yyl-2-10-003.jpg

အူစိန်ဘော့ရဲ့စံချိန်ကို ချိုးဖျက်နိုင်ခဲ့တဲ့ အမျိုးသမီး

ကမ္ဘာ့အမြန်ဆုံးလူသားလို့ တင်စားခံခဲ့ရတဲ့ တာတိုအပြေးသမား အူစိန်ဘော့ရဲ့ စံချိန်ကို အမျိုးသမီးတစ်ယောက်က ချိုးဖျက်နိုင်ခဲ့ပါတယ်။ အမေရိကန် အိုလံပစ်တာတိုအပြေးမယ် အလီဆန်ဖီးလစ်ဟာ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲမှာ ကျား-မ မီတာ ၄၀၀ လက်ဆင့်ကမ်းအသင်းနဲ့အတူ ရွှေတံဆိပ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အဲဒီရွှေတံဆိပ်က သူ့အတွက် (၁၂)ခုမြောက်…

30.9.20192.jpg

ဟာဆီနာနဲ့ ICC အပေါ် ဦးကျော်တင့်ဆွေရဲ့ ချက်ကျလက်ကျ ချေပချက်

(၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာဆီနာက နိုင်ငံတကာ အသိုက်အဝန်းကို အားကိုးပြီး ဘင်္ဂါလီအရေးမှာ မြန်မာနိုင်ငံကို ဖိအားပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဘင်္ဂါလီအရေးက (၃)နှစ်လောက်ကြာလာပေမဲ့ ရခိုင်ပြည်နယ်မှာ ဘေးကင်းလုံခြုံမှု၊ လွတ်လပ်စွာ သွားလာလှုပ်ရှားခွင့်နဲ့ သင့်တင့်လျှောက်ပတ်တဲ့…

yyl-013-11.jpg

လောကကောင်းကျိုးအတွက် တစ်နိုင်ငံလုံးနဲ့ တစ်ယောက် ရင်ဆိုင်ရဲသူ သို့မဟုတ် တရုတ်ဆေးသုတေသနပညာရှင် ရှူပင်းဝမ်

လန်ဒန်မြို့က ဟမ့်စတက်(Hampstead) ဇာတ်ရုံမှာ The King of Hell’s Palace ဆိုတဲ့ ပြဇာတ်တစ်ပုဒ်ကို ဖျော်ဖြေတင်ဆက်နေပါတယ်။ တရုတ်အမျိုးသမီးတစ်ယောက်ရဲ့ဘဝအကြောင်းကို ပုံဖော်ထားတဲ့ ပြဇာတ်ပါ။ သူ့နာမည်က ရှူပင်းဝမ်ပါ။ လောကကောင်းကျိုးအတွက် သူမှန်မယ်ထင်ရင် တစ်နိုင်ငံလုံးနဲ့ တစ်ယောက်…

yyl-007-10.jpg

ကမ္ဘာကြီးပူနွေးလာလို့ တိမ်ကောသွားတဲ့ ရေခဲမြစ်အတွက် အောက်မေ့တသခြင်း အခမ်းအနား ကျင်းပ

ကမ္ဘာကြီးပူနွေးလာလို့ တိမ်ကောသွားတဲ့ ဆွစ်ဇာလန်နိုင်ငံက ရေခဲမြစ်အတွက် အဲလ်ပ်တောင်တန်းပေါ်မှာ အောက်မေ့တသမှု အခမ်းအနား ကျင်းပခဲ့ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ အရှေ့မြောက်ပိုင်း ဂလာရုစ်အဲလ်ပ်တောင်တန်းပေါ်မှာရှိတဲ့ ပိုင်ဇိုရေခဲမြစ်ဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း အနည်းဆုံး ၈၀ ရာခိုင်နှုန်းအထိ သေးငယ်သွားတယ်လို့ သိပ္ပံပညာရှင်တွေက ဆိုပါတယ်။…

yyl-006-10.jpg

ကာလရှည်ပျောက်ဆုံးခဲ့တဲ့ဂန္တဝင်ပန်းချီကားကို အဘွားအိုရဲ့ မီးဖိုချောင်ကနေ ပြန်လည်တွေ့ရှိ

ကာလရှည်ပျောက်ဆုံးနေတဲ့ ဂန္တဝင်ပန်းချီကားတစ်ချပ်ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့နားမှာ နေထိုင်တဲ့ အဘွားအိုတစ်ယောက်ရဲ့နေအိမ် မီးဖိုချောင်ကနေ ပြန်လည်တွေ့ရှိခဲ့ပါတယ်။ Christ Mocked ပန်းချီကားဟာ အီတလီနိုင်ငံမှာ ဉာဏ်အလင်းပွင့်တဲ့ခေတ်လို့ ခေါ်ဆိုကြတဲ့ Florentine Renaissance ကာလမှာ အီတလီပန်းချီဆရာ ဆီမာဘူးရေးဆွဲခဲ့တဲ့ ပန်းချီကားတစ်ချပ်ဖြစ်ပါတယ်။…

