7.9-2022-yyl-07.jpg

တစ်ခဏတာ ဘီလျံနာဖြစ်ခဲ့သူ

ကိုယ့်ဘဏ်အကောင့်ထဲကို ငွေမြောက်မြားစွာ ဝင်လာခဲ့မယ်ဆိုရင် တအံ့တဩဖြစ်သွားကြမယ်ထင်ပါတယ်။ အမျိုးသားတစ်ယောက်ဆိုရင်လည်း သူ့အကောင့်ထဲမှာ ငွေတွေအများကြီးဝင်နေခဲ့ပါတယ်။ အဲဒီအခိုက်အတန့်မှာ သူဟာ ၂၅ ယောက်မြောက် ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်သွားခဲ့ပါတယ်။ ဘဏ်လုပ်ငန်း Error တက်ပြီး သူ့အကောင့်ထဲကို ပေါင် (၄၃.၄) ဘီလျံ ဝင်နေခဲ့တာပါ။…

7.9-2022-yyl-06.jpg

ရှုဆေးအဖြစ် ထုတ်လုပ်ထားတဲ့ ကိုဗစ်ကာကွယ်ဆေးကို အရေးပေါ်အသုံးပြုဖို့ တရုတ်နိုင်ငံ ခွင့်ပြု

ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု တားဆီးရေးကို အဓိကဦးစားပေးအနေနဲ့ ဆောင်ရွက်နေတဲ့ တရုတ်နိုင်ငံကတော့ ရှူဆေးအဖြစ် ထုတ်လုပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို အရေးပေါ် အသုံးပြုခွင့် ပေးလိုက်ပါပြီ။ CanSino Biologics ဆေးကုမ္ပဏီကနေ ထုတ်လုပ်တဲ့ ရှုဆေးကို booster…

7.9-2022-yyl-05.jpg

ဖောက်ထွင်းမြင်ရတဲ့ ဦးခေါင်းနဲ့ ပင်လယ်ငါး

ဖောက်ထွင်းမြင်ရတဲ့ ဦးခေါင်းနဲ့ ငါးကို မြင်ဖူးကြလား။ အဲဒီလိုငါးမျိုးကို ပင်လယ်ရေနက်ပိုင်းမှာ မြင်တွေ့ရနိုင်ပြီး the barreleye ငါး (သိပ္ပံနာမည် Macropinna microstoma) လို့ ခေါ်ပါတယ်။ ဦးခေါင်းအတွင်းမှာ စူထွက်နေတဲ့ အစိမ်းရောင်မျက်လုံးတစ်စုံကို အထင်သားမြင်နေရတာပါ။ ထူးခြားတဲ့ပုံသဏ္ဌန်နဲ့…

9-7-2022-yyl-20.jpg

ကျားပါးစပ်ထဲက သားအသက်ကို ကယ်ဖို့ ကျားကို လက်ဗလာနဲ့ နပန်းလုံးခဲ့တဲ့မိခင်

သားသမီးအပေါ်ထားတဲ့ မိခင်မေတ္တာ ဘယ်လောက်ကြီးမားလဲဆိုရင် ကျားတစ်ကောင်ကိုတောင် လက်ဗလာနဲ့ နပန်းလုံးရဲပါသတဲ့။ ဒဏ္ဍာရီပုံပြင် မဟုတ်ပါဘူး။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ကမှ အိန္ဒိယနိုင်ငံ မဟာပရာဒက်ရှ်ပြည်နယ်မှာ ဖြစ်သွားတာ။ အာချနာနဲ့ ၁၅ လအရွယ် သားငယ်တို့ လယ်ကွင်းထဲမှာ ရှိနေတုန်း ကျားတစ်ကောင်က ချုံပုပ်ထဲက…

6-.-9-2022-yyl-07.jpg

မီးလောင်နေတဲ့ အိမ်ကနေ ခွေးလေး (၃) ကောင်ရဲ့အသက်ကို ကယ်တင်ခဲ့လို့ ဟီးရိုးအဖြစ် ချီးကျူးခံခဲ့ရတဲ့ ပစ္စည်းပို့သမား

ရုပ်ရှင်ထဲက မဟုတ်ဘဲ အပြင်မှာလည်း တကယ့်ဟီးရိုးတွေရှိတယ်ဆိုတာ သက်သေပြခဲ့တဲ့ဖြစ်ရပ်တွေကတော့ အများကြီးပါပဲ။ မကြာသေးခင်ကလည်း မီးလောင်နေတဲ့ အိမ်က ခွေးလေး (၃) ကောင်ကို ဟီးရိုးဆန်ဆန် ကယ်တင်ခဲ့တဲ့ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ ခွေးလေး (၃) ကောင်ကို ကယ်တင်ခဲ့တဲ့သူက Amazon ပစ္စည်းပို့တဲ့အမျိုးသမီးပါပဲ။…

6-.-9-2022-yyl-02.jpg

ဖခင်ပေါလ်ဝေါကာ မရှိတော့ပေမဲ့ Fast & Furious သရုပ်ဆောင်တွေနဲ့ မိသားစုသဖွယ်တွေ့ဆုံဖြစ်တဲ့ မဲဒိုဝေါကာ

