yyl-23-006-1.jpg

အန်စလော့တီနဲ့ ဖုန်းပြောဖြစ်လားဆိုတဲ့ မေးခွန်းကို အီဘရာဟီမိုဗစ် ဟာသလုပ်

နာပိုလီအသင်းထံ ပြောင်းရွှေ့လာဖို့ နည်းပြအန်စလော့တီက ဖုန်းဆက်ခဲ့သလားဆိုတာကို အယ်လ်အေဂလက်ဇီတိုက်စစ်မှူး အီဘရာဟီမိုဗစ်က အတည်ပြုဖို့ ငြင်းဆန်ခဲ့ပါတယ်။ အီဘရာဟီမိုဗစ်ဟာ လာမယ့်ဒီဇင်ဘာလမှာ အယ်လ်အေဂလက်ဇီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး အီတလီမြေကို တစ်ကျော့ပြန်ခြေချနိုင်တယ်ဆိုတဲ့ သုံးသပ်ချက်တွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့စနေနေ့ညနေမှာ နာပိုလီနည်းပြ အန်စလော့တီက…

yyl-23-004.jpg

တူရကီဘောလုံးသမိုင်းမှာ အမြန်ဆုံး အနီကတ်ထိခဲ့တဲ့ ဂိုးသမား

ကွန်ယာစပေါအသင်း ဂိုးသမား ဆာကန်ကီရင်တီလီဟာ တူရကီဘောလုံးလိဂ်သမိုင်းတစ်လျှောက် အမြန်ဆုံးအနီကတ်ထိသူအဖြစ် စံချိန်တင်ခဲ့ပါတယ်။ ကီရင်တီလီဟာ ထူးခြားတဲ့ မတော်တဆဖြစ်ရပ်တစ်ခုကြောင့် ပွဲအစ(၁၃)စက္ကန့်မှာပဲ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတာပါ။ မာလက်ယာစပေါအသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ဂိုးသမား ကီရင်တီလီက ပင်နယ်တီဧရိယာအပြင်ဘက်ထွက်ပြီး ဘောလုံးကို လက်နဲ့ ဖမ်းယူမိခဲ့တာပါ။…

yyl-23-003.jpg

Ballon d’Or ဆု ပဏာမစာရင်းမှာ နေမာကို မထည့်သွင်းရတဲ့ အကြောင်းရင်းကို ရှင်းလင်း

၂၀၁၉ ခုနှစ် Ballon d’Or ဆု ပဏာမစာရင်းမှာ နေမာကို ချန်လှပ်ခဲ့တဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး ဆုပေးအပ်တဲ့ France Football မဂ္ဂဇင်းက ရှင်းလင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ တနင်္လာနေ့ညက Ballon d’Or ဆု ပဏာမ…

yyl-23-002.png

သံဇကာဝိုင်းထဲမှာ ရှူဆေးရှူခဲ့လို့ ဂရက်ဟာဒီရဲ့ နိုင်ပွဲကို ဖျက်သိမ်း

UFC ဟဲဗီးဝိတ်ပွဲစဉ်အဖြစ် ဘင်ဆိုဆိုလီကို အနိုင်ရခဲ့တဲ့ပွဲမှာ သံဇကာဝိုင်းအတွင်း ရှူဆေးရှူခဲ့တဲ့အတွက် သိုင်းပေါင်းစုံ ကစားသမား ဂရက်ဟာဒီရဲ့နိုင်ပွဲကို မက်ဆာချူးဆက်ပြည်နယ် အားကစားကော်မရှင်က ဖျက်သိမ်းခဲ့ပါတယ်။ အမေရိကန်ဘောလုံး(American Football)ကြယ်ပွင့်ဟောင်း ဂရက်ဟာဒီဟာ ဘင်ဆိုဆိုလီကို တတိယအချီမှာ အနိုင်ရခဲ့တာပါ။ ဂရက်ဟာဒီအနေနဲ့ တစ်ချီနဲ့…

yyl-23-005.jpg

ဂရစ်ဇ်မန်းရဲ့ အပြောင်းအရွှေ့အတွက် ဘာကာနဲ့ တီကိုတို့ ပေါင်(၁၃)သန်းတန် ပြေငြိမ်းရေးစာချုပ်ချုပ်ဆိုခဲ့တယ်လို့ သတင်းထွက်ပေါ်

ဂရစ်ဇ်မန်းရဲ့ အပြောင်းအရွှေ့နဲ့ပတ်သက်ပြီး ပဋိပက္ခဖြစ်ပွားနေတာကို အဆုံးသတ်ဖို့အတွက် ဘာစီလိုနာအသင်းက အက်သလက်တီကိုအသင်းကို ပေါင်(၁၃)သန်းပေးမယ့် ပြေငြိမ်းရေးစာချုပ် ချုပ်ဆိုလိုက်ပြီလို့ စပိန်မီဒီယာတွေက ဖော်ပြပါတယ်။ ဂရစ်ဇ်မန်းရဲ့ စာချုပ်ပါလျော်ကြေး တန်ဖိုးမကျဆင်းခင်မှာ ဘာစီလိုနာအသင်းက ဂရစ်ဇ်မန်းနဲ့ သဘောတူညီမှု ရယူခဲ့တာလို့ အက်သလက်တီကိုအသင်းက စွပ်စွဲထားပါတယ်။…

