15-7-2020-yyl-011.jpg

ရီးရဲလ်ကို အမီလိုက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဆွာရက်ဇ် ဝန်ခံ

လာလီဂါအမှတ်ပေးဇယားမှာ ရီးရဲလ်ကို အမီလိုက်ဖို့ မဖြစ်နိုင်သလောက်ရှိနေပြီလို့ ဘာစီလိုနာတိုက်စစ်မှူး ဆွာရက်ဇ်က ဝန်ခံခဲ့ပါတယ်။ လာလီဂါရာသီသိမ်းဖို့ ပွဲစဉ်(၂)ပွဲပဲ ကျန်ရှိတော့ချိန်မှာ ရီးရဲလ်က ဘာစီလိုနာကို ၄ မှတ်ဖြတ်ထားသလို ထိပ်တိုက်တွေ့ဆုံမှုအရလည်း အသာရနေလို့ နောက်ထပ် ၂ မှတ်ရရင် လာလီဂါချန်ပီယံဖြစ်တော့မှာပါ။…

15-7-2020-yyl-010.jpg

ချန်ပီယံရှစ် ကလပ်တိုက်စစ်မှူးကို ပရီးမီးယားလိဂ် အောင်ပွဲခံရမှာ ပါဝင်ဆင်နွှဲဖို့ ဂျာဂန်ကလော့ ဖိတ်ခေါ်

ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးမှုအတွက် လီဗာပူးအသင်းရဲ့ အောင်ပွဲခံအခမ်းအနားမှာ ပါဝင်ဆင်နွှဲဖို့ ချန်ပီယံရှစ်ကလပ်အသင်းရဲ့ တိုက်စစ်မှူးတစ်ယောက်ကို လီဗာပူးနည်းပြ ဂျာဂန်ကလော့က ဖိတ်ခေါ်ခဲ့ပါတယ်။ ဝိုင်ကွန်ဘီဝမ်းဒါးအသင်းရဲ့ တိုက်စစ်မှူး အကင်ဖန်ဝါဟာ လီဗာပူးအသင်းကို နှစ်ရှည်လများ အားပေးခဲ့တဲ့ ပရိသတ်တစ်ယောက် ဖြစ်ပါတယ်။ ဝိုင်ကွန်ဘီဝမ်းဒါးအသင်းဟာ အောက်စဖို့ဒ်ယူနိုက်တက်အသင်းနဲ့…

15-7-2020-yyl-009.jpg

ဗြိတိန်ကုမ္ပဏီတွေကို ဟွာဝေးရဲ့ 5G ကွန်ရက်ကိရိယာတွေ ဝယ်ယူခွင့် ပိတ်ပင်

ဗြိတိန်နိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီတွေအနေနဲ့ လာမယ့်ဒီဇင်ဘာလ ၃၁ ရက်နောက်ပိုင်း ဟွာဝေး(Huawei)ကုမ္ပဏီရဲ့ 5G ကွန်ရက် ကိရိယာသစ်တွေကို ဝယ်ယူခွင့်မရှိသလို ၂၀၂၇ ခုနှစ်နောက်ဆုံးထားပြီး သူတို့ရဲ့ကွန်ရက်တွေမှာ အသုံးပြုနေတဲ့ ဟွာဝေးကုမ္ပဏီရဲ့ 5G ကွန်ရက်ကိရိယာအားလုံးကို ဖယ်ရှားဖို့ ဗြိတိန်အစိုးရက ကြေညာခဲ့ပါတယ်။…

15-7-2020-yyl-008.jpg

အာမေးနီးယား- အဇာဘိုင်ဂျန် နယ်စပ်မှာ တိုက်ပွဲဖြစ်ပွားလို့ အဇာဘိုင်ဂျန်ဗိုလ်ချုပ်နဲ့ အရာရှိ ၅ ယောက် ကျဆုံး

အာမေးနီးယားနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားတဲ့ သုံးရက်မြောက်နေ့မှာ အဇာဘိုင်ဂျန်စစ်တပ်ရဲ့ ဗိုလ်ချုပ်တစ်ယောက်နဲ့ အရာရှိ ၅ ယောက် ကျဆုံးခဲ့ပါတယ်။ ဒါ့အပြင် အဇာဘိုင်ဂျန်စစ်တပ်ရဲ့ တပ်သားတစ်ယောက်လည်း ကျဆုံးခဲ့လို့ စုစုပေါင်း သေဆုံးသူ ၁၁ ယောက်အထိ ရှိလာခဲ့ပါတယ်။ အာမေးနီးယားဘက်ကလည်း အရာရှိ…

15-7-2020-yyl-007.jpg

ပြည်ပကျောင်းသားတွေကို မိခင်နိုင်ငံထံ ပြန်ပို့မယ့်အစီအစဉ်ကို အမေရိကန်အစိုးရ ရုပ်သိမ်း

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အွန်လိုင်းကနေ ပညာသင်ကြားရမယ့် ပြည်ပကျောင်းသားတွေကို မိခင်နိုင်ငံတွေထံ ပြန်ပို့မယ့်အစီအစဉ်ကို သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်အစိုးရက ရုပ်သိမ်းလိုက်ပါပြီ။ အဲဒီမူဝါဒကို ကြေညာပြီး တစ်ပတ်အကြာမှာ အမေရိကန်အစိုးရက ပြန်ရုပ်သိမ်းခဲ့တာပါ။ နှစ်စဉ်နှစ်တိုင်း အမေရိကန်နိုင်ငံကို လာရောက် ပညာသင်ကြားတဲ့ ပြည်ပကျောင်းသား၊…