Fast & Furious ဇာတ်ကားတွေအကြောင်းပြောလိုက်တာနဲ့ ကားမတော်တဆမှုကြောင့် ကွယ်လွန်သွားခဲ့ရတဲ့ မင်းသား ပေါလ်ဝေါကာကို သတိရမိကြမှာပါ။ ပေါလ်ဝေါကာ မရှိတော့ပေမဲ့ Fast & Furious သရုပ်ဆောင်တွေက သူ့ရဲ့သမီး မဲဒိုဝေါကာနဲ့ တွေ့ဖြစ်ကြပါတယ်။ မကြာသေးခင်ကလည်း Fast…

6-.-9-2022-yyl-01.jpg

ဖျော်ဖြေပွဲတစ်ခုမှာ LED Screen ပြုတ်ကျမှုကြောင့် ပြင်းထန်စွာဒဏ်ရာရခဲ့တဲ့ အကသမား အပြည့်အဝပြန်ကောင်းနိုင်တဲ့အခွင့်အရေး နည်းပါး

ဇူလိုင်လ ၂၈ ရက်နေ့က ဟောင်ကောင်အမျိုးသားအဆိုအဖွဲ့ Mirror ရဲ့ဖျော်ဖြေပွဲမှာ အကသမား (၂) ယောက်အပေါ်ကို ကြီးမားတဲ့ LED Screen ပြုတ်ကျမှုဖြစ်ပွားခဲ့တယ်ဆိုတာကို စာဖတ်ပရိသတ်တွေ သိကြမယ်ထင်ပါတယ်။ အဲဒီအကသမား (၂) ယောက်ထဲက (၁) ဦးဖြစ်သူ…

5-.-9-2022-yyl-01.jpg

မလေးရှားအိမ်ရှေ့စံမင်းသားရဲ့သားတော်ဖြစ်တယ်ဆိုတာ သက်သေပြချင်လို့ DNA စစ်ဆေးမှုခံယူခဲ့တဲ့ ကျောက်မီးသွေးလုပ်သားဟောင်း

ကျောက်မီးသွေးလုပ်သားဟောင်းတစ်ဦးက သူဟာ မလေးရှားအိမ်ရှေ့စံမင်းသားရဲ့သားဦးဖြစ်တယ်လို့ အခိုင်အမာယုံကြည်ထားပါတယ်။ အခုဆို မလေးရှားတော်ဝင်မျိုးနွယ်ကနေ ဆင်းသက်လာတယ်ဆိုတာကို သက်သေပြနိုင်ဖို့အတွက် DNA စစ်ဆေးမှု လုပ်ထားပါတယ်။ သူက အသက် ၇၁ နှစ်အရွယ် ကိသ် ဝီလျံဆိုသူဖြစ်ပြီး ဝေလနိုင်ငံမှာ နေထိုင်ပါတယ်။ မလေးရှားအိမ်ရှေ့စံမင်းသား…

5-9-2022-yyl-05.jpg

မိခင်စိတ်အပြည့်နဲ့ သူစိမ်းတစ်ယောက်ရဲ့ကလေးကို နို့တိုက်ကျွေးခဲ့ဖူးတဲ့ ဟောလိဝုဒ်မင်းသမီး

တကယ်ကို ကိုယ်ကျိုးမဖက်ဘဲ မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုလုပ်လိုက်တာနဲ့ အဲဒီလုပ်ရပ်က တစ်သက်လုံး နာမည်ကောင်းကျန်ရစ်နေစေမှာပါ။ ဟောလိဝုဒ်မင်းသမီးတစ်ယောက်ရဲ့မွန်မြတ်တဲ့လုပ်ရပ်ကလည်း နှစ်တော်တော်ကြာပေမဲ့ အခုထိ လူပြောများနေတုန်းပါပဲ။ အဲဒီမင်းသမီးက သူစိမ်းအမျိုးသမီးတစ်ဦးရဲ့နို့ဆာလောင်နေတဲ့ကလေးလေးကို နို့တိုက်ကျွေးခဲ့တဲ့လုပ်ရပ်ပါ။ သူက မက္ကဆီကန်-အမေရိကန်မင်းသမီး၊ ပရိုဂျူဆာ ဆယ်လ်မာ ဟေလက်ခ်ပါပဲ။ မင်းသမီး…

5-9-2022-yyl-04.jpg

ဧရာမတီကောင်ကြီးကို အိမ်နောက်ဖေးမှာတွေ့ခဲ့ရတဲ့ ၉ နှစ်သားလေး

စာဖတ်ပရိသတ်တွေဆိုရင် ပုံမှန်အရွယ်အစားလောက် တီကောင်ကိုပဲ မြင်ဖူးတွေ့ဖူးကြမယ်ထင်ပါတယ်။ အဲဒီအရွယ်အစားလောက်ပဲမြင်ရတာတောင် တချို့က ကြောက်ကြတယ်။ တချို့က ရွံ့ရှာကြတယ်။ ခရစ်ချပ်ချ်မြို့က ၉ နှစ်သားလေးလို တစ်မီတာလောက်ရှိတဲ့ ဧရာမတီကောင်ကြီးကို တွေ့ခဲ့ရရင် ဘယ်လိုများဖြစ်ကြမလဲ။ ဘာနာဘီ ဒိုမီဂန်ဆိုတဲ့ အဲဒီကလေးလေးက သူ့အိမ်နောက်ဖေးက…