yyl-020-5.jpg

တရားရေးဌာနဝန်ကြီးသစ် ခန့်အပ်မှုကို တောင်ကိုရီးယားနိုင်ငံရေးသမားတွေ ခေါင်းတုံးတုံးပြီး ကန့်ကွက်ဆန္ဒပြ

အကျင့်ပျက်ခြစားတယ်ဆိုတဲ့ စွပ်စွဲမှုတွေ ရင်ဆိုင်နေရသူကို တရားရေးဌာနဝန်ကြီးအဖြစ် ခန့်အပ်လိုက်တဲ့အပေါ် ဆန္ဒပြတဲ့အနေနဲ့ တောင်ကိုရီးယား နိုင်ငံရေးသမား (၃)ယောက်က ခေါင်းတုံးတုံးခဲ့ကြပါတယ်။ အခုနောက်ဆုံး ခေါင်းတုံးတုံးခဲ့သူကတော့ တောင်ကိုရီးယားနိုင်ငံရဲ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ဟွမ်ကျိုအန် ဖြစ်ပါတယ်။ သူဟာ ပြီးခဲ့တဲ့တနင်္လာနေ့ ညနေပိုင်းက သမ္မတအိမ်တော်(အိမ်ပြာတော်)အပြင်ဘက်မှာ…

yyl-019-5.jpg

ကင်ဆာရောဂါကနေ အသက်ရှင်လွတ်မြောက်လာတဲ့ အမျိုးသမီးက အင်္ဂလိပ်ရေလက်ကြားကို မရပ်မနား (၄)ကြိမ်ကူးခတ်ပြီး စံချိန်တင်

ကင်ဆာရောဂါကနေ အသက်ရှင်လွတ်မြောက်လာတဲ့ အမျိုးသမီးတစ်ယောက်ဟာ အင်္ဂလိပ်ရေလက်ကြားကို (၄)ကြိမ်တိုင်တိုင် မရပ်မနား ကူးခတ်နိုင်ခဲ့ပါတယ်။ အသက်(၃၇)နှစ်ရှိတဲ့ ဆာရာဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ နံနက်အစောပိုင်းမှာ အဲဒီစိန်ခေါ်မှုကို စတင်ခဲ့ပြီး (၅၄)နာရီအကြာမှာ အောင်မြင်စွာ အဆုံးသတ်နိုင်ခဲ့ပါတယ်။ ရင်သားကင်ဆာရောဂါ ကုသမှုတွေ ပြီးပြတ်ပြီး…

yyl-018-7.jpg

ရေတံခွန်ပေါ်ကနေ ပြုတ်ကျပြီး ခြေထက်ပိုင်းကျိုးခဲ့သူက ၂ မိုင်အကွာအဝေးအထိ တရွတ်ဆွဲသွားနိုင်ခဲ့လို့ အသက်ရှင်

သြစတြေးလျနိုင်ငံသား ဝါရင့်တောကြမ်းခရီးနှင်သူတစ်ယောက်ဟာ တောင်ပေါ်မှာ တစ်ကိုယ်တော်ခရီးနှင်နေတုန်း ရေတံခွန်ပေါ်က ပြုတ်ကျခဲ့လို့ ခြေထပ်ပိုင်းကျိုးခဲ့ပေမဲ့ ၂ မိုင်အကွာအဝေးအထိ တရွတ်ဆွဲသွားနိုင်ခဲ့လို့ အသက်ရှင်ခဲ့ပါတယ်။ အသက်(၅၄)နှစ်ရှိတဲ့ နေးလ်ပါကာဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဘရစ္စဘိန်းမြို့ အနောက်မြောက်ဘက်မှာရှိတဲ့ နီဘိုတောင်ပေါ်မှာ တောကြမ်းခရီးနှင်နေတုန်း ရေတံခွန်ထိပ်ကနေ ခြေချော်ပြီး…

yyl-017-5.jpg

တိုက်လေယာဉ်ပျက်ကျချိန်မှာ ခုန်ထွက်ခဲ့တဲ့လေယာဉ်မှူးက မဟာဓာတ်အားလိုင်း ဓာတ်ကြိုးပေါ် ချိတ်မိနေ

