yyl-022-15.jpg

ဗင်းဆင့်ဗန်ဂိုးရဲ့ကိုယ်တိုင်ရေးပုံတူပန်းချီကားက အစစ်လို့ ဆုံးဖြတ်

နှစ်အတော်ကြာအောင် ဝေခွဲမရဖြစ်ခဲ့တဲ့ ဗင်းဆင့်ဗန်ဂိုးရဲ့ ကိုယ်တိုင်ရေးပုံတူ ပန်းချီကားက အစစ်ဖြစ်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ဆုံးဖြတ်ခဲ့ပါတယ်။ ဗင်းဆင့်ဗန်ဂိုးဟာ ၁၈၈၉ ခုနှစ်မှာ စိတ်ရောဂါခံစားခဲ့ရပြီးနောက်ပိုင်း Self Portrait လို့ အမည်ပေးထားတဲ့ ပုံတူပန်းချီကားကို ရေးဆွဲခဲ့တာပါ။ ၁၉၇၀ ပြည့်နှစ်လောက်ကစပြီး…

yyl-021-13.jpg

ဘီလျံနာက တစ်လကို ကန်ဒေါ်လာ ၃၀၀ ထောက်ပံ့ပေးမယ့်အတွက် ဇင်ဘာဘွေဆရာဝန်တွေ သပိတ်လှန်

ခြောက်လတာအတွင်း တစ်လကို အမေရိကန်ဒေါ်လာ ၃၀၀ ထောက်ပံ့ပေးမယ်ဆိုတဲ့ ဆက်သွယ်ရေးလုပ်ငန်းဘီလျံနာရဲ့ ကမ်းလှမ်းချက်ကို ဇင်ဘာဘွေနိုင်ငံ အစိုးရဆေးရုံတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ဂျူနီယာဆရာဝန်တွေက လက်ခံခဲ့ပြီး (၄)လကြာမြင့်တဲ့ သပိတ်ဆင်နွှဲမှုကို အဆုံးသတ်ခဲ့ပါတယ်။ လုပ်ခလစာ နည်းပါးတာ၊ ဆေးဘက်ဆိုင်ရာ ကိရိယာနဲ့ ဆေးဝါးမလုံလောက်လို့…

yyl-020-14.jpg

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူတွေကို ကုသနိုင်ဖို့ ဝူဟန်မြို့မှာ ခုတင် ၁၀၀၀ ဆေးရုံကို တက်သုတ်ရိုက် တည်ဆောက်နေ

ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရသူတွေကို ကုသနိုင်ဖို့အတွက် တရုတ်နိုင်ငံ ဝူဟန်မြို့မှာ ခုတင် ၁၀၀၀ ဆေးရုံသစ်ကို သုတ်ခြေတင် တည်ဆောက်နေပါတယ်။ တရုတ်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်သစ် ကူးစက်ခံရလို့ လူ ၂၆ ယောက် သေဆုံးခဲ့ပြီး ဗိုင်းရပ်စ်ကူးစက်ခံရသူ ၈၀၀ ကျော်…

yyl-019-13.jpg

လူမြင်ကွင်းမှာ ညဝတ်အင်္ကျီဝတ်သူတွေကို အရှက်ခွဲတဲ့လုပ်ရပ်အတွက် တရုတ်အရာရှိတွေ ပြန်တောင်းပန်

လူမြင်ကွင်းမှာ ညဝတ်အင်္ကျီဝတ်တဲ့သူတွေကို လူသိရှင်ကြား အရှက်ခွဲခဲ့တဲ့လုပ်ရပ်အတွက် တရုတ်နိုင်ငံ ဆူကျိုးမြို့ အရာရှိတွေက ပြန်တောင်းပန်ခဲ့ပါတယ်။ အန်းဟွေးပြည်နယ် ဆူကျိုးမြို့ အစိုးရအရာရှိတွေက လူမြင်ကွင်းမှာ ညဝတ်အင်္ကျီဝတ်သူ ၇ ယောက်ရဲ့ ဓာတ်ပုံတွေကို ထုတ်ဖော်ပြသခဲ့ပြီး မယဉ်ကျေးတဲ့ အပြုအမူဖြစ်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။…

yyl-012-15.jpg

တတိယတန်းကလပ်ကို ရှုံးပြီး စပိန်ဘုရင့်ဖလားက ထွက်ခဲ့ရတဲ့ အက်သလက်တီကို

အက်သလက်တီကိုအသင်းဟာ စပိန်ဘုရင့်ဖလား(၃၂)သင်းအဆင့်မှာ တတိယတန်းကလပ် လီယွန်နီဆာအသင်းကို ၂-၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ပြိုင်ပွဲကနေ အံ့အားသင့်ဖွယ် ထွက်ခွာခဲ့ရပါတယ်။ အက်သလက်တီကိုဟာ ပွဲချိန်(၆၂)မိနစ်မှာ ကော်ရီရာရဲ့ဂိုးနဲ့ ဦးဆောင်နိုင်ခဲ့ပေမဲ့ ထပ်ဆောင်းအချိန်ပိုမှာ လီယွန်နီဆာအသင်းက ချေပဂိုးပြန်သွင်းခဲ့လို့ အချိန်ပိုကစားခဲ့ရပြီး အချိန်ပိုမှာ ဘင်နီတိုက…

