အမေရိကန် ကင်းထောက်မောင်းသူမဲ့ယာဉ်ကို အီရန်နိုင်ငံ ပစ်ချ
ဟော်မုဇ်ရေလက်ကြားပေါ်မှာ ပျံသန်းနေတဲ့ အမေရိကန်စစ်တပ်ရဲ့ ကင်းထောက်မောင်းသူမဲ့ယာဉ်တစ်စင်းကို အီရန်တော်လှန်ရေးသက်စောင့်တပ်ဖွဲ့က ပစ်ချခဲ့တယ်လို့ ဘီဘီစီသတင်းဌာနက ဖော်ပြပါတယ်။ ကင်းထောက်မောင်းသူမဲ့ယာဉ်ဟာ အီရန်နိုင်ငံ လေပိုင်နက်ကို ချိုးဖောက်ဝင်ရောက်ခဲ့တယ်လို့ တော်လှန်ရေးသက်စောင့်တပ်ဖွဲ့က ပြောထားပြီး ဒီဖြစ်ရပ်က အမေရိကန်နိုင်ငံကို ရှင်းလင်းပြတ်သားတဲ့ သတင်းစကားပါးလိုက်တာလို့ ဆိုပါတယ်။ ပစ်ချခံရချိန်မှာ…

