မိဘနဲ့တူတဲ့ သရက်ပင်ကြီး
တစ်ခါတုန်းကပေါ့…နှစ်စဉ်နှစ်တိုင်း သရက်သီးတွေ လှိုင်လှိုင်သီးတဲ့ သရက်ပင်ကြီးတစ်ပင်ရှိပါတယ်။ ကလေးငယ်လေးတစ်ယောက်ဟာ အဲဒီသရက်ပင်ကြီးရဲ့ အောက်ကိုလာပြီးတော့ နေ့စဉ်နေ့တိုင်း လာကစားတယ်။ သစ်ပင်ပေါ်တက်ပြီး သရက်သီးတွေ ခူးစားတယ်။ သရက်ပင်ကြီးရဲ့ အရိပ်အာဝါသအောက်မှာ အနားယူတယ်။

