bacteria_03.jpg

ဘယ်အရာတွေက ရောဂါပိုးမွှားပေါက်ဖွားနိုင်ဆုံးဖြစ်မလဲ

ကျွန်တော်တို့ပတ်ဝန်းကျင်မှာ ရောဂါဖြစ်စေနိုင်တဲ့ ဘတ်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားနေကြပါတယ်။ ကျွန်တော်တို့ အသက်ရှုလိုက်တဲ့ လေကတောင် မသန့်စင်တော့သလို ရောဂါပိုးမွှားတွေလည်း ပါဝင်လာနိုင်ပါတယ်။ သေချာတာက ကျွန်တော်တို့ အဲဒီရောဂါပိုးမွှားတွေကနေ ကိုယ့်ကိုယ်ကို ကာကွယ်ကြရမှာဖြစ်ပါတယ်။ ဒါပေမဲ့လို့ တစ်ခါတရံ ဘယ်လိုအခြေအနေတွေက ရောဂါပိုးမွှားအများဆုံးလဲဆိုတာ ကျွန်တော်တို့…

worldphotographer01.jpg

ကမ္ဘာ့ဓာတ်ပုံနေ့

ဒီနေ့ သြဂုတ်လ (၁၉) ရက်ဟာ ကမ္ဘာလောကပတ်ဝန်းကျင်ကို အမြင်ပုံစံတစ်မျိုးနဲ့ ရှုမြင်ခွင့်ရစေအောင် ဓာတ်ပုံပညာရပ်ကိုတီထွင်အသုံးပြုခဲ့ခြင်း သက်တမ်း (၁၇၇) နှစ်ပြည့်မြောက်တဲ့ ကမ္ဘာ့ဓာတ်ပုံနေ့ ဖြစ်ပါတယ်။ ဓာတ်ပုံတစ်ပုံဟာ အခိုက်အတန့်တစ်ခုခု အတွေ့အကြုံတစ်ခုခုကိုမှတ်တမ်းတင်ထားနိုင်စေတဲ့အရာပါ။ အကြောင်းအရာတစ်ခုကို နှုတ်ကနေပြောပြတာထက် ဓာတ်ပုံနဲ့ပြလိုက်တာက ပိုလို့သဘောပေါက်လွယ်စေနိုင်တာဖြစ်လို့…

feaimg02.jpg

အိမ်မှာ အရသာရှိတဲ့ဟင်းလျာတွေကို ကိုယ်တိုင်လုပ်စားကြရအောင်

စာဖတ်ပရိသတ်တွေကို အိမ်မှာ ကိုယ်တိုင်စိတ်ကြိုက်လုပ်စားလို့ရမယ့် ဟင်းချက်နည်းလေးတွေကို တင်ဆက်ပေးပါရစေနော်။ ဝက်အူချောင်းထဲမှာမှ ကယားဝက်အူချောင်းကို စားချင်ပါတယ်ဆိုတဲ့သူတွေအတွက် ကယားဝက်အူချောင်းလုပ်နည်းလေးရယ်၊ အရသာရှိရှိစားလို့ရမဲ့ ဝက်နံရိုးဟင်းရည်ရယ်၊ စားသောက်ဆိုင်မှာ ဝယ်မစားပဲ ကိုယ်တိုင်ချက်စားလို့ အဆင်ပြေစေမယ့် ငါးခေါင်းချဉ်ရည်ချက်နည်းတွေပါပဲ။ အဲဒီဟင်းလျာတွေကို ဘယ်လိုလုပ်စားရမယ်၊ ဘယ်လိုချက်ရမယ်ဆိုတာကို ပြောပြပေးမှာဖြစ်တဲ့အတွက်…

robot_poker.jpg

ကမ္ဘာ့အခက်ခဲဆုံးပိုကာကစားပွဲမှာ လူသားချန်ပီယံတွေကိုနောက်ကောက်ချနိုင်ခဲ့တဲ့ AI

ကမ္ဘာ့အရှုပ်ထွေးအခက်ခဲဆုံးပိုကာကစားပွဲတစ်ခုမှာ (၈) ရက်ကြာကစားပြီးချိန်လောက်နဲ့ ချန်ပီယံဘွဲ့ယူနိုင်ဖို့ဆိုတာက ယုံရခက်ခက် ကိစ္စတစ်ခုပါ။ ဒါပေမဲ့ ပလာရီဘပ်စ် (Pluribus) ဆိုတဲ့ AI (ဥာဏ်ရည်တုစနစ်) ကတော့ အဲဒါကို တကယ်လုပ်ပြနိုင်ခဲ့ပါတယ်။ သူက ရှုပ်ထွေးခက်ခဲလှပါတယ်ဆိုတဲ့ Texas hold‘em ပိုကာကစားပွဲမှာ…

genes.jpg

မျိုးဗီဇတစ်ခုကိုဆုံးရှုံးလိုက်ရခြင်းက နှလုံးရောဂါဖြစ်နိုင်ချေမြင့်မားလာမှုနဲ့ ဆက်စပ်နေ