ပြင်သစ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ ဘယ်လ်ဂျီယံလေတပ်ရဲ့ F-16 တိုက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ပြီး လေယာဉ်ထဲကနေ ခုန်ထွက်လာတဲ့ လေယာဉ်မှူးတစ်ယောက်ကတော့ ဗို့အားပြင်းတဲ့ ဓာတ်ကြိုးပေါ် ချိတ်မိနေခဲ့လို့ ကယ်တင်ခဲ့ရပါတယ်။ ပြင်သစ်နိုင်ငံ ဘရစ်တနီဒေသမှာရှိတဲ့ လိုရီယန့်မြို့နားမှာ တိုက်လေယာဉ်ထဲကနေ လေယာဉ်မှူး ၂ ယောက်လုံး…

yyl-016-6.jpg

အိပ်မက်ယောင်ပြီး လက်ထပ်လက်စွပ်ကို မျိုချမိတဲ့ အမျိုးသမီး ခွဲစိတ်မှုခံယူခဲ့ရ

အမေရိကန်အမျိုးသမီးတစ်ယောက်ဟာ အိပ်မက်ယောင်ပြီး လက်ထပ်လက်စွပ်ကို မျိုချမိခဲ့လို့ ခွဲစိတ်မှုလုပ်ခဲ့ရပါတယ်။ အသက်(၂၉)နှစ်ရှိတဲ့ ဂျင်နာအီဗန်ဟာ ခင်ပွန်းလောင်း ဘော်ဘီနဲ့အတူ အမြန်ရထားစီးနေတုန်း လူဆိုးတွေနဲ့ကြုံရချိန်မှာ လက်ထပ်လက်စွပ် အလုမခံရအောင်လို့ မျိုချလိုက်တယ်ဆိုပြီး အိပ်မက်မက်ခဲ့ပါတယ်။ အိပ်မက်က နိုးလာချိန်မှာ သူ့လက်က လက်စွပ်မရှိတော့ပါဘူး။ အဲဒီအချိန်မှာ…

yyl-019-4.jpg

အန္တရာယ်ရှိတဲ့ လေထုညစ်ညမ်းမှုဖြစ်နေပေမဲ့ စင်ကာပူဂရင်းပရီပြိုင်ပွဲကို ပုံမှန်အတိုင်း ဆက်ကျင်းပဖို့ရှိ

စင်ကာပူနိုင်ငံရဲ လေထုညစ်ညမ်းမူပမာဏက အန္တရာယ်ရှိတဲ့ အဆင့် ရောက်နေပေမဲ့ အခုတစ်ပတ်အတွင်း ကျင်းပဖို့ စီစဉ်ထားတဲ့ စင်ကာပူဂရင်းပရီပြိုင်ပွဲကို ပုံမှန်အတိုင်း ဆက်လက်ကျင်းပသွားဖို့ ဖော်မြူလာဝမ်းပြိုင်ပွဲ အရာရှိတွေက မျှော်လင့်နေပါတယ်။ စင်ကာပူနိုင်ငံရဲ့ အိမ်နီးချင်းဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံမှာ သစ်တောမီးရှို့မှုကြောင့် စင်ကာပူနိုင်ငံမှာ (၃)နှစ်ကျော်ကာလအတွင်း…

