yyl-9-9-021.jpg

နာမာဂိုမီဒေါ့ဗ်နဲ့ စိတ်မကျေပွဲထိုးချင်တဲ့ မက်ဂရီဂေါ်ရဲ့ မျှော်လင့်ချက် နည်းပါးလာ

ရုရှားသိုင်းပေါင်းစုံ ကစားသမား နာမာဂိုမီဒေါ့ဗ်နဲ့ စိတ်မကျေပွဲ ပြန်လည်ထိုးသတ်ချင်တဲ့ အိုင်ယာလန် သိုင်းပေါင်းစုံကစားသမား မက်ဂရီဂေါ်ရဲ့ မျှော်လင့်ချက်ကတော့ တစ်စထက်တစ်စ နည်းပါးလာခဲ့ပါပြီ။ မက်ဂရီဂေါ်က နာမာဂိုမီဒေါ့ဗ်နဲ့ ပြန်လည်ထိုးသတ်ချင်ပေမဲ့ နာမာဂိုမီဒေါ့ဗ်ကတော့ အမေရိကန်သိုင်းပေါင်းစုံ ကစားသမား တိုနီဖာဂူဆန်နဲ့ ထိုးသတ်ဖို့ ပိုပြီးစိတ်အားထက်သန်နေပါတယ်။…

yyl-9-9-020.jpg

မန်ယူအသင်း တန်းဆင်းရနိုင်တယ်လို့ ဆမ်အလာဒိုက်စ် သတိပေး

မန်ယူနည်းပြ ဆိုးလ်ရှားက အသင်းရဲ့ရလဒ်ဆိုးတွေကို အချိန်တိုအတွင်း အလှည့်အပြောင်းမလုပ်နိုင်ရင် မန်ယူအသင်း တန်းဆင်းရနိုင်တယ်လို့ ဘော်တန်နည်းပြဟောင်း ဆမ်အလာဒိုက်စ်က သတိပေးခဲ့ပါတယ်။ ၁၉၇၄ ခုနှစ်မှာ ဘယ်သူမှ မမျှော်လင့်ထားတဲ့ အခြေအနေနဲ့ မန်ယူအသင်း တန်းဆင်းခဲ့ရဖူးတာကို ဆမ်အလာဒိုက်စ်က ထောက်ပြခဲ့ပါတယ်။ နည်းပြဆိုးလ်ရှားရဲ့…

F545F19E-9520-42C8-98CA-8EA23FAC82D3.jpeg

တံတောင်ဆစ်ကနေ ထက်ပိုင်းကျိုးခဲ့ဖွယ်ရှိတဲ့ ဟူဂိုလိုရစ်အတွက် ဒီဂီယာ ဆုတောင်းပေး

ဘရိုက်တန်နဲ့ပွဲစဉ်မှာ ဘောလုံးဖမ်းရင်း အကျမတော်ဖြစ်ခဲ့လို့ တံတောင်ဆစ်ကနေ ထက်ပိုင်းကျိုးခဲ့ဖွယ်ရှိတဲ့ စပါးဂိုးသား ဟူဂိုလိုရစ် အမြန်ဆုံး သက်သာလာစေဖို့ မန်ယူဂိုးသမား ဒီဂီယာက ဆုတောင်းပေးခဲ့ပါတယ်။ ပွဲချိန် (၃)မိနစ်မှာ ဘရိုက်တန်အသင်းရဲ့ ဘယ်တောင်ပံ ဖြတ်တင်ဘောကို အမိဖမ်းဖို့ကြိုးစားရာမှာ ဟန်ချက်ပျက်ပြီး လက်ထဲက…

yyl-3-9-015.jpg

ဘာစီလိုနာ၊ လီဗာပူး၊ ချဲလ်ဆီးတို့ ပွတ်ကာသီကာ အနိုင်ရ

ချန်ပီယံလိဂ် အုပ်စုပွဲစဉ်(၂)ရဲ့ ဒုတိယညပွဲစဉ်တွေမှာ ဘာစီလိုနာ၊ လီဗာပူး၊ ချဲလ်ဆီးတို့က ပြိုင်ဘက်အသင်းတွေကို တစ်ဂိုးအသာနဲ့ ပွတ်ကာသီကာ အနိုင်ရခဲ့ပါတယ်။ ချန်ပီယံလိဂ်မရဏအုပ်စုထဲ ရောက်နေပြီး အဖွင့်ပွဲမှာ ဒေါ့မွန်နဲ့ သရေကျခဲ့တဲ့ ဘာစီလိုနာဟာ မက်ဆီ၊ ဆွာရက်ဇ်၊ ဂရစ်ဇ်မန်းတို့ တိုက်စစ်အတွဲနဲ့…

yyl-3-9-014.jpg

အရောင်းမြှင့်တင်ရေး ရုပ်သံကားချပ်မှာ ၉ နာရီနီးပါး အပြာကားတွေ ပြသမိခဲ့လို့ အားကစားပစ္စည်းအရောင်းဆိုင် ပြန်တောင်းပန်

နယူးဇီလန်နိုင်ငံ အုတ်ကလန်မြို့မှာရှိတဲ့ သူတို့ရဲ့ စတိုးဆိုင်အပြင်ဘက်က အရောင်းမြှင့်တင်ရေး ရုပ်သံကားချပ်မှာ ၉ နာရီနီးပါးအထိ အပြာကားတွေကို ပြသမိခဲ့လို့ အားကစားပစ္စည်း ထုတ်လုပ်ရေးကုမ္ပဏီ Asics က ပြန်တောင်းပန်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မနက် ၁၀ နာရီအချိန်မှာ ဆိုင်ဖွင့်ဖို့…

yyl-3-9-013.jpg

ဂူငယ်ထဲမှာ ၁၇ နှစ်ကြာ ပုန်းအောင်းခဲ့တဲ့ တရားခံပြေးတစ်ယောက်ကို မောင်းသူမဲ့ယာဉ်အကူအညီကြောင့် ဖမ်းမိ