သိပ္ပံပညာရှင်တွေဟာ လူသားတွေမှာ နှလုံးရောဂါခံစားရနိုင်ချေတိုးလာရခြင်းကဘာကြောင့်လဲဆိုတာသိရဖို့ သုတေသနပြုလေ့လာနေခဲ့တာ နှစ်ပေါင်းများစွာရှိနေခဲ့ပါပြီ။ နောက်ဆုံးမှာတော့ ဒီလိုဖြစ်ရခြင်းဟာ လွန်ခဲ့တဲ့နှစ်ပေါင်း (၂) သန်းနဲ့ (၃) သန်းကာလကလူသားမျိုးနွယ်မှာရှိခဲ့တဲ့မျိုးဗီဇတစ်ခု ဒီခေတ်လူသားတွေမှာရှိမနေတော့တာကြောင့် လို့ အဖြေထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။ သုတေသနပြုသူတွေဟာ သက်လုံအထောက်အပံ့ပြုမျိုးဗီဇဖြစ်တဲ့ (CMAH) ကို အလုပ်မလုပ်အောင်ဖန်တီးပြုပြင်ပြီး…

egg.jpg

ဥကမပေါက်ဖွားသေးတဲ့ငှက်သားလောင်းတွေရဲ့ ထူးခြားတဲ့အပြုအမူ

ငှက်ဆိုတဲ့သတ္တဝါတွေဟာ ဥကမပေါက်ခင်အရွယ်မှာကတည်းက အမျိုးချစ်တတ်လွန်းကြတဲ့ သတ္တဝါတွေပါ။ ဒါကို သိပ္ပံပညာရှင်တွေက ခြေဝါစင်ရော်ငှက်ဥတွေကို လေ့လာမှုပြုလုပ်ခဲ့ရာမှာ အံအားသင့်ဖွယ်သိခဲ့ရတာဖြစ်ပါတယ်။ ငှက်တွေရဲ့ သဘောသဘာဝကိုလေ့လာတဲ့သုတေသနတစ်ခုမှာ လေ့လာသူတွေက ငှက်မိဘတွေအထိတ်တလန့်ဖြစ်စဉ် အော်ဟစ်ကြတဲ့အသံမျိုးကို အသံဖမ်းယူထားပြီး ဥတချို့ရဲ့အနားမှာ ပြန်ဖွင့်ပြခဲ့ကြပါတယ်။ အဲဒီအသံထွက်ပေါ်လာပြီးမကြာခင်မှာပဲ အသံနဲ့ဝေးရာကဥတချို့လှုပ်ခါလာတာတွေ့ခဲ့ရပြီး ကပ်လျက်မှာရှိနေတဲ့ဥတွေကို…

germany.jpg

ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံတွေကို အပြီးပိတ်သိမ်းသွားတော့မယ့်ဂျာမနီ

ကမ္ဘာမှာ ကျောက်မီးသွေးအသုံးပြုမှုအများဆုံးနိုင်ငံဖြစ်တဲ့ ဂျာမနီနိုင်ငဟံာ ကမ္ဘာလုံးဆိုင်ရာရာသီဥတုဖောက်ပြန်ပြောင်းလဲမှုတိုက်ဖျက်ရေးကြိုးပမ်းမှုအနေနဲ့ ကျောက်မီးသွေးစွမ်းအင်သုံးစက်ရုံ (၈၄) လုံးကို အပြီးပိတ်ပစ်တော့မယ်လို့ ကြေညာလိုက်ပါပြီ။ ဒီကြေညာချက်ဟာ ကာဘွန်ဒိုင်အောက်ဆိုဒ်ထုတ်လွှတ်မှုများပြားနေခြင်းကို လျှော့ချဖို့ဦးဆောင်ကြိုးပမ်းနေတဲ့ ဥရောပအင်အားကြီးနိုင်ငံတစ်ခုအတွက်တော့ အဓိပ္ပာယ်ရှိတဲ့ပြုပြင်ပြောင်းလဲမှုတစ်ခုပါ။ ဂျာမနီနိုင်ငံမှာသုံးစွဲနေတဲ့လျှပ်စစ်စွမ်းအင်စုစုပေါင်းရဲ့ ၄၀% ဟာ ကျောက်မီးသွေးကနေထုတ်ယူတာဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တွေကစပြီး ဒီပမာဏကိုလျှော့ချနိုင်ဖို့…

