hotsport01.jpg

ပေါ့ဘာက ရီးရဲလ်နဲ့ ဇီဒန်းအတွက် ထိပ်တန်းကစားသမားဖြစ်လာလိမ့်မယ်လို့ အစ်ကိုဖြစ်သူ ဆို

ပေါ့ဘာရဲ့အစ်ကိုကတော့ ရီးရဲလ်နဲ့ အပြောင်းအရွှေ့သတင်းတွေကို မီးလောင်ရာလေပင့်ဖြစ်စေခဲ့ပါတယ်။ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာဟာ နွေရာသီ အပြောင်းအရွှေ့ကာလတစ်လျှောက်လုံး မန်ယူကနေ ထွက်ခွာမယ်လို့ သတင်းထွက်ခဲ့သူပါ။ ကစားသမားကိုယ်တိုင်ကလည်း ရီးရဲလ်မှာ ကစားချင်တယ်လို့ ထုတ်ပြောခဲ့ဖူးပါတယ်။ ”ကျွန်တော့်ညီက ရီးရဲလ်နဲ့ ဇီဒန်းအတွက် ထိပ်တန်းကစားသမားဖြစ်လာမယ်ဆိုတာ အားလုံးသိပါတယ်။…

amazone01.jpg

အမေဇုန်မိုးသစ်တောကို ကာကွယ်ဖို့ အမေရိကန်ဒေါ်လာ ၅ သန်းလှူဒါန်းမယ့် လီယိုနာဒို

ပရဟိတအရေး လက်မနှေးတတ်တဲ့ ကမ္ဘာကျော်မင်းသား လီယိုနာဒိုဒီကာပရီယိုကတော့ အမေဇုန်မိုးသစ်တောက တောမီးလောင်ကျွမ်းမှုတွေကို ငြှိမ်းသတ်ရာမှာ ကူညီဖို့အတွက် အမေရိကန်ဒေါ်လာ ၅ သန်းလှူဒါန်းတော့မယ်လို့ ဆိုပါတယ်။ လီယိုနာဒို တည်ထောင်ထားတဲ့ သဘာဝပတ်ဝန်းကျင်အဖွဲ့အစည်း(Earth Alliance)က အမေဇုန်မိုးသစ်တောကို ကာကွယ်ဖို့ ဆောင်ရွက်နေတဲ့ ဒေသခံအဖွဲ့တွေ၊…

68731949_2548744351823136_1025466490377207808_n.jpg

အီတလီကမ်းခြေကသဲတွေယူလာမိလို့ ထောင် (၆) နှစ်ချမှတ်ခံရဖို့ရှိနေတဲ့ ပြင်သစ်စုံတွဲ

ပြင်သစ်နိုင်ငံကစုံတွဲတစ်တွဲကတော့ အီတလီနိုင်ငံရဲ့ နာမည်ကျော် ဆာဒီးနီးယားကျွန်းကမ်းခြေက သဲတွေကိုယူလာမိလို့ ထောင်ဒဏ် (၆) နှစ် ချမှတ်ခံရမယ့် အခြေအနေနဲ့ရင်ဆိုင်နေရပါတယ်။ သဲတွေကို အမှတ်တရ လက်ဆောင်အဖြစ်ယူလာခဲ့ပြီး ဥပဒေချိုးဖောက်ရာရောက်မှန်းမသိခဲ့ဘူးလို့ ပြင်သစ်စုံတွဲက ပြောပါတယ်။ ဆာဒီးနီးယားကျွန်းမြောက်ပိုင်၊း ချီယာကမ်းခြေက နာမည်ကျော်သဲဖြူတွေကို ပြည်သူပိုင်ပစ္စည်းအဖြစ်သတ်မှတ်ထားပြီး…

69268723_2548742115156693_6368160804486774784_n.jpg

အသုံးပြုတွေရဲ့လှုပ်ရှားမှုတွေအပေါ် ခြေရာခံစောင့်ကြည့်မှုကိုအဆုံးသတ်တော့မယ့် ဖေ့စ်ဘွတ်ခ်

ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်က အသုံးပြုတွေရဲ့လှုပ်ရှားမှုတွေအပေါ် ခြေရာခံစောင့်ကြည့်နေတာကို အဆုံးသတ်ဖို့လုပ်ဆောင်နေပါပြီ။ ဖေ့စ်ဘွတ်ခ်ရဲ့ Setting ထဲမှာ ပါဝင်လာမယ့် Off-Facebook Activity ဟာ ကိုယ့်ရဲ့လှုပ်ရှားမှုတွေကို ဖေ့စ်ဘွတ်ခ်ဆီပို့ပေးနေတဲ့ app တွေ၊ ဝက်ဘ်ဆိုက်တွေကို ဖော်ပြပေးမှာပါ။ ဖေ့စ်ဘွတ်ခ်ဟာ ကြော်ငြာတွေရဲ့ထိရောက်မှုအားကောင်းစေဖို့ အဲဒီလှုပ်ရှားမှုအချက်အလက်တွေကို…

68726830_2548744701823101_7917184637175070720_n.jpg

ပလတ်စတစ်တွေစားမိလို့ ထိုင်းနိုင်ငံက နာမည်ကျော်ပင်လယ်ဝက်မလေးသေဆုံး

အခုနှစ်အစောပိုင်းက ထိုင်းနိုင်ငံကကယ်ဆယ်ခဲ့ပြီးနောက် နာမည်ကျော်ကြားခဲ့တဲ့ ပင်လယ်ဝက်မလေး မာရီယမ်ကတော့ သေဆုံးသွားခဲ့ပါပြီ။ သူ့အစာအိမ်ထဲမှာတွေ့ရတဲ့ ပလတ်စတစ်တွေကနေ သွေးထဲကို ရောဂါပိုးကူးစက်ပြီး ပြီးခဲ့တဲ့စနေနေ့မှာ သေဆုံးခဲ့တာပါ။ ပြီးခဲ့တဲ့ဧပြီလက ထိုင်းကမ်းခြေမှာပိတ်မိနေတုန်း ကယ်ဆယ်ရေးသမားတွေကိုမလွတ်တမ်းဖက်ထားတဲ့ မာရီယမ်ရဲ့ဓာတ်ပုံတွေက အင်တာနက်ပေါ်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။ (၈) လအရွယ်ရှိတဲ့…

68799506_2548744098489828_1583208959160877056_n.jpg

ထောင်မီးရှို့ခံရချိန်မှာလွတ်မြောက်သွားတဲ့ အကျဉ်းသား (၂၅၀) ကျော်ကို အင်ဒိုနီးရှားအာဏာပိုင်တွေလိုက်လံရှာဖွေနေ

အနောက်ပါပူအာပြည်နယ်အကျဉ်းထောင်ကနေ ထွက်ပြေးလွတ်မြောက်သွားတဲ့ (၂၅၀) ကျော်ကို အင်ဒိုနီးရှားနိုင်ငံအာဏာပိုင်တွေက လိုက်လံရှာဖွေနေပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့က အနောက်ပါပူအာပြည်နယ်ရဲ့ မြို့တော်တော်များများမှာ ဆန္ဒပြသူတွေက လမ်းပေါ်ထွက်ဆန္ဒပြပြီး အကျဉ်းထောင်အပါအဝင် အဆောက်အအုံတွေကိုမီးတင်ရှို့ခဲ့လို့ ထောင်ဖောက်ထွက်ပြေးမှုဖြစ်ပွားခဲ့တာပါ။ ပြီးခဲ့တဲ့အားလပ်ရက်က အင်ဒိုနီးရှားနိုင်ငံလွတ်လပ်ရေးနေ့အခမ်းအနားမှာ အင်ဒိုနီးရှားအလံကိုမလေးမစားလုပ်တယ်ဆိုပြီး ဆူရာဘယမြို့မှာရှိတဲ့ ပါပူအာကျောင်းသားတွေကိုထိန်းသိမ်းခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို…

69485615_2548741945156710_6707084121287426048_n.jpg

လွှတ်တော်ထဲမှာ အမတ်ရဲ့ကလေးကို နို့ဗူးတိုက်ပြီးထိန်းပေးခဲ့တဲ့ လွှတ်တော်ဥက္ကဋ္ဌ

နယူးဇီလန်နိုင်ငံ အောက်လွှတ်တော်မှာ ဆွေးနွေးတင်ပြမှုတွေလုပ်နေတုန်း လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်အမတ်ရဲ့ ကလေးကို နို့ဗူးတိုက်ပြီး ထိန်းပေးခဲ့ပါတယ်။ လွှတ်တော်ဥက္ကဋ္ဌ ထိုင်ခုံမှာထိုင်ရင်းနဲ့ လွှတ်တော်အမတ် ကော်ဖေးရဲ့ကလေးကို နို့ဗူးတိုက်ပေးနေတဲ့ဓာတ်ပုံကို ထရီဗော်မယ်လက်က တွစ်တာပေါ်မှာ ဖော်ပြခဲ့ပါတယ်။ လေဘာပါတီလွှတ်တော်အမတ် ကော်ဖေးဟာ ပြီးခဲ့တဲ့ဇူလိုင်လက သားဖြစ်သူ…