yyl-018-5.jpg

ဟန်ဆောင်လှဲချမှုတွေ ဖြေရှင်းဖို့ VAR စနစ် အသုံးပြုဦးမှာမဟုတ်

ဟန်ဆောင်လှဲချမှုက ပရီးမီးယားလိဂ်မှာ ပြဿနာတစ်ရပ်ဖြစ်နေပေမဲ့ ဂိုးဧရိယာအတွင်း ဟန်ဆောင်လှဲချမှုတွေကို ဖြေရှင်းဖို့အတွက် VAR (ဗီဒီယိုလက်ထောက်ဒိုင်စနစ်)အသုံးပြုမှာမဟုတ်ဘူးလို့ ဘောလုံးလောကရဲ့ စည်းမျဉ်းရေးဆွဲသူတွေက ပြောပါတယ်။ အင်္ဂါနေ့နံနက်ပိုင်းက ကစားခဲ့တဲ့ အက်စတွန်ဗီလာနဲ့ ဝက်စ်ဟမ်းတို့ ပွဲစဉ်မှာ ဟန်ဆောင်လှဲချတဲ့ဖြစ်ရပ် တော်တော်များများရှိခဲ့ပါတယ်။ ဝက်စ်ဟမ်းဘက်မှာ မက်ခ်နိုဘယ်၊…

yyl-017-3.jpg

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်က အေစီမီလန်ကို ဝယ်ယူဖို့ စိတ်ဝင်စားနေ

ကမ္ဘာ့ဒုတိယအချမ်းသာဆုံးပုဂ္ဂိုလ်က အေစီမီလန်အသင်းကို ပေါင်သန်း ၈၉၀ နဲ့ ဝယ်ယူဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဘားနက်ဒ်အာနော့(Bernard Arnault)ဟာ နာမည်ကျော်ဖက်ရှင်ကုမ္ပဏီ လူးဝစ်ဗစ်တန်(Louis Vuitton)၊ ရှန်ပိန်ကုမ္ပဏီ ဒွန်ပီရစ်နန်နဲ့ တခြားကုန်အမှတ်တံဆိပ် ၆၈ မျိုးကို ပိုင်ဆိုင်သူပါ။…

yyl-016-4.jpg

ဂရစ်ဇ်မန်းကြောင့် အိမ်ကွင်းပိတ်ပင်ခံရဖွယ်ရှိနေတဲ့ ဘာစီလိုနာ

အက်သလက်တီကိုတိုက်စစ်မှူး ဂရစ်ဇ်မန်းကို ခွင့်ပြုချက်မရခင် ကြိုတင်သဘောတူညီချက် ရယူခဲ့တယ်လို့ စစ်ဆေးတွေ့ရှိခဲ့ရင် ဘာစီလိုနာအသင်းအနေနဲ့ နျူးကမ့်ကွင်းကို ပိတ်ပစ်ရတဲ့အထိ အပြစ်ပေးခံရဖို့ ရှိနေတယ်လို့ စပိန်သတင်းတစ်ရပ်မှာ ဖော်ပြထားပါတယ်။ အက်သလက်တီကိုအသင်းနဲ့ ပြင်သစ်တိုက်စစ်မှူး ဂရစ်ဇ်မန်းတို့ ချုပ်ဆိုခဲ့တဲ့ သဘောတူစာချုပ်အရ သူ့ရဲ့ ထွက်ခွာခွင့်လျော်ကြေးကို…

yyl-015-4.jpg

ခါဘီနဲ့ UFC ဥက္ကဋ္ဌက ပရဟိတဖောင်ဒေးရှင်းကို ဒေါ်လာ ၂ သန်း လှူဒါန်း

UFC လိုက်ဝိတ်ချန်ပီယံ ခါဘီနာမာဂိုမီဒေါ့ဗ်နဲ့ UFC ဥက္ကဋ္ဌ ဒါနာဝှိုက်တို့က သူတို့ရဲ့ကတိအတိုင်း အမေရိကန်သိုင်းပေါင်းစုံ ကစားသမား ဒက်စတင်ပိုရာရဲ့ The Good Fight Foundation အတွက် အမေရိကန်ဒေါ်လာ ၂၀၀၀၀၀ လှူဒါန်းပေးခဲ့ပါတယ်။ ရုရှားသိုင်းပေါင်းစုံ ကစားသမား…