67448019_2508487055848866_1779692198145556480_n.jpg

ဒီယွန်တေးဝှိုက်ဒါနဲ့ တိုင်ဆန်ဖျူရီရဲ့ စိတ်မကျေပွဲ ကြန့်ကြာဖို့ရှိ

WBC ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ဒီယွန်တေးဝှိုက်ဒါနဲ့ စိတ်မကျေပွဲ ပြန်ထိုးချင်တဲ့ တိုင်ဆန်ဖျူရီရဲ့ ဆန္ဒအတွက် အတားအဆီးတွေ ရှိလာခဲ့ပါပြီ။ ဘာကြောင့်လဲဆိုရင် ဟဲဗီးဝိတ်တန်းမှာ ရွှေခါးပတ်အားလုံး သိမ်းပိုက်ပြီး အငြင်းပွားစရာမရှိ ချန်ပီယံဖြစ်လာချင်တဲ့ ဒီယွန်တေးဝှိုက်ဒါရဲ့ ရည်မှန်းချက်ကြောင့်ပါပဲ။ ဒီယွန်တေးဝှိုက်ဒါဟာ တိုင်ဆန်ဖျူရီနဲ့ စိတ်မကျေပွဲ…

67277669_2508487415848830_5435239816977448960_n.jpg

စတာလင်ကို လူမျိုးရေးခွဲခြားခဲ့လို့ ချဲလ်ဆီးအသင်းက ပရိသတ်တစ်ယောက်ကို ပွဲကြည့်ခွင့် ရာသက်ပန်ပိတ်ပင်

မန်စီးတီးတိုက်စစ်မှူး စတာလင်ကို လူမျိုးရေးခွဲခြားခဲ့တဲ့ ပရိသတ်တစ်ဦးကို ချဲလ်ဆီးအသင်းက ပွဲကြည့်ခွင့် တစ်သက်တာ ပိတ်ပင်လိုက်ပါတယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလ (၈) ရက်နေ့က မန်စီးတီးကို (၂) ဂိုးပြတ် အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အိမ်ရှင်ချဲလ်ဆီးအသင်း ပရိသတ်တွေက…

67425469_2508487152515523_5673204459992252416_n.jpg

မက်ဂရီဂေါ်နဲ့ အိမ်နီးနားချင်းဖြစ်လာတဲ့ ရော်နယ်ဒို

ရော်နယ်ဒိုဟာ စပိန်နိုင်ငံ မာဘယ်လာမြို့မှာ ပေါင် (၁.၃) သန်းတန် အားလပ်ရက်အပန်းဖြေစံအိမ် ဝယ်ယူလိုက်တဲ့အတွက် MMA ကစားသမား မက်ဂရီဂေါ်နဲ့ အိမ်နီးနားချင်း ဖြစ်လာခဲ့ပါပြီ။ ရော်နယ်ဒို ဝယ်ယူလိုက်တဲ့ အပန်းဖြေစံအိမ်မှာ အိပ်ခန်း (၄) ခန်းပါဝင်ပြီး ရေကူးကန်၊…

67498569_2508487372515501_910440974063239168_n.jpg

ရီးရဲလ်ကိုရောက်လာချိန်မှာ အဝလွန်နေတဲ့ ဟာဇက်

နွေရာသီ အပြောင်းအရွှေ့ကာလမှာ ချဲလ်ဆီးကနေ ရီးရဲလ်ကို ပြောင်းရွှေ့လာတဲ့ ဟာဇက်က အဝလွန်နေတယ်လို့ စပိန်မီဒီယာတွေက ဖော်ပြပါတယ်။ အသက် (၂၈) နှစ်ရှိတဲ့ ဘယ်လ်ဂျီယံအသင်းခေါင်းဆောင် ဟာဇက်ကို ခေါ်ယူဖို့အတွက် ရီးရဲလ်က ကနဦးပြောင်းရွှေ့ကြေး ပေါင် (၈၈.၅) သန်းပေးခဲ့ရပြီး…

