ရွှေ့ပြောင်းနေထိုင်သူအရေးကြောင့် မက္ကဆီကိုနိုင်ငံရဲ့ သွင်းကုန်ပစ္စည်းအားလုံးကို အခွန်စည်းကြပ်လိုက်တဲ့ အမေရိကန်
တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို တားဆီးပိတ်ပင်ဖို့ ကြိုးစားတဲ့အနေနဲ့ မက္ကဆီကိုနိုင်ငံရဲ့ သွင်းကုန်ပစ္စည်းအားလုံးကို အခွန်စည်းကြပ်လိုက်ပြီလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါတယ်။ ဇွန်လ (၁၀) ရက်နေ့ကစပြီး မက္ကဆီကိုနိုင်ငံရဲ့ သွင်းကုန်ပစ္စည်းအားလုံးကို အခွန် (၅) ရာခိုင်နှုန်း ကောက်ခံသွားမှာဖြစ်သလို တရားမဝင်ရွှေ့ပြောင်းနေထိုင်မှုပြဿနာကို…