yyl-21-033.jpg

လူပြောများနေတဲ့ မြန်မာဘောလုံးလောကရဲ့အရွေ့

အမျိုးသား လက်ရွေးစင်ဘောလုံးအသင်းနည်းပြချုပ် ရာဂျူလိုဗစ်ကို နှစ်ဦးသဘောတူစာချုပ် ဖျက်သိမ်းပြီး နည်းပြဟောင်း အန်တွမ်နီဟေးကို ပြန်လည်ခန့်အပ်ခဲ့တဲ့ မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်(MFF)ရဲ့ လှုပ်ရှားမှုက လူပြောများခဲ့ပါတယ်။ ဂျာမန်နည်းပြ အန်တွမ်နီဟေးကို သဘောကျတဲ့ ပရိသတ်တွေက ဒီသတင်းကို ကြိုဆိုကြပေမဲ့ တချို့တွေကလည်း နည်းပြအပြောင်းအလဲများလွန်းနေတာကို…

yyl-18-012.jpg

နှစ်သက်တမ်း(၅၀၀)ရှိတဲ့ လီယိုနာဒိုဒါဗင်ချီရဲ့ပန်းချီကားကို ပဲရစ်မြို့ ပြတိုက်ထံ ပို့ဆောင်မယ်

အီတလီနိုင်ငံပြင်ပကို သယ်မသွားနိုင်အောင် ဥပဒေကြောင်းအရ ကြိုးပမ်းခဲ့ပေမဲ့ ကမ္ဘာကျော်ပန်းချီဆရာ လီယိုနာဒိုဒါဗင်ချီရဲ့ ဗီထရူဗီယန်အမျိုးသား(Vitruvian Man)ပန်းချီကားကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့က လုဗ်ပြတိုက်ထံ ပို့ဆောင်ဖို့ ရှိနေပါတယ်။ လီယိုနာဒိုဒါဗင်ချီ ကွယ်လွန်တဲ့ နှစ်(၅၀၀)ပြည့် အထိမ်းအမှတ်အဖြစ် လုဗ်ပြတိုက်မှာ ပန်းချီပြပွဲ ကျင်းပဖို့စီစဉ်နေပါတယ်။…

yyl-18-011.jpg

ဟောင်ကောင်မြို့ ဆန္ဒပြခေါင်းဆောင်တစ်ဦး တူနဲ့ထုခံရလို့ ဆေးရုံရောက်

ဟောင်ကောင်မြို့ရဲ့ ဒီမိုကရေစီလိုလားတဲ့ ဆန္ဒပြခေါင်းဆောင်တစ်ယောက်ဟာ တူနဲ့ထုနှက်ခံခဲ့ရလို့ ဆေးရုံရောက်ခဲ့ပါတယ်။ လူမှုကွန်ရက်ပေါ်မှာ ထွက်ပေါ်လာတဲ့ ဓာတ်ပုံတွေအရ Civil Human Rights Front(CHRF)အဖွဲ့ခေါင်းဆောင် ဂျင်မီရှမ်းဟာ သွေးအလိမ်းလိမ်းနဲ့ လမ်းပေါ်လဲကျနေတာ တွေ့ရပါတယ်။ ကာလွန်းကျွန်းဆွယ်၊ မုန်းကော့ခရိုင်မှာ တူတွေကိုင်ထားတဲ့ အမျိုးသား(၅)ယောက်က…

yyl-18-010.jpg

မြောက်ကိုရီးယားနိုင်ငံရဲ့ အမြင့်ဆုံးတောင်ပေါ် မြင်းစီးတက်ခဲ့တဲ့ ကင်ဂျုံအန်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က မြောက်ကိုရီးယားနိုင်ငံရဲ့အမြင့်ဆုံးတောင်ပေါ်ကို မြင်းစီးတက်ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။ KCNA သတင်းဌာနက ထုတ်ပြန်ခဲ့တဲ့ ဓာတ်ပုံတွေအရ ဆီးနှင်းဖုံးလွှမ်းနေတဲ့ ပက်တူတောင်ပေါ်မှာ ကင်ဂျုံအန်က မြင်းဖြူကြီးကို စီးနေတာ တွေ့ရပါတယ်။ မီတာ ၂၇၅၀ မြင့်မားတဲ့ ပက်တူတောင်ပေါ်ကို…

yyl-18-009.jpg

အီဂျစ်နိုင်ငံမှာ ရှေးဟောင်းအခေါင်း ၂၀ ကျော် တွေ့ရှိ

အီဂျစ်နိုင်ငံက ရှေးဟောင်းပညာရှင်တွေဟာ လူဇွာမြို့အနီးကနေ ရှေးဟောင်းသစ်သားအခေါင်း ၂၀ ကျော် တွေ့ရှိခဲ့ပါတယ်။ ဆေးရောင်မပြယ်သေးတဲ့ သစ်သားအခေါင်းတွေကို နိုင်းမြစ်အနောက်ဘက်ကမ်းပါးပေါ်မှာရှိတဲ့ အဆာဆစ်မြို့၊ သီဘန်သုဿန်မှာ ရှာဖွေတွေ့ရှိခဲ့တာပါ။ သစ်သားအခေါင်းတွေကို ကန့်လန့်ဖြတ်ပုံစံ နှစ်ဆင့်ထပ်ထားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့နှစ်ပိုင်းအတွင်း အကြီးမားဆုံးနဲ့ အရေးအပါဆုံး…