yyl-014-6.jpg

အမျိုးသမီးတွေကို ဆာဘရီမာလာဘုရားကျောင်းထဲ ဝင်ခွင့်ပေးတဲ့ အမိန့်ချမှတ်မှုအပေါ် အထက်တရားရုံးချုပ် ပြန်လည်သုံးသပ်မယ်

ဓမ္မတာလာတဲ့အရွယ် အမျိုးသမီးတွေကို ဆာဘရီမာလာ ဟိန္ဒူဘုရားကျောင်းထဲ ဝင်ခွင့်ပြုတဲ့ သမိုင်းဝင်အမိန့်ချမှတ်မှုကို အိန္ဒိယနိုင်ငံ အထက်တရားရုံးချုပ်က ပြန်လည်သုံးသပ်ဖို့ သဘောတူညီခဲ့ပါတယ်။ အိန္ဒိယနိုင်ငံတောင်ပိုင်း ကီရာလာပြည်နယ်မှာရှိတဲ့ ဆာဘရီမာလာဘုရားကျောင်းဟာ အသက် ၁၀ နှစ်ကနေ အသက် ၅၀ ကြားအရွယ်ရှိတဲ့ အမျိုးသမီးတွေကို…

yyl-013-6.jpg

တက္ကသိုလ်အဆောင်ထဲမှာ ဘင်္ဂလားဒေ့ရှ်ကျောင်းသား အသတ်ခံရမှုအတွက် လူ ၂၅ ယောက်ကို စွဲချက်တင်

ဘင်္ဂလားဒေ့ရှ်အစိုးရကို လူမှုကွန်ရက်ပေါ်မှာ ဝေဖန်ခဲ့တဲ့ တက္ကသိုလ်ကျောင်းသားတစ်ယောက် အသတ်ခံရတဲ့ဖြစ်ရပ်အတွက် ရဲတပ်ဖွဲ့က လူ ၂၅ ယောက်ကို စွဲချက်တင်လိုက်ပါတယ်။ အသက် ၂၁ နှစ်ရှိတဲ့ အေဘရာဖာဟတ်ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်အင်ဂျင်နီယာတက္ကသိုလ်မှာ ပညာသင်ကြားနေသူပါ။ သူဟာ ပြီးခဲ့တဲ့…

yyl-012-7.jpg

ဘိုလစ်ဗီးယားနိုင်ငံမှာ ယာယီသမ္မတကို လက်မခံသူတွေနဲ့ အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ကြား ရုန်းရင်းဆန်ခတ်ဖြစ်

ဘိုလစ်ဗီးယားနိုင်ငံမှာ သမ္မတဟောင်း မိုရာလက်စ်ကို အားပေးထောက်ခံသူတွေက ယာယီသမ္မတသစ်ရဲ့ အုပ်ချုပ်မှုကို ဆန့်ကျင်ခဲ့ကြပြီး အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့တွေနဲ့ ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ပါတယ်။ ပြီးခဲ့တဲ့လက ကျင်းပခဲ့တဲ့ သမ္မတ ရွေးကောက်ပွဲမှာ မဲမသမာမှုတွေရှိခဲ့လို့ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပြီး ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ…

yyl-011-7.jpg

ကျောင်းသားတွေကို သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ ဆရာမ ဖမ်းဆီးခံရ

အမေရိကန်နိုင်ငံ ဝါရှင်တန်ပြည်နယ်မှာနေထိုင်တဲ့ ဆရာမတစ်ယောက်ဟာ ကျောင်းသားတွေကို သေနတ်နဲ့ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့အတွက် ဖမ်းဆီးခံခဲ့ရပါတယ်။ အသက် ၅၈ နှစ်အရွယ်ရှိတဲ့ ဆရာမ ဂျုံးစ်ဟာ ဆီယက်တယ်မြို့တောင်ဘက် ၃၅ မိုင်အကွာမှာရှိတဲ့ အမ်မရယ်ရစ်ချ်အထက်တန်းကျောင်းမှာ ဂျီသြမေတြီပညာရပ် သင်ကြားနေသူပါ။ သူ့အနေနဲ့ ကျောင်းသားတွေကို…

yyl-010-6.jpg

အပစ်အခတ်ရပ်စဲမှု စတင်ပြီး နာရီပိုင်းအကြာမှာ ပါလက်စတိုင်းလက်နက်ကိုင်တွေက အစ္စရေးကို ဒုံးကျည်တွေနဲ့ ပစ်ခတ်

