3-6-2020-yyl-005.jpg

အူဘာမီယန်းကို လျှော့ဈေးနဲ့မရောင်းဘဲ စာချုပ်သက်တမ်းကုန်တဲ့အထိ ဆက်ထားမယ့် အာဆင်နယ်

အာဆင်နယ်အသင်းကတော့ အသင်းခေါင်းဆောင် အူဘာမီယန်းကို လျှော့ဈေးနဲ့ရောင်းထုတ်မယ့်အစား စာချုပ်သက်တမ်း ကုန်ဆုံးတဲ့အထိ အသင်းမှာဆက်ထားသွားဖို့ရှိနေတယ်လို့ The Sun သတင်းစာက ဖော်ပြပါတယ်။ ဇွန်လ ၁၈ ရက်မှာ အသက် ၃၁ နှစ်ပြည့်မယ့် အူဘာမီယန်းဟာ အာဆင်နယ်အသင်းမှာ တစ်ပတ်လုပ်ခ…

3-6-2020-yyl-004.jpg

အမေရိကန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ လူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကို ထောက်ခံကြောင်းပြသလိုက်တဲ့ ချဲလ်ဆီး

အမေရိကန်နိုင်ငံမှာ ရဲအရာရှိကြောင့် လက်နက်မဲ့ လူမည်းအမျိုးသားတစ်ယောက် သေဆုံးခဲ့တဲ့ဖြစ်ရပ်အပေါ် နာကျည်းခံပြင်းပြီး လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေး ဆန္ဒပြပွဲ(Black Lives Matter)ကို အားပေးထောက်ခံကြောင်း ပြသတဲ့အနေနဲ့ ချဲလ်ဆီးအသင်း ကစားသမားတွေက ကော့ဟမ်းလေ့ကျင့်ရေးကွင်းမှာ ဒူးတစ်ဖက်ထောက်တဲ့ပုံစံ သရုပ်ပြခဲ့ပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့မှာ ချဲလ်ဆီးအသင်း…

3-6-2020-yyl-003.jpg

COVID-19 ရောဂါကြောင့် အသားအရောင် ပြောင်းလဲသွားတဲ့ တရုတ်ဆရာဝန် သေဆုံး

COVID-19 ရောဂါကြောင့် အသားအရောင် ပြောင်းလဲသွားခဲ့တဲ့ တရုတ်ဆရာဝန် သေဆုံးခဲ့တဲ့အတွက် တရုတ်အာဏာပိုင်တွေအပေါ် ဝေဖန်မှုတွေ ရှိနေပါတယ်။ ဆီးနဲ့ ကျောက်ကပ်ရောဂါ ကုသပေးတဲ့ ဆရာဝန် ဟူဝေဖုန်းဟာ ကိုရိုနာဗိုင်းရပ်စ် စတင်ပျံ့နှံ့ခဲ့တဲ့ တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့ဗဟိုဆေးရုံကြီးမှာ တာဝန်ကျသူပါ။ သူဟာ…

3-6-2020-yyl-002.jpg

မွမ်ဘိုင်းမြို့မှာ ၁၂၉ နှစ်အတွင်း ပထမဆုံး ဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ဖွယ်ရှိနေ

ဒီနေ့(ဇွန်လ ၃ ရက်)မှာ အင်အားပြင်းဆိုင်ကလုန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်ဖွယ်ရှိလို့ အိန္ဒိယနိုင်ငံ မွမ်ဘိုင်းမြို့ အာဏာပိုင်တွေက ကြိုတင်ပြင်ဆင်မှု ပြုလုပ်နေပါတယ်။ ဆိုင်ကလုန်းမုန်တိုင်း နီဆာဂါ(Nisarga)ဟာ မဟာရက်ရှ်ထရာပြည်နယ်နားမှာရှိတဲ့ အိန္ဒိယနိုင်ငံ အနောက်ဘက်ကမ်းရိုးတန်းကို ဝင်ရောက်တိုက်ခတ်ဖွယ်ရှိပြီး ဂူဂျာရတ်ပြည်နယ်လည်း မုန်တိုင်းဒဏ်ခံစားရဖွယ်ရှိနေပါတယ်။ ပြည်နယ် ၂…

3-6-2020-yyl-001.jpg

ရုရှားနိုင်ငံရဲ့ နျူကလီးယားရေငုပ်သင်္ဘောတွေ တည်ဆောက်ရာ သင်္ဘောကျင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့နေ

ရုရှားနိုင်ငံရဲ့ နျူကလီးယား ရေငုပ်သင်္ဘောတွေ တည်ဆောက်ရာ သင်္ဘောကျင်းမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှု ဖြစ်ပွားနေပါတယ်။ ရုရှားနိုင်ငံရဲ့ အာတိတ်စက်ဝိုင်းမြောက်ပိုင်းမှာရှိတဲ့ ဆီဗရိုဗင့်စ်ဒေသရဲ့ ဗျူဟာမြောက်သင်္ဘောကျင်းမှာ ရေတပ်အတွက် နျူကလီးယားလက်နက် တပ်ဆင်ထားတဲ့ ရေငုပ်သင်္ဘောတွေ ထုတ်လုပ်ပါတယ်။ ဆီဗရိုဗင့်စ်ဒေသရဲ့ ဆက်မက်ရှ်မြို့မှာ သင်္ဘောကျင်းအလုပ်သမား…

