yyl-005-5.jpg

နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှု ဆိုးရွားနေလို့ ကားတွေကို အလှည့်ကျစနစ်နဲ့ မောင်းနှင်ဖို့သတ်မှတ်

အိန္ဒိယနိုင်ငံမြို့တော် နယူးဒေလီမြို့မှာ လေထုညစ်ညမ်းမှု အရမ်းဆိုးရွားနေလို့ ကားတွေကို အလှည့်ကျစနစ်နဲ့ မောင်းနှင်ဖို့ သတ်မှတ်လိုက်ပါတယ်။ နိုဝင်ဘာလ ၄ ရက်ကနေ ၁၅ ရက်အထိ နယူးဒေလီမြို့မှာ အိမ်စီးကားတွေကို ကားနံပါတ် စုံ၊ မအလိုက် တစ်လှည့်စီပဲ မောင်းနှင်ခွင့်ပေးထားပါတယ်။…

yyl-004-5.jpg

မြေယာပိုင်ဆိုင်မှု အငြင်းပွားရာကနေ အကောက်ခွန်ဌာန အရာရှိကို ရုံးခန်းထဲဝင်ပြီး အရှင်လတ်လတ် မီးရှို့သတ်

အိန္ဒိယနိုင်ငံတောင်ပိုင်း တီလန်ဂါနာပြည်နယ်မှာ နေထိုင်တဲ့ အကောက်ခွန်ဌာန အရာရှိတစ်ဦးဟာ မြေယာပိုင်ဆိုင်မှု အငြင်းပွားတဲ့ဖြစ်ရပ်ကြောင့် ရုံးခန်းထဲမှာ အရှင်လတ်လတ် မီးရှို့သတ်ခံခဲ့ရပါတယ်။ ဝိဇယရက်ဒီလို့ အမည်ရတဲ့ အကောက်ခွန်ဌာန အရာရှိအမျိုးသမီးဟာ မီးလောင်ဒဏ်ရာတွေကြောင့် အခင်းဖြစ်ပွားရာနေရာမှာ ပွဲချင်းပြီး သေဆုံးခဲ့ပါတယ်။ သူ့ကို ကယ်တင်ဖို့…

yyl-003-5.jpg

မျက်နှာကြက်မှာ အပေါက်ဖောက်ပြီး ထောင်ဖောက်ထွက်ပြေးခဲ့သူ (၂)ယောက်ကို ပြန်ဖမ်းမိ

လူသတ်မှုနဲ့ စွဲချက်တင်ခံထားရပြီး ကယ်လီဖိုးနီးယားအကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရသူ (၂)ယောက်ဟာ ရေချိုးခန်းမျက်နှာကြက်မှာ အပေါက်ဖောက်ပြီး ထွက်ပြေးလွတ်မြောက်သွားခဲ့ပေမဲ့ (၂)ရက်အကြာမှာပဲ ပြန်အဖမ်းခံခဲ့ရပါတယ်။ အသက် ၂၁ နှစ်ရှိတဲ့ ဖွန်ဆီကာနဲ့ အသက် ၂၀ ရှိတဲ့ ဆလဇာတို့ဟာ အကျဉ်းထောင် အစောင့်အကြပ်တွေ…

yyl-002-5.jpg

တိုင်ဖွန်းမုန်တိုင်းကြောင့် ရေမြုပ်ခဲ့တဲ့ ကျည်ဆန်ရထား ၁၀ စင်းကို ရထားလိုင်းကနေ ဖယ်ရှား

ပြီးခဲ့တဲ့လက တိုင်ဖွန်းမုန်တိုင်း ဟာဂျီဘစ်ကြောင့် ရေကြီးရေလျှံခဲ့ချိန်မှာ တစ်စိတ်တစ်ပိုင်း ရေနစ်မြုပ်ခဲ့တဲ့ ကျည်ဆန်ရထား ၁၀ စင်းကို ဂျပန်နိုင်ငံက ပြေးဆွဲမယ့် ရထားစာရင်းကနေ ဖယ်ရှားခဲ့ပါတယ်။ ကျည်ဆန်ရထားတွေရဲ့ တချို့အစိတ်အပိုင်းတွေကို ပြန်အသုံးပြုဖွယ်ရှိပေမဲ့ ကျည်ဆန်ရထား ၁၀ စင်းကို ပြေးဆွဲမှု…

yyl-001.png

ရော်ဘာလှေဖြင့် ပင်လယ်ထဲ (၂)ရက် မျောပါခဲ့တဲ့ အမျိုးသမီး သကြားလုံးစားပြီး အသက်ရှင်

ဂရိနိုင်ငံနားက ပင်လယ်ပြင်မှာ ရော်ဘာလှေနဲ့ (၂)ရက်ကြာ မျောပါခဲ့တဲ့ ကမ္ဘာလှည့်ခရီးသည် အမျိုးသမီးဟာ သကြားလုံးတွေစားပြီး အသက်ရှင်ခဲ့ပါတယ်။ အသက် ၄၅ နှစ်ရှိတဲ့ နယူးဇီလန်နိုင်ငံသူ ကူရှီလာစတိန်းကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ခရိ(တ်)ကျွန်းမြောက်ပိုင်း အေဂျီယန်ပင်လယ်ထဲကနေ ကယ်တင်နိုင်ခဲ့တာပါ။ ရွက်လွှင့်သွားရာမှာ အတွေ့အကြုံရှိတဲ့…

