ဆင်အမဲလိုက်သူတွေကို တားဆီးပေးနိုင်မယ့် ကိရိယာတီထွင်ခဲ့တဲ့ ကျောင်းသူလေး
လွန်ခဲ့တဲ့ ၄နှစ်က မိသားစုနဲ့အတူ အိန္ဒိယကို ရောက်လာချိန်မှာ ဘုံဘေမြို့က ဆင်စွယ်ပစ္စည်းအရောင်းဆိုင်တွေကို တွေ့ပြီး အနီကာပူရီ အံ့သြသွားတယ်။ ကမ္ဘာတစ်ဝန်းမှာ ဆင်စွယ်ကုန်ကူးမှုကို တရားမဝင်ဘူးလို့ သတ်မှတ်ထားတာ နှစ် ၃၀ ကျော်ပြီလေ။ အိန္ဒိယမှာလည်း ၁၉၇၀ ပြည့်နှစ်တွေကတည်းက…