တရုတ်ရဲတပ်ဖွဲ့ဟာ (၁၇)နှစ်ကြာ ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံပြေးတစ်ယောက်ကို မောင်းသူမဲ့ယာဉ်အကူအညီကြောင့် ဖမ်းဆီးနိုင်ခဲ့ပါတယ်။ အသက်(၆၃)နှစ်ရှိတဲ့ ဆောင်ကျင်းဟာ အမျိုးသမီးနဲ့ ကလေးငယ်တွေကို လူကုန်ကူးလို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပေမဲ့ ၂၀၀၂ ခုနှစ်မှာ ရဲဘက်စခန်းကနေ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့သူက လူသူအရောက်အပေါက်မရှိတဲ့ ဂူငယ်ထဲမှာ နှစ်ရှည်လများ…

yyl-3-9-012.jpg

စံချိန်တင်စျေးနှုန်းဖြင့် လေလံအောင်မြင်ခဲ့တဲ့ ဖိလစ်ပိုင်နိုင်ငံရဲ့ ရှေးဟောင်းမြေပုံ

ရှေးဟောင်းမြေပုံစုဆောင်းသူတွေ အာသာငမ်းငမ်း လိုချင်နေကြတဲ့ မြေပုံတစ်ချပ်ဟာ စံချိန်တင်စျေးနှုန်းအဖြစ် ပေါင် ၂၆၀,၀၀၀ နဲ့ လေလံအောင်မြင်ခဲ့ပါတယ်။ နှစ်သက်တမ်း ၃၀၀ နီးပါးရှိတဲ့ ဖိလစ်ပိုင်မြေပုံကို ၁,၇၃၄ ခုနှစ်မှာ စပိန်နိုင်ငံသား မြေပုံရေးဆွဲသူ မူရီလိုဗီလာဒီက ရေးဆွဲခဲ့တာပါ။ စပိန်နိုင်ငံက…

yyl-3-9-011-1.jpg

အန္တာတိကတိုက် ရေခဲပြင်မှ ရေခဲတန်ချိန် ၃၁၅ ဘီလျံပါတဲ့ ရေခဲတောင်အပိုင်းအစတစ်ခု ပဲ့ထွက်

အန္တာတိကတိုက်ရဲ့ အမ်မရီရေခဲပြင်ကနေ ရေခဲတန်ချိန် ၃၁၅ ဘီလျံပါဝင်တဲ့ ရေခဲတောင်အပိုင်းအစတစ်ခု ပဲ့ထွက်သွားခဲ့တယ်လို့ ဂြိုဟ်တုဓာတ်ပုံတွေမှာ ဖော်ပြထားပါတယ်။ စက်တင်ဘာလ ၂၅ ရက်နေ့က ပဲ့ထွက်သွားခဲ့တဲ့ ရေခဲတောင်အပိုင်းအစဟာ စတုရန်းကီလိုမီတာ ၁,၆၃၆ ကျယ်ဝန်းပြီး စကော့တလန်နိုင်ငံရဲ့ နာမည်ကျော် စကိုင်းကျွန်းငယ်ထက်…

yyl-3-9-010-1.jpg

ကိုမိုဒိုနဂါးတွေရှိတဲ့ကျွန်းကို ခရီးသည်တွေအတွက် ဆက်ဖွင့်ပေးမယ်

ကိုမိုဒိုနဂါး(komodo Dragon)လို့ အမည်ပေးထားတဲ့ ဖွတ်တွေကျက်စားရာကျွန်းကို ခရီးသည်တွေ လာရောက်ကြည့်ရှုနိုင်အောင် ဆက်လက်ဖွင့်လှစ်ပေးထားမှာဖြစ်ပေမဲ့ လာရောက်ကြည့်ရှုလိုသူတွေက အဖွဲ့ဝင်ကြေး အမေရိကန်ဒေါ်လာ ၁၀၀၀ ပေးရမယ်လို့ အင်ဒိုနီးရှားအာဏာပိုင်တွေက ပြောပါတယ်။ ကိုမိုဒိုဖွတ်နဂါးတွေနဲ့ သူတို့ရဲ့ စားကျက်တွေကို ကာကွယ်ဖို့အတွက် ၂၀၂၀ ပြည့်နှစ်…

yyl-3-9-009-1.jpg

နိုင်ဂျီးရီးယားနိုင်ငံရဲ့ ကလေးစက်ရုံကနေ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁၉ ယောက်ကို ကယ်တင်

နိုင်ဂျီးရီးယားနိုင်ငံ လာဂို့စ်မြို့မှာရှိတဲ့ ကလေးစက်ရုံ(Baby Factories)တွေကနေ ကိုယ်ဝန်ဆောင်အမျိုးသမီး (၁၉)ယောက်ကို ရဲတပ်ဖွဲ့က ကယ်တင်နိုင်ခဲ့ပါတယ်။ အသက်(၁၅)နှစ်ကနေ (၂၈)နှစ်ကြားအရွယ်ရှိတဲ့ အမျိုးသမီးတွေကို အလုပ်ရမယ်လို့ မက်လုံးပေးပြီး နိုင်ဂျီးရီးယားနိုင်ငံ ဒေသအနှံ့အပြားကနေ လာဂို့စ်မြို့ကို ခေါ်ဆောင်လာခဲ့တာပါ။ လာဂို့စ်မြို့ကို ရောက်လာချိန်မှာတော့ အဆောက်အအုံတွေထဲမှာ…