67406683_2499761490054756_8662558194008064_n.jpg

ယူအေအီးနိုင်ငံမှာ ကုလားအုတ်ချေးခြောက်သုံးပြီး ဘိလပ်မြေစက်ရုံကိုစွမ်းအင်ပေး

ယူအေအီးနိုင်ငံမှာ ကုလားအုတ်ချေးခြောက်ကိုအသုံးပြုပြီး ဘိလပ်မြေစက်ရုံကိုစွမ်းအင်ပေးနေပါတယ်။ ယူအေအီးနိုင်ငံမြောက်ပိုင်း ရက်စ်အယ်ခိုင်မာမြို့က လယ်သမားတွေဟာ အစိုးရရဲ့ စီမံချက်အရ ကုလားအုတ်ချေးတွေကို သိုလှောင်ရေးစခန်းတွေမှာသွားပုံရပါတယ်။ ကုလားအုတ်ချေးတွေကို ကျောက်မီးသွေးနဲ့ ရောနယ်ပြီး ဘိလပ်မြေစက်ရုံကဘွိုင်လာအိုးတွေကို စွမ်းအင်ပေးနေပါတယ်။ ကုလားအုတ်ချေး (၂) တန်သုံးရင် ကျောက်မီးသွေးတစ်တန်သက်သာတယ်လို့ ကုမ္ပဏီကလေ့လာတွေ့ရှိခဲ့ပါတယ်။…

67364341_2499759660054939_8229676415998492672_n.jpg

မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည် (၂) စင်းပစ်လွှတ်

မြောက်ကိုရီးယားနိုင်ငံက တာတိုပစ်ဒုံးကျည် (၂) စင်းကို ပင်လယ်ထဲပစ်လွှတ်ခဲ့တယ်လို့ တောင်ကိုရီးယားနိုင်ငံ ပူးတွဲစစ်ဦးစီးချုပ်ရုံးကပြောပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့ နံနက်အစောပိုင်းက မြောက်ကိုရီးယားနိုင်ငံ အရှေ့ဘက်ကမ်းရိုးတန်းမှာရှိတဲ့ ဝမ်ဆန်မြို့ကနေ ဒုံးကျည်တွေပစ်လွှတ်ခဲ့တာပါ။ အဲဒီဒုံးကျည် (၂) စင်းဟာ အမြင့်ပေ (၅၀) ကီလိုမီတာမှာ ပျံသန်းခဲ့ပြီး…

67522133_2499758823388356_4677929850244169728_n.jpg

မီးခိုးကျပ်ကင်ထားတဲ့ဆယ်မွန်ငါးအသားလွှာစားပြီးနောက် လူနှစ်ဦးသေဆုံး

သြစတြေးလျနိုင်ငံမှာ မီးခိုးကျပ်ကင်ထားတဲ့ဆယ်မွန်ငါးအသားလွှာစားပြီး ဘက်တီးရီးယားပိုးကူးစက်ခဲ့လို့ လူနှစ်ဦးသေဆုံးခဲ့ပါတယ်။ နောက်တစ်ယောက်ကတော့ Listeriosis လို့ အမည်ပေးထားတဲ့ ဘက်တီးရီးယားပိုးကူးစက်မှုမှာ အသက်ဘေးကနေလွတ်မြောက်ခဲ့ပါတယ်။ ဗစ်တိုးရီးယားပြည်နယ်၊ နယူးဆောက်ဝေးလ်ပြည်နယ်နဲ့ ကွင်းစ်လန်းပြည်နယ်တွေမှာ ဘက်တီးရီးယားပိုးကူးစက်မှုတွေဖြစ်ပွားခဲ့တာပါ။ သြစတြေးလျနိုင်ငံမှာ ဆယ်မွန်ငါးအများဆုံးထွက်တဲ့ တက်စ်မန်နီယာပြည်နယ်ကနေ ဘက်တီးရီးယားပိုး ကူးစက်မှုစတင်ခဲ့တာလို့ ဒေသခံမီဒီယာတွေကဖော်ပြပါတယ်။…