S6.jpg

လက်‌ဝှေ့ဆိုတာ သွေးကြောင်ရင် ဘေးရှောင်နေရမယ့် အားကစားပါ ဆိုတဲ့ ပေါ်တူဂီဖိုက်တာ ကယ်လာဒို

” လက်‌ဝှေ့ဆိုတာ သွေးကြောင်ရင် ဘေးရှောင်နေရမယ့် အားကစားဖြစ်လို့ တကယ့်စစ်သည်တော်တွေနဲ့ပဲ ကိုက်တယ်”လို့ ဆိုလာသူကတော့ ပေါ်တူဂီဖိုက်တာ ဒီယိုဂိုကယ်လာဒိုပဲ ဖြစ်ပါတယ်။ သူဟာ မွေထိုင်းအကျော်အမော် ယော့ဆန်ကလိုင်းနဲ့ အကြိတ်အနယ် ထိုးသတ်နိုင်ခဲ့သူဖြစ်ပြီး Enfusion ကမ္ဘာ့ချန်ပီယံ၊ WBC ဥရောပချန်ပီယံ၊…

14-7-2020-yyl-008.jpg

ပြင်သစ်နိုင်ငံမှာ စပါးနောက်ခံလူ ဆာ့ဂျ်အူရီရာရဲ့ညီ ပစ်သတ်ခံရ

စပါးနောက်ခံလူ ဆာ့ဂျ်အူရီရာရဲ့ ညီဖြစ်သူဟာ ပြင်သစ်နိုင်ငံ တူးလု့စ်မြို့ရဲ့ ညကလပ်အပြင်ဘက်မှာ ပစ်သတ်ခံခဲ့ရပါတယ်။ ဗိုက်ကို သေနတ်မှန်ထားတဲ့ ခရစ္စတိုဖာအူရီရာကို အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့က ဆေးရုံတင်ပို့ခဲ့ပေမဲ့ ဆေးရုံမှာ ကွယ်လွန်သွားခဲ့တာပါ။ သူ့ကို ပစ်ခတ်ခဲ့တယ်လို့ သံသယရှိသူကတော့ အခင်းဖြစ်ပွားရာနေရာကနေ ထွက်ပြေးလွတ်မြောက်သွားခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ယောက်က…

14-7-2020-yyl-007.jpg

၂ မှတ်ရရင် လာလီဂါဖလား ဆွတ်ခူးနိုင်တော့မယ့် ရီးရဲလ်

ဂရန်နာဒါကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ ရီးရဲလ်အသင်းက လက်ကျန်ပွဲစဉ်(၂)ပွဲမှာ ၂ မှတ်ရရင် လာလီဂါဖလားကို ဆွတ်ခူးနိုင်တော့မှာပါ။ ရီးရဲလ်ဟာ လာလီဂါပွဲစဉ်(၃၆)ပွဲ ကစားပြီးချိန်မှာ အဆင့်(၂) နေရာက ဘာစီလိုနာအသင်းကို ၄ မှတ်ဖြတ်ထားပြီး ထိပ်တိုက်တွေ့ဆုံမှုအရလည်း အသာရနေတဲ့အတွက် နောက်ထပ်(၂)မှတ်ရရင် လာလီဂါဖလား…

14-7-2020-yyl-006.jpg

ပြင်သစ်အစိုးရက ကျန်းမာရေး ဝန်ထမ်းတွေကို လုပ်ခလစာ ယူရို ၈ ဘီလျံ တိုးပေးဖို့ သဘောတူညီ

ပြင်သစ်အစိုးရက ကျန်းမာရေးဝန်ထမ်းတွေကို လုပ်ခလစာ ယူရို ၈ ဘီလျံ တိုးမြှင့်ပေးအပ်ဖို့ သဘောတူညီခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်ရာမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ စိုးတထိတ်ထိတ်အခြေအနေမျိုးနဲ့ သီတင်းပတ် ၇ ပတ်ကြာအောင် ဆွေးနွေးခဲ့ပြီးနောက်မှာတော့ ပြီးခဲ့တဲ့တနင်္လာနေ့က ကုန်သွယ်ရေးသမဂ္ဂတွေနဲ့…

14-7-2020-yyl-005.jpg

အစိုးရတွေ ထိထိရောက်ရောက် မလုပ်ရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ပိုဆိုးလာလိမ့်မယ်လို့ WHO သတိပေး

ကမ္ဘာ့နိုင်ငံတွေရဲ့ အစိုးရအဖွဲ့တွေက ထိထိရောက်ရောက် မလုပ်ဘူးဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ပိုဆိုးရွားလာလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က သတိပေးခဲ့ပါတယ်။ နိုင်ငံတော်တော်များများက လမ်းမှားကို ဦးတည်နေပြီး သက်သေပြပြီးသား စည်းမျဉ်းတွေကို လိုက်နာကျင့်သုံးခြင်းမရှိလို့ ကူးစက်ခံရသူတွေ မြင့်တက်နေတယ်လို့ WHO ရဲ့…