yyl-005-11.jpg

အိမ်ရှင်ကြောင့် အရှက်ကွဲခဲ့ရတဲ့ တရုတ်အွန်လိုင်းဆယ်လီ

လူမှုကွန်ရက်ပေါ်မှာ လှပကျော့ရှင်းတဲ့ဓာတ်ပုံတွေ တင်ထားပေမဲ့ လက်တွေ့ဘဝမှာ ညစ်ပတ်လွန်းတဲ့ တရုတ်အွန်လိုင်းဆယ်လီတစ်ယောက်အကြောင်းကို သူ့အိမ်ရှင်က လူသိရှင်ကြားဖြစ်အောင် လုပ်ခဲ့ပါတယ်။ အွန်လိုင်းဆယ်လီအဖြစ် နာမည်ကျော်ကြားတဲ့ ဘလော့ဂါ လီဆာလီဟာ Sina Weibo လူမှုကွန်ရက်ပေါ်မှာ ထောက်ခံအားပေးသူ ၁.၁ သန်းရှိသူပါ။ လီဆာလီဟာ…

yyl-004-8.jpg

အီဂျစ်နိုင်ငံကနေ ခိုးထုတ်ခံခဲ့ရတဲ့ ရှေးဟောင်းအခေါင်းကို နယူးယော့ခ်အနုပညာပြတိုက်က ပြန်လည်ပေးအပ်

အီဂျစ်နိုင်ငံကနေ ခိုးထုတ်ခံခဲ့ရတဲ့ ရှေးဟောင်းအခေါင်းကို နယူးယော့ခ်မြို့ အနုပညာပြတိုက်က အီဂျစ်နိုင်ငံထံ ပြန်ပေးခဲ့ပါတယ်။ နက်ဂျီမန်ခါလို့ အမည်ရတဲ့ ဘုန်းတော်ကြီးရဲ့ နှစ်သက်တမ်း ၂၁၀၀ ရှိတဲ့ အခေါင်းဟာ အီဂျစ်နိုင်ငံက ရှေးဟောင်းအနုပညာပစ္စည်းတွေကို ခင်းကျင်းပြသတဲ့ပြပွဲမှာ ပါဝင်ပြသခဲ့တဲ့ပစ္စည်းတစ်ခု ဖြစ်ပါတယ်။ ကမ္ဘာလုံးဆိုင်ရာ…

yyl-003-9.jpg

Google Images ဖြစ်ပေါ်လာစေတဲ့ အစိမ်းရောင် Versace ဝတ်စုံကို ဂျနီဖာလိုပက်ဇ် တစ်ကျော့ပြန်ဆန်းသစ်ဝတ်ဆင်

ဂူဂဲလ်ကုမ္ပဏီကို ဓာတ်ပုံတွေရှာဖွေနိုင်မယ့် လုပ်ဆောင်ချက်တစ်ခု ဖန်တီးဖို့ အတွေးပေါ်စေခဲ့တဲ့ အစိမ်းရောင် Versace ဝတ်စုံကို အမေရိကန်အဆိုတော် ဂျနီဖာလိုပက်ဇ်က တစ်ကျော့ပြန်ဆန်းသစ် ဝတ်ဆင်ခဲ့ပါတယ်။ အသက် ၅၀ ရှိတဲ့ ဂျနီဖာလိုပက်ဇ်ဟာ ပြီးခဲ့တဲ့သောကြာနေ့က ကျင်းပခဲ့တဲ့ မီလန်ဖက်ရှင်ရက်သတ္တပတ်မှာ Versace’s…

yyl-002-9.jpg

ဘောလုံးကွင်း(၉၈)ကွင်းစာ ကျယ်ဝန်းတဲ့ တရုတ်နိုင်ငံရဲ့ လေဆိပ်သစ် ဖွင့်လှစ်

အမေရိကန်ဒေါ်လာ (၁၁)ဘီလျံ အကုန်အကျခံ တည်ဆောက်ထားတဲ့ ဧရာမလေဆိပ်ကြီးကို ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့မှာ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဖွင့်လှစ်ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ တည်ဆောက်ထားတဲ့ ဒါရှင်းအပြည်ပြည်ဆိုင်ရာလေဆိပ်ဟာ စတုရန်းမီတာ ၇၀၀၀၀ (ဒါမှမဟုတ်)ဘောလုံးကွင်း (၉၈)ကွင်းစာ ကျယ်ဝန်းပါတယ်။ တိန့်အန်းမင်ရင်ပြင်ရဲ့တောင်ဘက် (၂၉)မိုင်အကွာမှာ…

yyl-001-9.jpg

လမ်းဘေးမှာ မစင်စွန့်လို့ ဇာတ်နိမ့်ကလေးငယ်နှစ်ဦး အသတ်ခံရ

လမ်းဘေးမှာ မစင်စွန့်ခဲ့တဲ့ ဒါလစ်မျိုးနွယ်ဝင်ကလေး(၂)ယောက် အသတ်ခံခဲ့ရတယ်လို့ အိန္ဒိယရဲတပ်ဖွဲ့က ပြောပါတယ်။ (၁၂)နှစ်အရွယ်ရှိတဲ့ ရိုရှနီနဲ့ (၁၀)နှစ်သားအရွယ် အဗီနက်ရှ်တို့ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ရွာလမ်းမနားမှာ မစင်စွန့်နေတုန်း တိုက်ခိုက်ခံခဲ့တာပါ။ ”ကလေး(၂)ယောက်ကို တုတ်နဲ့ ရိုက်သတ်ခဲ့တာပါ။ စွပ်စွဲထားသူ(၂)ယောက်လုံးကို လူသတ်မှုနဲ့ အမှုဖွင့်ထားပြီး…