အပစ်အခတ်ရပ်စဲမှု စတင်ပြီး နာရီပိုင်းအကြာမှာပဲ ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ ပါလက်စတိုင်း လက်နက်ကိုင်တွေက အစ္စရေးနိုင်ငံကို ဒုံးကျည်တွေနဲ့ ပစ်ခတ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ အစ္စရေးနိုင်ငံရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှာရှိတဲ့ Palestinian Islamic Jihad အဖွဲ့ ထိပ်တန်းခေါင်းဆောင် အယ်အတာနဲ့ သူ့ဇနီး…

yyl-009-4.jpg

အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးအတွက် အိန္ဒိယစစ်တပ်က စက်ရုပ်တွေ အသုံးပြုတော့မယ်

ဂျမူးနဲ့ ကက်ရှ်မီးယားဒေသမှာ အကြမ်းဖက်မှု ဆန့်ကျင်တိုက်ဖျက်ရေးလှုပ်ရှားမှုအတွက် အနည်းဆုံး ၂၅ နှစ် အသုံးတော်ခံနိုင်မယ့် စောင့်ကြည့်ရေးစက်ရုပ် ၅၅၀ နီးပါး အသုံးပြုနိုင်ဖို့အတွက် အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက စတင်လုပ်ဆောင်နေပြီလို့ သတင်းရင်းမြစ်တစ်ရပ်က ပြောပါတယ်။ အဲဒီစက်ရုပ်တွေက လှေကားထစ်တက်နိုင်ပြီး အတားအဆီးတွေကို ရှောင်ရှားသွားနိုင်စွမ်း…

yyl-008-7.jpg

နှစ် ၅၀ အတွင်း အမြင့်ဆုံး ဒီရေတက်လို့ ဗင်းနစ်မြို့ ရေဖုံးလွှမ်း

အီတလီနိုင်ငံရဲ့ အထင်ကရမြို့ဖြစ်တဲ့ ဗင်းနစ်မြို့မှာ အမြင့် ၆ ပေအထိ ရေဖုံးလွှမ်းခဲ့လို့ အရေးပေါ်အခြေအနေ ကြေညာရလုနီးပါး ဖြစ်နေပါတယ်။ ယူနက်စကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်တဲ့ ဗင်းနစ်မြို့ဟာ နှစ် ၅၀ ကျော်အတွင်း အမြင့်ဆုံး ဒီရေတက်မှု ကြုံခဲ့ရလို့ မြို့ရဲ့…

yyl-6.jpg

ခါဘီနဲ့ တိုနီဖာဂူဆန်ပွဲ ဖြစ်မြောက်အောင် ဆွေးနွေးနေတယ်လို့ အတည်ပြု

လာမယ့်နှစ်မှာ ရုရှားကိုယ်ခံပညာရှင် ခါဘီနာမာဂိုမီဒေါ့ဗ်နဲ့ အမေရိကန်ကိုယ်ခံပညာရှင် တိုနီဖာဂူဆန်တို့ပွဲစဉ် ဖြစ်မြောက်အောင် ဆွေးနွေးမှုတွေ လုပ်နေတယ်လို့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်က အတည်ပြုခဲ့ပါတယ်။ လိုက်ဝိတ်ချန်ပီယံ ခါဘီနဲ့ ပရိသတ် အသည်းကျော် တိုနီဖာဂူဆန်တို့ဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း ထိုးသတ်မယ်လို့ သတင်းထွက်ခဲ့ပေမဲ့…

yyl-5.jpg

မန်ယူနဲ့ စာချုပ်သက်တမ်းတိုးဖို့ တာဟစ်ချောင် ငြင်းဆန်လို့ သတင်းထွက်

မန်ယူလူငယ်ကစားသမား တာဟစ်ချောင်ဟာ ပေါ့ဘာရဲ့ ခြေရာနင်းပြီး ဂျူဗင်တပ်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ဖို့ ဆန္ဒရှိနေတယ်လို့ အီတလီမီဒီယာတစ်ခုက ဖော်ပြပါတယ်။ အသက် ၁၉ နှစ်ရှိတဲ့ တာဟစ်ချောင်ဟာ လာမယ့်ဇွန်လကျရင် မန်ယူအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။ သူ့အနေနဲ့ တခြားအသင်းမှာ…

yyl-4.jpg

လက်ဝှေ့လောကကနေ အနားယူရင် MMA ထိုးမယ်ဆိုတဲ့ တိုင်ဆန်ဖျူရီ

လက်ဝှေ့လောကကနေ အနားယူရင် UFC ကြယ်ပွင့် ဖရန်ဆစ်ဂန်နျူနဲ့ MMA ပွဲစဉ် ထိုးသတ်ဖို့ သဘောတူညီထားတယ်လို့ ဗြိတိန်လက်ဝှေ့သမား တိုင်ဆန်ဖျူရီက ပြောပါတယ်။ ဂျစ်ပစီကင်းလို့ ချစ်စနိုးခေါ်ကြတဲ့ တိုင်ဆန်ဖျူရီဟာ သိပ်မကြာသေးခင်က သူ့ရဲ့ ပွဲဦးထွက် နပန်းပွဲမှာ စထရောမန်းကို…