2-6-2020-yyl-022.jpg

မက်ဆီကို ကမ္ဘာ့အကောင်းဆုံးလို့ ဆိုခဲ့ပြီး CR7 ကို ထိပ်တန်း ၅ ဦးစာရင်းထဲ မထည့်ခဲ့တဲ့ ရော်နယ်ဒို

ဘရာဇီးဂန္ထဝင်ကစားသမားဟောင်း ရော်နယ်ဒိုက ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီကို မျက်မှောက်ခေတ် ဘောလုံးလောကရဲ့ အငြင်းပွားစရာမရှိ အကောင်းဆုံးကစားသမားအဖြစ် ရွေးချယ်ခဲ့ပေမဲ့ ဂျူဗင်တပ်တိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုကိုတော့ သူအကြိုက်ဆုံး ကစားသမား ၅ ယောက်စာရင်းမှာ ထည့်သွင်းခဲ့ခြင်းမရှိပါဘူး။ မက်ဆီက Ballon d’Or…

2-6-2020-yyl-021.jpg

အန်ဖီးလ်ကွင်းလယ်စက်ဝိုင်းမှာ ဒူးတစ်ဖက်ထောက်ပြီး လူမျိုးရေးခွဲခြားမှု ဆန္ဒပြပွဲတွေကို ထောက်ခံခဲ့တဲ့ လီဗာပူးအသင်း

အမေရိကန်နိုင်ငံ မင်နီယာပိုလစ်မြို့မှာ ရဲအရာရှိကြောင့် လူမည်းအမျိုးသား သေဆုံးခဲ့တဲ့ဖြစ်ရပ်ကြောင့် ဖြစ်ပေါ်လာတဲ့ လူမျိုးရေးခွဲခြားမှု ဆန္ဒပြပွဲတွေကို ထောက်ခံအားပေးကြောင်း ပြသတဲ့အနေနဲ့ လီဗာပူးအသင်း ကစားသမားတွေက အန်ဖီးလ်ကွင်းရဲ့ ကွင်းလယ်စက်ဝိုင်း ပတ်ပတ်လည်မှာ ဒူးတစ်ဖက်ထောက်ခဲ့ကြပါတယ်။ လီဗာပူးကစားသမား ၂၉ ယောက် ဒူးတစ်ဖက်ထောက်ထားတဲ့…

2-6-2020-yyl-020.jpg

အယ်ဆာဗေးဒိုးနိုင်ငံမှာ အပူပိုင်းမုန်တိုင်းကြောင့် အနည်းဆုံး လူ ၁၄ ယောက် သေဆုံး

အယ်ဆာဗေးဒိုးနိုင်ငံမှာ အပူပိုင်းမုန်တိုင်း အမန်ဒါ(Amanda) ဝင်ရောက်တိုက်ခိုက်လို့ ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုတွေဖြစ်ပွားခဲ့ပြီး အနည်းဆုံး လူ ၁၄ ယောက် သေဆုံးခဲ့ပါတယ်။ အင်အားပြင်းမုန်တိုင်းဒဏ် ခံစားခဲ့ရတဲ့ အခြေအနေတွေကို ဖြေရှင်းဖို့ အယ်ဆာဗေးဒိုးသမ္မတ ဘူကီလီက ၁၅ ရက်ကြာ အရေးပေါ်အခြေအနေ…

2-6-2020-yyl-019.jpg

အစ္စရေးရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လက်နက်မဲ့ အော်တစ်ဇင်ရှိသူတစ်ယောက် သေဆုံး

အစ္စရေးရဲတပ်ဖွဲ့က ပစ်ခတ်လို့ သေဆုံးခဲ့တဲ့ အော်တစ်ဇင်ရှိသူ ပါလက်စတိုင်းအမျိုးသားရဲ့ ဈာပနအခမ်းအနားကို လူရာချီ လိုက်လံပို့ဆောင်ခဲ့ပါတယ်။ အသက် ၃၂ နှစ်ရှိတဲ့ ဟာလက်ဟာ ပြီးခဲ့တဲ့စနေနေ့က သိမ်းပိုက်ခံ အရှေ့ဂျေရုစလင်မှာ အထူး‌စောင့်ရှောက်ရေးကျောင်းကို သွားနေတုန်း ပစ်သတ်ခံရတာပါ။ ဟာလက်က လက်နက်တစ်ခုခု…

2-6-2020-yyl-018.jpg

၇ ရက်ဆက်တိုက် ဆန္ဒပြပွဲတွေကို ထိန်းသိမ်းဖို့ စစ်တပ်ဖြန့်ကျက်သွားမယ်လို့ ဒေါ်နယ်ထရမ့် ခြိမ်းခြောက်

ရဲအရာရှိကြောင့် လက်နက်မဲ့လူမည်းအမျိုးသား သေဆုံးမှုအတွက် လူထုအုံကြွမှု ကြီးထွားလာတာကို ထိန်းသိမ်းဖို့ စစ်တပ်ကို ဖြန့်ကျက်သွားမယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ခြိမ်းခြောက်ခဲ့ပါတယ်။ ပြည်နယ်တွေနဲ့ မြို့တွေက ဆန္ဒပြပွဲတွေကို မထိန်းချုပ်နိုင်သလို ဒေသခံတွေကို မကာကွယ်ပေးနိုင်ဘူးဆိုရင် စစ်တပ်ကို စေလွှတ်ပြီး သူတို့ကိုယ်စား…