iphone_4.jpg

ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူများစာရင်းမှာ အဆင့် (၄) ထိပြုတ်ကျသွားတဲ့ Apple

အမေရိကန်နည်းပညာကုမ္ပဏီကြီး Apple ကတော့ အခြေအနေဆိုးတစ်ရပ်ကိုရင်ဆိုင်နေရပြီလို့ဆိုရမှာပါ။ အကြောင်းကတော့ IHS Markit ကထုတ်ပြန်လိုက်တဲ့ ထိပ်တန်းစမတ်ဖုန်းထုတ်လုပ်သူများစာရင်းထဲမှာ Apple ဟာ ကိုရီးယားနဲ့ တရုပ်စမတ်ဖုန်းထုတ်လုပ်သူတွေဖြစ်တဲ့ Samsung၊ Huawei နဲ့ OPPO တို့ရဲ့နောက်ကိုရောက်နေခဲ့လို့ ဖြစ်ပါတယ်။ ၂၀၁၉…

witch.jpg

စုန်းမတစ်ဦးဖြစ်ဖို့ လိုအပ်တဲ့အရည်အချင်းများ

အမျိုးသမီးတစ်ဦးအနေနဲ့ ၁၆၉၂ ခုနှစ်ကာလမှာ ရှင်သန်နေထိုင်ရသူဖြစ်ပြီး အသက်ကြီးလွန်းနေရင်၊ အသက်ငယ်လွန်းနေရင်၊ ဆင်းရဲလွန်းနေရင်၊ ချမ်းသာလွန်းနေရင်၊ တစ်ကိုယ်တည်းသမားဖြစ်နေရင်၊ ခေါင်းမာသူဖြစ်ရင်၊ တခြားအမျိုးသမီးအဖော်အပေါင်းတွေနဲ့ သွားလာရင်၊ အငြင်းသန်သူဖြစ်ရင်၊ မွေးရာပါအမှတ်ပါနေရင်၊ ရှင်မွေးလွန်းဖြစ်ရင်၊ သားသမီးလုံးဝမထွန်းကားရင်၊ နို့ကိုအချဉ်ပေါက်တဲ့အထိသိမ်းဆည်းထားမိရင် (ဖော်ပြပါအချက်များထဲက တစ်ခုခုနဲ့ကိုက်ညီလျှင်) စုန်းမ…

dum.jpg

လူသားတွေရှင်သန်နေထိုင်ခဲ့ဖူးကြောင်းကို ဖော်ပြနေမယ့်အမှတ်အသားတစ်ခု

အကယ်၍ လူသားတွေ ရုတ်တရက်မျိုးသုဉ်းပျောက်ကွယ်သွားကြမယ်ဆိုရင် Hoover ဆည်ကြီးဟာ လူသားတွေရဲ့အချိန်ကာလကြာရှည်ရှင်သန်နေထိုင်ခဲ့မှုအကြာင်းကို ဖော်ပြပေးတဲ့အမှတ်သညာတွေထဲက တစ်ခုဖြစ်လာမှာပါ။ အမေရိကန်နိုင်ငံရဲ့ နီဗားဒါးပြည်နယ်နဲ့ အရီဇိုးနားပြည်နယ်နှစ်ခုအကြားက ကော်လိုရာဒိုမြစ်အနီးမှာတည်ဆောက်ထားတဲ့ ဒီဆည်ကြီးဟာ ထုထည်ကြီးမားခိုင်ခံ့လွန်းတာကြောင် နှစ်ပေါင်း (၁၀၀၀၀) ကြာပြီးချိန်မှာတောင် ပြိုကျပျက်စီးသွားဖို့မရှိဘူးလို့ခန့်မှန်းထားကြပါတယ်။ ၁၉၃၁ ခုနှစ်မှာစတင်တည်ဆောက်ခဲ့တာဖြစ်ပြီး…