14-2-2022-yyl8.jpg

သင့်ရဲ့အိပ်စက်ခြင်းအလေ့အထက မှတ်ဉာဏ်ချို့ယွင်းခြင်းဖြစ်နိုင်ခြေပိုများစေတယ်လို့ လေ့လာချက်က ဆို

မှတ်ဉာဏ်ချို့ယွင်းတာက အသက် ၆၀ နဲ့ အသက် ၆၀ အထက်လူတွေအပေါ် အဓိကသက်ရောက်စေတဲ့ ပြင်းထန်တဲ့စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအခြေအနေဖြစ်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းတာရဲ့အစောပိုင်းလက္ခဏာရပ်တွေက မသိမသာဖြစ်ပြီး ရောဂါရှာဖွေဖို့ ခက်သလို အသက်အရွယ်ရလာတဲ့အထိ သတိမပြုမိဘဲ ဖြစ်နေတတ်ပါတယ်။ မှတ်ဉာဏ်ချို့ယွင်းတာဖြစ်ရတဲ့အကြောင်းအရင်းကို အသေအချာမသိရပါဘူး။ သင့်ရဲ့ဘဝနေထိုင်မှုပုံစံကစပြီး သင့်ရဲ့စားသောက်မှုပုံစံအထိ…

10-2-2022-yyl31.jpg

ကလေးရဲ့ပါးစပ်ကို လူကြီးတွေ နမ်းလို့ ရောဂါပိုးကူးစက်ပြီး အနာစိမ်းပေါက်ခဲ့တဲ့ ၂ နှစ်သမီးလေး

လူကြီးတွေက ကလေးရဲ့ပါးစပ်ကို နမ်းပြီးတဲ့နောက် ကလေးရဲ့ပါးစပ်မှာ ဆိုးရွားတဲ့ရောဂါပိုးကူးစက်မှု (၃) ပတ်ကြာ ခံစားခဲ့ရတယ်လို့ ဩစတြေးလျနိုင်ငံက မိခင်တစ်ဉီးကို ပြောကြားခဲ့ပါတယ်။ လီယား ဂရင်း (Leah Green) ဆိုတဲ့အဲဒီ မိခင်က သူ့ရဲ့သမီးလေး ဆာဒီ (Sadie)…

10-2-2022-yyl30.jpg

အိုမီခရွန်နဲ့ ဒယ်တာ ပေါင်းထားတဲ့ ဒယ်တာခရွန် မျိုးကွဲသစ်ကို ဗြိတိန်နိုင်ငံမှာ တွေ့ရှိ

အိုမီခရွန်နဲ့ ဒယ်တာ ပေါင်းစပ်ထားတဲ့ ဒယ်တာခရွန် ကိုဗစ်မျိုးကွဲသစ်ကို ဗြိတိန်နိုင်ငံမှာ တွေ့ရှိရပြီး ကျန်းမာရေးဌာနအရာရှိတွေက စောင့်ကြည့်လျက်ရှိပါတယ်။ လူနာတစ်ဦးက အိုမီခရွန်နဲ့ ဒယ်တာ မျိုးကွဲ ၂ ခုလုံး တပြိုင်တည်းကူးစက်ခံရရာကနေ ဒယ်တာခရွန် ကိုဗစ်မျိုးကွဲသစ် ဖြစ်ပေါ်လာတာလို့ ယူဆထားကြပြီး…

4-2-2022-yyl03-1.jpg

ကိုဗစ်အတွက် အပူချိန်တိုင်းတာစစ်ဆေးခြင်းက ကိုဗစ်ပိုးရှာဖွေရာမှာ အထောက်အကူဖြစ်ရဲ့လား

ဖျားနာခြင်းက ကိုဗစ်ကူးစက်ရောဂါရဲ့ထင်ရှားတဲ့လက္ခဏာတွေထဲက တစ်ခုဖြစ်ပါတယ်။ ကိုဗစ်ရောဂါပိုးတွေ့ရှိတဲ့သူတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်က ကိုဗစ်ရောဂါရှိတယ်ဆိုတာ မသိရသေးခင် ကနဉီးအဆင့်မှာ အဖျားတက်ခြင်း (သို့) ချမ်းတုံ့ခြင်းတွေဖြစ်ကြပါတယ်။ အဲဒါကြောင့်ပဲ ကိုဗစ်ကူးစက်ခံရတဲ့သူတွေကို စစ်ဆေးပြီး ရောဂါမပြန့်ပွားစေဖို့ ကာကွယ်တဲ့အနေနဲ့ အပူချိန်တိုင်းတာတဲ့စနစ်ကို နေရာတော်တော်များများမှာ ထားကြပါတယ်။…

26-2-2022-yyl9.jpg

ဝိုင်နီသောက်တာက သင့်ခန္ဓာကိုယ်ကို ကိုဗစ်-၁၉ ရောဂါကနေ ကာကွယ်ပေးနိုင်တယ်လို့ လေ့လာချက်က ဆို

လေ့လာချက်အသစ်တစ်ခုက အရက်ဟာ အထူးသဖြင့် ဝိုင်နီက ကိုဗစ်-၁၉ ကူးစက်မခံရအောင် ခန္ဓာကိုယ်ရဲ့ကိုယ်ခံအားစနစ်ကို ကူညီပေးနိုင်တယ်ဆိုတာကို သုတေသနပြုခဲ့ပါတယ်။ ဝိုင်နီသောက်တတ်တဲ့သူတွေအတွက်တော့ ဒါက သတင်းကောင်းလို့ ဆိုရမှာပါပဲ။ အခုလအစောပိုင်းမှာ ထုတ်ဝေခဲ့တဲ့ Frontiers in Nutrition ဂျာနယ်မှာ တရုတ်နိုင်ငံရဲ့…