67343740_2499760503388188_2127434890986127360_n.jpg

အာရုံကြောငြိမ်သက်စေဖို့အတွက် ဂီတဟာ ဆေးတစ်ပါးဖြစ်

ခွဲစိတ်မှုမလုပ်ခင် ကမ္ဘာ့အငြိမ့်ညောင်းဆုံးသံစဉ်နားထောင်ပေးတာက အာရုံကြောတည်ငြိမ်စေတဲ့ ဆေးသောက်သလိုအာနိသင်ရှိတယ်လို့ အမေရိကန်သုတေသီတွေကပြောပါတယ်။ သုတေသီတွေက လူနာ (၁၅၇) ဦးကို သုတေသနလုပ်ခဲ့ကြတာပါ။ လူနာအချို့ကို ခွဲစိတ်မှုမလုပ်ခင် midazolam ဆေးတိုက်ပြီး တချို့လူနာတွေကိုတော့ ဗြိတိန်တေးဂီတအဖွဲ့ Marconi Union ရဲ့ Weightless…

67417631_2499760376721534_33244236576980992_n.jpg

ရေဘေးကနေထွက်ပြေးလာတဲ့ကျားမက လူနေအိမ်ကအိပ်ရာထဲဝင်အိပ်နေ

ရေဘေးသင့်ချိန်မှာ အာသံပြည်နယ် သားရဲတိရစ္ဆာန်ဥယျာဉ်ကနေထွက်ပြေးလာတဲ့ ကျားမတစ်ကောင်က ဒေသခံနေအိမ်တစ်လုံးထဲဝင်ပြီး အိပ်ရာထဲဝင်လှဲနေခဲ့ပါတယ်။ အဲဒီကျားမဟာ ကာဇီရန်ဂါအမျိုးသားဥယျာဉ်ကနေ လွတ်မြောက်လာတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်နဲ့ နီပေါနိုင်ငံတွေမှာ မုတ်သုံမိုးရွာသွန်းပြီး ရေကြီးရေလျှံခဲ့လို့ လူအများအပြားသေဆုံးခဲ့ပါတယ်။ ကာဇီရန်ဂါအမျိုးသားဥယျာဉ်မှာလည်း တိရစ္ဆာန် (၉၂) ကောင်သေဆုံးခဲ့ပါတယ်။…

67165587_2499759490054956_1002680198518276096_o.jpg

ဂျက်အင်ဂျင်တပ်ထားတဲ့ကိရိယာသုံးပြီး အင်္ဂလိပ်ရေလက်ကြားကိုဖြတ်ကျော်ပျံသန်းမှု မအောင်မြင်

ပြင်သစ်နိုင်ငံသားတီထွင်သူတစ်ယောက်ဟာ ဂျက်အင်ဂျင်တပ်ဆင်ထားတဲ့ပျံသန်းရေးကိရိယာအသုံးပြုပြီး အင်္ဂလိပ်ရေလက်ကြားကိုဖြတ်သန်းဖို့ကြိုးပမ်းခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။ Jet Ski ချန်ပီယံဟောင်း ဇာပါတာဟာ ပြင်သစ်နိုင်ငံမြောက်ပိုင်းကနေ အင်္ဂလန်နိုင်ငံတောင်ပိုင်းကို မိနစ် (၂၀) အတွင်း ပျံသန်းနိုင်မယ်လို့ တွက်ဆခဲ့ပါတယ်။ သူဟာ ကြာသပတေးနေ့နံနက်ပိုင်းမှာ ခါလစ်မြို့ကနေပျံသန်းလာခဲ့ပြီး အင်္ဂလန်နိုင်ငံ ဒိုဗာမြို့က…