17-2-2022-yyl15.jpg

ဆော်ဒီနိုင်ငံမှာ အမျိုးသမီး ရထားစက်ခေါင်းမောင်းရာထူးအတွက် လူ ၃၀ ခေါ်ရာမှာ လျှောက်ထားသူ ၂၈၀၀၀ အထိ ရှိ

ဆော်ဒီနိုင်ငံရဲ့ ရထားကုမ္ပဏီတစ်ခုက အမျိုးသမီး စက်ခေါင်းမောင်း အယောက် ၃၀ ခေါ်ရာမှာ လျှောက်လွှာတင်သူ ၂၈၀၀၀ အထိ ရှိခဲ့ပါတယ်။ ရှေးရိုးစွဲဆန်တဲ့ ဆော်ဒီနိုင်ငံမှာ အမျိုးသမီးတွေအတွက် စက်ခေါင်းမောင်းရာထူးလို အလုပ်မျိုး ခေါ်ယူတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ အလုပ်ခန့်အပ်ခံရသူဟာ…

17-2-2022-yyl11.jpg

ခရီးသည်တွေကြား ရေပန်းစားတဲ့ ဘရာဇီးမြို့မှာ ရေကြီးရေလျှံပြီး မြေပြိုလို့ လူ ၁၀၀ နီးပါး သေဆုံး

ဘရာဇီးနိုင်ငံ ပက်ထရိုပိုလစ်မြို့မှာ ရေကြီးရေလျှံပြီး မြေပြိုခဲ့လို့ လူ ၁၀၀ နီးပါး သေဆုံးခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ ရီယိုဒီဂျနေးရိုးမြို့မြောက်ပိုင်း တောင်တန်းပေါ်မှာ တည်ရှိတဲ့ ပက်ထရိုပိုလစ်မြို့ဟာ မိုးသည်းထန်စွာ ရွာသွန်းမှု ကြုံခဲ့တာပါ။ လမ်းတွေပေါ်ကို ရေဖုံးလွှမ်းခဲ့ပြီး ရေစီးနဲ့အတူ…

17-2-2022-yyl10.jpg

ယူကရိန်းနယ်စပ်က စစ်သည်တွေကို ရွှေ့ပြောင်းနေပြီဆိုတဲ့ ရုရှားရဲ့ပြောကြားချက် မမှန်ကန်ဟု ဆို

ယူကရိန်းနယ်စပ်မှာရှိတဲ့ စစ်သည်တွေကို ရွှေ့ပြောင်းခိုင်းနေပြီဆိုတဲ့ ရုရှားရဲ့ ပြောကြားချက် မမှန်ကန်ဘူးလို့ အမေရိကန်ထိပ်တန်းအရာရှိတစ်ယောက်က ပြောပါတယ်။ စစ်ရေးလေ့ကျင့်မှုတွေ ပြီးဆုံးသွားတဲ့နောက် ယူကရိန်းနယ်စပ်မှာရှိတဲ့ စစ်သည်တွေကို ရွှေ့ပြောင်းနေပြီလို့ ရုရှားက ဆိုခဲ့တာပါ။ စစ်သည်တွေနဲ့ စစ်လက်နက်ပစ္စည်းတွေကို အမြဲတမ်းအခြေစိုက်စခန်းဆီ ပြန်လည်ရွှေ့ပြောင်းနေပြီဆိုတဲ့ ဓာတ်ပုံတွေကို…

17-2-2022-yyl7.jpg

နိုင်ငံအတွင်း Avatar ဇာတ်ကားထက်ကျော်ပြီး တတိယဝင်ငွေအမြင့်ဆုံးဇာတ်ကားဖြစ်နေတဲ့ ‘Spider-Man: No Way Home’

အခုဆိုရင် ပင့်ကူလူသားအဖြစ် တွမ် ဟော်လန် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ “Spider-Man: No Way Home” ဟာ နိုင်ငံအတွင်း Box Office မှာ မှတ်တိုင်အသစ်စိုက်ထူလိုက်ပြန်ပါပြီ။ ရက်သတ္တပတ်အကျော်မှာ တွမ် ဟော်လန်ရဲ့ “Spider-Man: No…

17-2-2022-yyl5.jpg

အိုမီခရွန်ကို ပစ်မှတ်ထားတဲ့ Pfizer နဲ့ BioNTech ကာကွယ်ဆေး ဖြန့်ဖြူးရောင်းချဖို့ ဆိုင်းငံထား

မျှော်လင့်ထားတာထက် ဒေတာစုဆောင်းမှုဖြစ်စဉ်နှေးကွေးတာကြောင့် ကိုဗစ်မျိုးကွဲ အိုမီခရွန်ကို တိုက်ဖျက်ဖို့ ထုတ်ထားတဲ့ Pfizer နဲ့ BioNTech ကာကွယ်ဆေး ဖြန့်ဖြူးရောင်းချမှုကို ရက်သတ္တပတ်များစွာ ဆိုင်းငံထားတယ်လို့ BioNTech အမှုဆောင်အရာရှိချုပ် အူဂါ ဆာဟင် (Ugur Sahin) က…