68658856_2548743731823198_915822048394084352_n.jpg

ရုရှားနိုင်ငံက လူသားအရွယ်အစားစက်ရုပ်ကို အာကာသစခန်းသို့စေလွှတ်

လူသားအရွယ်အစားစက်ရုပ်တစ်ရုပ်တင်ဆောင်ထားတဲ့ ဆိုယုဇ်ဒုံးပျံကို ရုရှားနိုင်ငံက လွှတ်တင်ခဲ့ပါတယ်။ သြဂုတ်လ (၂၂) ရက်က ကာဇက်စတန်နိုင်ငံမှာရှိတဲ့ ရုရှားနိုင်ငံပိုင် ဘိုင်ကိုနာဒုံးပျံလွှတ်တင်ရေးစခန်းကနေ လွှတ်တင်ခဲ့တာဖြစ်ပြီး လာမယ့်စနေနေ့မှာ နိုင်ငံတကာအာကာသစခန်းကို ဆိုက်ရောက်မယ်လို့ဆိုပါတယ်။ အရေးပေါ်ကယ်ဆယ်ရေးစနစ်ကိုစမ်းသပ်ဖို့အတွက် Fedor လို့ အမည်ပေးထားတဲ့စက်ရုပ်ကို ဆိုယုဇ်ဒုံးပျံနဲ့အတူ လွှတ်တင်ခဲ့တာပါ။…

69135632_2548742098490028_6073511376372891648_n.jpg

ဆင်းဒ်ဝစ်ချ်လာပို့ဖို့အချိန်ကြာလွန်းလို့ စားပွဲထိုးကိုသေနတ်နဲ့ပစ်သတ်

ပြင်သစ်နိုင်ငံ၊ ပဲရစ်မြို့မှာရှိတဲ့ ပီဇာနဲ့ ဆန်းဒဝစ်ချ်ဆိုင်မှာ ဆန်းဒဝစ်ချ်မှာထားပြီး စောင့်ရတာအချိန်ကြာလွန်းလို့ ဒေါသထွက်လာတဲ့စားသုံးသူက စားပွဲထိုးကို သေနတ်နဲ့ပစ်သတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့သောကြာနေ့ ညနေပိုင်းက ပဲရစ်မြို့အရှေ့ပိုင်း နွယ်ဆီလိုဂဟွန်ဆင်ခြေဖုံးဒေသမှာ အခုလိုဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်ရပ်မှာ သံသယရှိသူကထွက်ပြေးနေပြီး အခုအချိန်အထိ ဖမ်းမမိသေးပါဘူး။ အသက် (၂၈)…

69370668_2546492678714970_3613284870056312832_n.jpg

အိုင်ယာလန်လက်ဝှေ့သမား လုခ်ကီလာနဲ့ လက်ဝှေ့ပွဲထိုးဖို့ မက်ဂရီဂေါ် သဘောတူပြီလို့ ဆို

သိုင်းပေါင်းစုံ ကစားသမား မက်ဂရီဂေါ်က လက်ဝှေ့ပွဲထိုးသတ်ဖို့ သဘောတူညီခဲ့တယ်လို့ သူ့ရဲ့ပြိုင်ဘက်လောင်း လုခ်ကီလာက ပြောပါတယ်။ တွစ်တာပေါ်မှာ စကားလုံးတိုက်ပွဲဖြစ်ခဲ့ပြီးနောက် ဒေါသတကြီး ဖုန်းခေါ်ဆိုရာမှာ လက်ဝှေ့ပွဲထိုးသတ်ဖို့ သဘောတူညီခဲ့တာလို့ ဆိုပါတယ်။ UFC စူပါစတား မက်ဂရီဂေါ်ဟာ ရုရှားကိုယ်ခံပညာရှင် နာမာဂိုမီဒေါ့ဗ်ကို…