26-2-2022-yyl1.jpg

လူတွေ သတိမထားမိတဲ့ စိတ်ဖိစီးလွန်းခြင်းရဲ့လက္ခဏာရပ်တွေ

လုပ်စရာအလုပ်တွေများတဲ့အခါ စိတ်အေးလက်အေးနဲ့ ထိုင်ချဖို့တောင် အမြဲတမ်းမလွယ်တော့သလို သင့်ကို စိတ်မသက်သာဖြစ်စေတဲ့ အရာတွေကို ထုတ်ပြောဖို့လည်း မလွယ်ကူတော့ပါဘူး။ အရာရာတိုင်းက သင့်ဘဝမှာ ပြီးပြည့်စုံတယ်လို့တောင် တွေးဖို့ အချိန်မရှိတော့ဘူး။ ဒါပေမဲ့ သင့်ခန္ဓာကိုယ်ကတော့ ဘယ်တော့မှမလိမ်ပါဘူး။ သင့်မှာ ဖြစ်နေတဲ့အရာကို ထုတ်ပြတတ်ပါတယ်။…

10-2-2022-yyl12.jpg

အေးတဲ့အစားအစာတွေ စားတဲ့အခါ ဖြစ်တတ်တဲ့ Brain Freeze

ကျွန်တော်တို့တွေ အေးတဲ့အရာတစ်ခုခုကို စားပြီးတဲ့နောက် အရမ်းနာကျင်ပြီး ခေါင်းကိုက်လို ခံစားရတာမျိုးကို ကြုံဖူးကြမယ်ထင်ပါတယ်။ Ice cream headache လို့လည်း ခေါ်တဲ့ brain freeze (ဉီးနှောက်အေးခဲခြင်း) ဝေဒနာတစ်ခုပါပဲ။ ရေခဲမှုန့်၊ ရေခဲရေ၊ အရမ်းအေးတဲ့ဖျော်ရည်တွေ စားတဲ့သောက်တဲ့…

30.12.2021yyl3.jpg

ဆံပင်ကို ကျစ်ဆံမြီးကျစ်ပြီး အိပ်စက်ခြင်းရဲ့ကောင်းကျိုးတွေ

ဆံသားနဲ့ပတ်သက်လာရင် အိန္ဒိယအမျိုးသမီးတွေက လှပပြီးမဲနက်တောက်ပြောင်ရှည်လျားတဲ့ ဆံပင်ကို ပိုင်ဆိုင်ထားကြပါတယ်။ အိန္ဒိယမှာ မျိုးရိုးအစဉ်အဆက်လက်ဆင့်ကမ်းခဲ့ကြတဲ့ အလှအပလျှို့ဝှက်ချက်တွေရှိကြပါတယ်။ အဲဒီလျှို့ဝှက်ချက်တွေထဲက တစ်ခုကြောင့်ပဲ အခုလိုဆံသားမျိုးကို ပိုင်ဆိုင်နေကြရတာပါ။ အဲဒီလျှို့ဝှက်ချက်က အိပ်ရာမဝင်ခင် ညတိုင်း ကျစ်ဆံမြီးကျစ်ကြတာပါ။ အိန္ဒိယယဉ်ကျေးမှုမှာ အမျိုးသမီးတွေက ဆံပင်ဖြန့်ထားပြီး အိပ်စက်တဲ့အခါ…

28.12.2021yyl4.jpg

ကလေးရဲ့ကြီးထွားမှုနှုန်းကို တန့်သွားစေနိုင်တဲ့ အရာများ

သင့်ရဲ့ကလေးကျန်းမာရေးကို အစားအစာ၊ တစ်နေ့တာအလေ့အထတွေအပါအဝင် အထောက်အကူပြုနေတဲ့ အရာများစွာရှိပါတယ်။ ဒါ့အပြင် အသက် ၁ နှစ် ကစပြီး လူလားမြောက်တဲ့အချိန်ထိ ကလေးလုပ်သမျှအရာတိုင်းကလည်း သူ့ရဲ့အရပ်အမြင့်နဲ့ ကြီးထွားမှုအပေါ် တိုက်ရိုက်သက်ရောက်မှုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မိဘတွေက ဘယ်လိုအရာတွေ၊ ဘယ်လိုမျိုးတွေလုပ်ရင် မိမိရဲ့သားသမီးတွေရဲ့ကျန်းမာရေးနဲ့…

28.12.2021yyl3.jpg

ကန်စွန်းဥပမာဏအများကြီးမစားသုံးသင့်သူများ

ကန်စွန်းဥက ကျန်းမာရေးနဲ့ညီညွှတ်တယ်ဆိုတာ ပြောပြစရာမလိုအောင် လူတော်တော်များများ သိပြီးသားဖြစ်မှာပါ။ ဒီအာဟာရပြည့်ဝတဲ့ကန်စွန်းဥကို ဝိတ်ကျချင်တဲ့သူတွေ၊ အသက်ရှုလမ်းကြောင်းဆိုင်ရာပြဿနာရှိတဲ့သူတွေ၊ အဆစ်ရောင်ရောဂါနဲ့ အစာအိမ်မှာ အနာဖြစ်တဲ့သူတွေကို စားသုံးဖို့ ထောက်ခံပေးထားပါတယ်။ အကုန်လုံးအတွက် ကန်စွန်းဥက ဘေးကင်းပေမဲ့ တချို့လူတွေ စားသုံးတဲ့အခါ နည်းနည်းဂရုစိုက်ပေးဖို့ လိုပါတယ်။…