္ပဏီက မြန်မာနိုင်ငံမှာ ကားတွေထုတ်လုပ်ဖို့ စဉ်းစားနေတယ်လို့ ကုမ္ပဏီရဲ့ စီးအီးအို တာကာအိုကာတိုက Nikkei သတင်းဌာနကို ပြောခဲ့ပါတယ်။ ဒါဟာ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါရဲ့ ရိုက်ခတ်မှုဒဏ် ခံစားခဲ့ရတဲ့…

4-8-2020-yyl-011.jpg

ရည်ရွယ်ချက်ရှိရှိ ချောင်းဆိုးရင် အနီကတ်ပြနိုင်တယ်လို့ စည်းမျဉ်းထုတ်ပြန်

တခြားအသင်း ကစားသမားတွေ ဒါမှမဟုတ် ဒိုင်တွေဘေးမှာ ရည်ရွယ်ချက်ရှိရှိ ချောင်းဆိုးတဲ့ ကစားသမားတွေကို အနီကတ်ပြနိုင်တယ်လို့ ဘောလုံးစည်းမျဉ်းရေးဆွဲသူတွေနဲ့ အက်ဖ်အေက ပြောခဲ့ပါတယ်။ တမင်တကာ ချောင်းဆိုးတဲ့ လုပ်ရပ်ဟာ ဆဲရေးတိုင်းထွာတာ၊ ကိုယ်အမူအရာ ကြမ်းတမ်းတာ စတဲ့ လုပ်ရပ်တွေနဲ့ တစ်တန်းတည်း…

4-8-2020-yyl-010.jpg

ဆန်ချိုကို ခေါ်ချင်ရင် သြဂုတ်လ ၁၀ ရက် နောက်ဆုံးထား လုပ်ဆောင်ရမယ်လို့ ဒေါ့မွန် သတ်မှတ်

နွေရာသီ အပြောင်းအရွှေ့မှာ မန်ယူအသင်း အဓိကပစ်မှတ်ထားနေတဲ့ တောင်ပံကစားသမား ဂျာဒန်ဆန်ချိုကို ခေါ်ယူချင်ရင် သြဂုတ်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး စာချုပ်ချုပ်ဆိုရမယ်လို့ ဒေါ့မွန်အသင်းက သတ်မှတ်ခဲ့ပါတယ်။ အသက် ၂၀ ပဲ ရှိသေးတဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမား…

4-8-2020-yyl-009.jpg

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းကြောင့် မဲလ်ဘုန်းမြို့ကို Lockdown ချ

ကိုရိုနာဗိုင်းရပ်စ် ဒုတိယလှိုင်းနဲ့ ရင်ဆိုင်နေရတဲ့ သြစတြေးလျနိုင်ငံ မဲလ်ဘုန်းမြို့မှာ ဈေးဆိုင်တွေ၊ စက်ရုံတွေ၊ မရှိမဖြစ် မလိုအပ်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ခဲ့ပြီး အလုပ်သမားတစ်သန်းကို အိမ်ပြင်မထွက်ကြဖို့ အမိန့်ထုတ်ခဲ့ပါတယ်။ အစောပိုင်းက ပိတ်ဆို့မှုလုပ်ခဲ့ပေမဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်နိုင်ခြင်းမရှိတဲ့နောက် မဲလ်ဘုန်းမြို့မှာ…

4-8-2020-yyl-008.jpg

ကျွန်းငယ်ပေါ်မှာ သောင်တင်နေတဲ့ မက်ခရိုနီးရှား ရွက်လွှင့်သူ ၃ ယောက်ကို SOS စာသားကြောင့် ကယ်တင်နိုင်ခဲ့

ပစိဖိတ်သမုဒ္ဒရာ အနောက်ပိုင်းက ဝေးလံခေါင်သီတဲ့ ကျွန်းငယ်ပေါ်မှာ သောင်တင်နေတဲ့ မက်ခရိုနီးရှားရွက်လွှင့်သူ ၃ ယောက်ကို ကမ်းခြေပေါ်မှာရေးထားတဲ့ SOS (Save our Soul) စာသားကြောင့် ကယ်ဆယ်ရေးသမားတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့မှာ သြစတြေးလျနဲ့ အမေရိကန်စစ်တပ်လေယာဉ်တွေက မက်ခရိုနီးရှားနိုင်ငံ…

4-8-2020-yyl-007.jpg

ရှားပါးတန်ဇန်နိုက်ကျောက်မျက် ၂ တုံးတွေ့လို့ သန်းချီရခဲ့တဲ့ ကျောက်တူးသမား ရှားပါးကျောက် ထပ်တွေ့လို့ ကန်ဒေါ်လာ ၂ သန်း ထပ်ရ

ပြီးခဲ့တဲ့ဇွန်လက ရှားပါးတန်ဇန်နိုက်ကျောက်မျက် ၂ တုံး ရှာဖွေတွေ့ရှိခဲ့ပြီး အမေရိကန်ဒေါ်လာ ၃.၄ သန်းနဲ့ ရောင်းချနိုင်ခဲ့လို့ နေ့ချင်းညချင်း သန်းကြွယ်သူဌေးဖြစ်ခဲ့တဲ့ တန်ဇန်းနီးယား ကျောက်တူးသမားဟာ နောက်ထပ်ရှားပါးကျောက်မျက်တစ်တုံး တွေ့ရှိခဲ့ပါတယ်။ ဆာနီနီယူလိုက်ဇာ ရှာဖွေတွေ့ရှိခဲ့တဲ့ တတိယမြောက် တန်ဇန်နိုက်ကျောက်မျက်ဟာ အလေးချိန်…