yyl-012-1.png

ဝုဗ်ကို အနိုင်ရတဲ့ပွဲမှာ လီဗာပူးတိုက်စစ်မှူး မာနေး ဒဏ်ရာရ

ဝုဗ်ကို အနိုင်ရခဲ့တဲ့ပွဲမှာ မာနေး ဒဏ်ရာရခဲ့တဲ့ ပရီးမီးယားလိဂ်ဖလား ဆွတ်ခူးနိုင်ရေး ကြိုးပမ်းနေတဲ့ လီဗာပူးအတွက် ထိုးနှက်ချက်တစ်ရပ် ဖြစ်လာခဲ့ပါတယ်။ မာနေးဟာ ပွဲချိန်မိနစ်(၃၀)အကြာမှာ တံကောက်ကြောဒဏ်ရာရသွားဖွယ်ရှိပြီး ခြေထောက်ကို အားယူထောက်နေရတဲ့ အခြေအနေဖြစ်ခဲ့ပါတယ်။ ကွင်းဘေးစည်းမှာ ဆေးကုသမှုခံယူခဲ့ပေမဲ့ ဆက်မကစားနိုင်တော့ဘူးလို့ မာနေးက…

yyl-011.png

မြောက်ကိုရီးယားစစ်တပ်အရာရှိဟောင်းကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်

သံတမန်အတွေ့အကြုံ သိပ်မရှိတဲ့ မြောက်ကိုရီးယားစစ်တပ်အရာရှိဟောင်း ရီဆန်ဂွမ်ကို နိုင်ငံခြားရေးဝန်ကြီးသစ်အဖြစ် ခန့်အပ်လိုက်တယ်လို့ မြောက်ကိုရီးယားနိုင်ငံက အတည်ပြုပါတယ်။ ရီဆန်ဂွမ်ဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်လက်ထက်မှာ ယခုနောက်ဆုံး ရာထူးတိုးမြှင့်ခံရတဲ့ စစ်တပ်အရာရှိဖြစ်လာခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က သံရုံးတွေ၊ နိုင်ငံတကာအဖွဲ့အစည်းတွေအတွက် မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက တည်ခင်းဧည့်ခံတဲ့ နှစ်သစ်ကူးညစာစားပွဲမှာ…

yyl-010.png

စပိန်နိုင်ငံမှာ အင်အားပြင်းမုန်တိုင်းတိုက်လို့ သေဆုံးသူ ၁၃ ယောက်ရှိလာ

စပိန်နိုင်ငံ တချို့ဒေသတွေမှာ မိုးသက်လေပြင်း ကျရောက်စေခဲ့တဲ့ မုန်တိုင်းတိုက်ခတ်မှုကြောင့် သေဆုံးသူ ၁၃ ဦးအထိ မြင့်တက်လာခဲ့ပါတယ်။ ဂလိုရီယာမုန်တိုင်း(Gloria)ကြောင့် ရေကြီးရေလျှံပြီး လမ်းတွေ ရေတိုက်စားခံရလို့ လူ ၄ ယောက် ပျောက်ဆုံးနေတယ်လို့ စပိန်နိုင်ငံအာဏာပိုင်တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့မှာ…

yyl-009-15.jpg

ဝူဟန်မြို့သူတစ်ယောက်က ဆေးသောက်ပြီး ပဲရစ်လေဆိပ်ရဲ့ ကျန်းမာရေးစစ်ဆေးမှုကို ဖြတ်ကျော်

ဆေးသောက်ပြီး လေဆိပ်ရဲ့ ကျန်းမာရေးစစ်ဆေးမှုကို ကျော်ဖြတ်ခဲ့တယ်လို့ဆိုတဲ့ ဝူဟန်မြို့က အမျိုးသမီးတစ်ယောက်ကို ပါရီမြို့မှာရှိတဲ့ တရုတ်သံရုံးက ခြေရာခံရှာဖွေနိုင်ခဲ့ပါတယ်။ သူ့အနေနဲ့ အဖျားရောဂါ ခံစားခဲ့ရပေမဲ့ ရောဂါလက္ခဏာမပြအောင် ဆေးနဲ့ထိန်းနိုင်ခဲ့တယ်လို့ အဲဒီအမျိုးသမီးက လူမှုကွန်ရက်ပေါ် ဖော်ပြခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သူက ပြင်သစ်မီချီလင်…

yyl-001-15.jpg

ပလတ်စတစ်အမှိုက်တွေကို စာသင်ခန်းအဖြစ် အသွင်ပြောင်းလဲခြင်း

ပလတ်စတစ်အမှိုက်တွေ အဆမတန်များပြီး စာသင်ခန်း မလုံလောက်တာက ဆင်းရဲတဲ့နိုင်ငံတွေ အထူးသဖြင့် အာဖရိကနိုင်ငံတွေအတွက် ပြဿနာတစ်ရပ် ဖြစ်ခဲ့ပါတယ်။ အခုအချိန်မှာတော့ အာဖရိကတိုက် အနောက်ပိုင်းက စက်ရုံတစ်ခုဟာ ပလတ်စလစ်အမှိုက်တွေ၊ ဖိနပ်အစုတ်အပြတ်တွေ၊ ကားတာယာ အဟောင်းတွေကို ကုန်ကြမ်းအဖြစ် အသုံးပြုထားတဲ့ ပလတ်စတစ်အုတ်တွေ…