yyl-011-3.jpg

ညကလပ် အထာနပ်တဲ့ အိုဇေးလ် အကြောင်းတွေကို ဘန်တနာ ဖွင့်ချ

အာဆင်နယ်ကွင်းလယ်လူ အိုဇေးလ်က ဆော်တွေကို သဘောကျပြီး ညကလပ်မှာ ဘယ်လိုကဲရမလဲဆိုတာ အထာသိတယ်လို့ အာဆင်နယ်တိုက်စစ်မှူးဟောင်း ဘန်တနာက ဖွင့်ချခဲ့ပါတယ်။ အာဆင်နယ်ကို ပြောင်းရွှေ့လာချိန်မှာ လန်ဒန်မြို့မှာ ညဘက် ထွက်ကဲချိန်တဲ့ အိုဇေးလ်က ဒိန်းမတ်တိုက်စစ်မှူး ဘန်တနာနဲ့ အဖွဲ့ကျခဲ့ပါတယ်။ ဒီအကြောင်းတွေကို…

yyl-010-3.jpg

လူမျိုးရေးခွဲခြားတဲ့ ေ-ာက်ရူးတွေကို အပြစ်ပေးရမယ်လို့ အင်တာမီလန်နည်းပြ တောင်းဆို

စီးရီးအေပြိုင်ပွဲမှာ လူမျိုးရေးခွဲခြားနေတဲ့ ေ-ာက်ရူးတွေကို အပြစ်ပေးဖို့ လိုနေပြီလို့ အင်တာမီလန်နည်းပြ ကွန်တီက တိုက်တွန်းခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ဗီရိုနာနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ လူမျိုးရေးခွဲခြားတဲ့အသံတွေ ကြားလို့ ဒေါသထွက်သွားတဲ့ ဘရက်စီယာတိုက်စစ်မှူး ဘာလော့တယ်လီက ဗီရိုနာပရိသတ်တွေရှိရာ ပွဲကြည့်စင်ကို ဘောလုံးနဲ့ တည်ကန်ပြီး…

yyl-009.png

ခြေကျင်းဝတ်ပြုတ်ထွက်သွားတဲ့ အဲဗာတန်ကွင်းလယ်လူ ဂိုမက်စ် ခွဲစိတ်မှုအောင်မြင်

စပါးနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ပွဲမှာ စပါးတောင်ပံကစားသမား ဆွန်ဟောင်မင်ရဲ့ ဖျက်ထုတ်မှုကြောင့် ခြေကျင်းဝတ်ပြုတ်ထွက်သွားတဲ့ အဲဗာတန်ကွင်းလယ်လူ အန်ဒရီဂိုမက်စ်ရဲ့ ခွဲစိတ်မှု အောင်မြင်ခဲ့တယ်လို့ အဲဗာတန်အသင်းက ကြေညာခဲ့ပါတယ်။ ပေါ်တူဂီကွင်းလယ်လူ အန်ဒရီဂိုမက်စ်ဟာ ပွဲချိန်(၇၈)မိနစ်မှာ ကြောက်မက်စရာကောင်းတဲ့ ခြေကျင်းဝတ်ဒဏ်ရာရခဲ့တာပါ။ သူ့ကို ထမ်းစင်နဲ့ထုတ်ပြီး…

yyl-008-3.jpg

ကမ္ဘာ့ချန်ပီယံဆုကို (၆)ကြိမ်မြောက် ဆွတ်ခူးခဲ့တဲ့ လူးဝစ်ဟာမီလ်တန်

အမေရိကန်ဂရင်းပရီပြိုင်ပွဲမှာ ဒုတိယနေရာ ရပ်တည်နိုင်ခဲ့တဲ့ ဗြိတိန်ဖော်မြူလာဝမ်း ကားမောင်းသမား လူးဝစ်ဟာမီလ်တန်ကတော့ ကမ္ဘာ့ချန်ပီယံဆုကို (၆)ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပါတယ်။ မက္ကဆီကို၊ ရုရှား၊ ဟန်ဂေရီ၊ ဗြိတိန်၊ ပြင်သစ်၊ ကနေဒါ၊ မိုနာကို၊ စပိန်၊ တရုတ်၊ ဘာရိန်း၊ အဘူဒါဘီ၊…

yyl-007-2.jpg

မန်ယူတောင်ပံကစားသမား လင်ဂတ်ထက် ဝက်ဖို့ဒ်ဂိုးသမားက ဂိုးပေါက်ပိုတည့်

မန်ယူအသင်းမှာ ပွဲထွက်ခွင့် ဆုံးရှုံးနေတဲ့ လင်ဂတ်အတွက် ရင်နာစရာမှတ်တမ်းတစ်ရပ် ထွက်ပေါ်လာခဲ့ပါတယ်။ ဒါကတော့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဝက်ဖို့ဒ်ဂိုးသမား ဘင်ဖော်စတာက လင်ဂတ်ထက် ဂိုးပေါက်ပိုတည့်ခဲ့တယ်ဆိုတာပါပဲ။ လင်ဂတ်ဟာ ဒီရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးပေါက်ကို ၄ ကြိမ်ကန်ခဲ့ပေမဲ့ တစ်ကြိမ်မျှ ဂိုးပေါက်မတည့်ခဲ့ပါဘူး။…