17-2-2022-yyl1.jpg

ရေညှိအသုံးဝင်မှု အလားအလာကို တော်လှန်ပြောင်းလဲပစ်ဖို့ ကြိုးပမ်းနေတဲ့ အိန္ဒိယကုမ္ပဏီ

ဆူရှီလုပ်ဖို့၊ ဟင်းချိုချက်ဖို့ အသုံးပြုလေ့ရှိတဲ့ ရေညှိဟာ အစားအစာအဖြစ်သာမက အလှကုန်၊ အဝတ်အထည်၊ သဘာဝအတိုင်း ဆွေးမြေ့ပျက်စီးနိုင်တဲ့ ထုတ်ပိုးပစ္စည်း၊ ဇီဝလောင်စာ အစရှိတဲ့ ကုန်ပစ္စည်းမျိုးစုံ ထုတ်လုပ်ဖို့ အရေးပါတဲ့ကုန်ကြမ်းပစ္စည်းပါ။ ပုံမှန်အားဖြင့် ရေညှိကို သမုဒ္ဒရာထဲမှာ ကြိုးတန်းပြီး ဒါမှမဟုတ်…

14-2-2022-yyl13.jpg

နယူးယောက်မြို့က ကိုဗစ်ကာကွယ်ဆေးထိုးထားကြောင်း အထောက်အထားမပြနိုင်တဲ့ အလုပ်သမား ၁၅၀၀ နီးပါး အလုပ်ထုတ်ခံရ

နယူးယောက်မြို့က ကိုဗစ်ကာကွယ်ဆေးမထိုးနှံထားခဲ့တဲ့ အလုပ်သမား (၁၅၀၀) နီးပါး အလုပ်ထုတ်ခံခဲ့ရပါတယ်။ အဲဒီအရေအတွက်က မြို့ရဲ့လုပ်သားအင်အားရဲ့ ၁ ရာခိုင်နှုန်းထက်မနည်း ကိုယ်စားပြုပေမဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ ဆက်စပ်ပြီး နိုင်ငံရဲ့အကြီးမားဆုံးလုပ်သားအင်အားကို လျှော့ချပစ်ပုံရပါတယ်။ မြို့တော်ဝန်ဟောင်း ဘီလ် ဒီ ဘလာဆီအို (Bill…

14-2-2022-yyl9.jpg

၂၀၁၉ခုနှစ်က ပျောက်သွားခဲ့တဲ့ ၄ နှစ်သမီးလေးကို ၃ နှစ်အကြာမှာ အိမ်တစ်အိမ်ကနေ ပြန်ရှာတွေ့

၂၀၁၉ ခုနှစ် ဇူလိုင်လကတည်းက ပျောက်နေခဲ့တဲ့ ကလေးမလေးကို ဖေဖော်ဝါရီ ၁၄ ရက်နေ့က အသက်ရှင်ရက် ပြန်ရှာတွေ့ခဲ့တယ်လို့ နယူးယောက်ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။ အဲဒီကလေးမလေး ပျောက်သွားခဲ့တဲ နေရာကနေ ၃ နာရီ ကြာသွားရတဲ့ အိမ်တစ်အိမ်ရဲ့ ​မြေအောက်ထပ်လှေကားအောက်က…

14-2-2022-yyl5.jpg

ပြီးခဲ့တဲ့နှစ်က ပရဟိတအဖွဲ့တစ်ခုကို Tesla ရှယ်ယာထဲက ဒေါ်လာ ၅.၇ ဘီလျံကျော်လှူဒါန်းခဲ့တဲ့ အီလွန်မက်စ်

Tesla ကုမ္ပဏီရဲ့အမှုဆောင်အရာရှိချုပ် အီလွန်မက်စ် (Elon Musk) ဟာ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၁၉ ရက်ကနေ နိုဝင်ဘာ ၂၉ ရက်အထိ ပရဟိတအဖွဲ့တစ်ခုကို ကုမ္ပဏီရှယ်ယာတွေထဲက အားလုံးစုစုပေါင်း ရှယ်ယာ ၅,၀၄၄,၀၀၀ လှူဒါန်းခဲ့တယ်လို့ တနင်္လာနေ့က…

14-2-2022-yyl1.jpg

Super Bowl Halftime Show အတွင်း သီချင်းသီဆိုဖျော်ဖြေရင်း ဒူးထောက်ဉီးညွှတ်ခဲ့တဲ့ အမ်မီနမ်

တနင်္ဂနွေနေ့ညက ပြုလုပ်ခဲ့တဲ့ Super Bowl Halftime Show မှာ ၁၅ ကြိမ် ဂရမ်မီဆုရှင် အမ်မီနမ် (Eminem) ဟာ သီဆိုဖျော်ဖြေရင်း ဒူးထောက်ကာ ဉီးညွှတ်ခဲ့တဲ့အတွက် အခုနှစ်ပွဲရဲ့လူပြောစရာအများဆုံးအခိုက်အတန့်တွေထဲက တစ်ခုဖြစ်လာခဲ့ပါတယ်။ ရက်ပ်ပါအဆိုရှင် အမ်မီနမ်က…