16-12-2020-yyl06.jpg

ကိုဗစ်ရောဂါပိုးရှိမရှိ လူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုကို ခွေးတွေအနံ့ခံခြင်းဖြင့်လည်းသိနိုင်

အခုထိတော့ နှာခေါင်း၊ အာခေါင်တို့ဖတ်ယူပြီးတော့ ကိုဗစ်ရောဂါပိုးရှိမရှိစစ်ဆေးတာက ရောဂါပိုးစစ်ဆေးမှုအများဆုံး နည်းလမ်းဖြစ်နေပါတယ်။ ကိုဗစ်ရောဂါပိုးစစ်ဆေးဖို့အတွက် နောက်တစ်နည်းရှိတယ်လို့ သုတေသီတွေက ဆိုပါတယ်။ ကိုဗစ်ရောဂါပိုးရှိမရှိသိနိုင်ဖို့အတွက် သင့်ခန္ဓာကိုယ်အစိတ်အပိုင်းတစ်ခုကို ခွေးတွေ အနံ့ခံခြင်းနည်းနဲ့ စမ်းသပ်နိုင်တယ်လို့ သိရပါတယ်။ လေ့လာချက်အသစ်အရ ခွေးတွေက လူ့ခန္ဓာကိုယ်ရဲ့အစိတ်အပိုင်းတစ်ခုကနေ ကိုဗစ်ရောဂါပိုးကို…

16-12-2020-yyl02.jpg

(၁၀) နှစ်အကြာမှာ ဆူနာမီလှိုင်းလုံးကြီးအတွင်းပျောက်သွားခဲ့တဲ့ ငါးဖမ်းလှေ ပြန်ပေါ်လာခဲ့

၂၀၁၁ခုနှစ်က ဂျပန်နိုင်ငံမှာ တိုက်ခတ်ခဲ့တဲ့ အင်အားကြီးဆူနာမီလှိုင်းလုံးကြီးအတွင်း ပျောက်သွားခဲ့တဲ့ ငါးဖမ်းလှေတစ်စီးဟာ (၁၀) နှစ်အကြာမှာတော့ ပစိဖိတ်ကျွန်းတစ်ခုပေါ်မှာ ပြန်ပေါ်လာခဲ့တယ်လို့ သိရပါတယ်။ ငါးဖမ်းလှေအသေးစားလေးက ဂျပန်နိုင်ငံအရှေ့မြောက်ပိုင်း တိုးဟိုခုဒေသရဲ့ ကီဆန်နူမာမြို့ကနေ ပျောက်သွားခဲ့တာဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ အင်အားအကြီးဆုံးငလျင်ဖြစ်ခဲ့တဲ့ ပြင်းအား ၉.၀…

15-12-2020-yyl26.jpg

ပရဟိတအဖွဲ့အစည်းတွေအတွက် ဒေါ်လာ ၄.၂ ဘီလျံ လှူဒါန်းခဲ့ပြီးပြီဆိုတဲ့ ဂျက်ဖ် ဘေးဇို့စ်ရဲ့ဇနီးဟောင်း

Amazon ကုမ္ပဏီရဲ့ စီအီးအို ဂျက်ဖ် ဘေးဇို့စ်ရဲ့ဇနီးဟောင်း မက္ကင်ဇီ စကော့တ် (MacKenzie Scott) ဟာ လွန်ခဲ့တဲ့ (၄) လအတွင်း သူ့ရဲ့ပိုင်ဆိုင်မှုရဲ့ ဒေါ်လာ ၄.၂ ဘီလျံကို ပရဟိတအဖွဲ့အစည်းတွေအတွက် လှူဒါန်းပြီးသွားပြီလို့ ပြောကြားခဲ့ပါတယ်။…

16-12-2020-yyl01.jpg

၉၄ ရာခိုင်နှုန်းကာကွယ်ပေးနိုင်တဲ့ Moderna ကာကွယ်ဆေးကို အမေရိကန် FDA ခွင့်ပြုပေးဖွယ် ရှိနေ

Moderna ကုမ္ပဏီရဲ့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးက ဘေးဥပဒ်ကင်းရှင်းပြီး ၉၄.၁ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်စွမ်းရှိတယ်လို့ အမေရိကန်နိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA)က ပြောပါတယ်။ ဒီဆေးကို အရေးပေါ်အခြေအနေအတွက် အသုံးပြုခွင့်ပေးဖွယ်ရှိနေပြီး အမေရိကန်နိုင်ငံမှာ ခွင့်ပြုချက်ရရှိတဲ့…

15-12-2020-yyl23.jpg

မဲကိုယ်စားလှယ်တွေရဲ့ တရားဝင်မဲရလဒ်အရ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ဂျိုးဘိုင်ဒင်ကို ရုရှားသမ္မတ ပူတင် ဂုဏ်ပြုစကားဆို

မဲကိုယ်စားလှယ်တွေရဲ့ တရားဝင် မဲပေးမှုရလဒ်အရ အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဒီမိုကရက်တစ်ကိုယ်စားလှယ် ဂျိုးဘိုင်ဒင်ကို ရုရှားသမ္မတ ပူတင်က ဂုဏ်ပြုစကားဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္လာနေ့မှာ မဲကိုယ်စားလှယ်တွေက (၃၀၆ မဲ – ၂၃၂ မဲနဲ့) ဂျိုးဘိုင်ဒင်ကို သမ္မတရွေးကောက်ပွဲ…

15-12-2020-yyl15.jpg

သားဖြစ်သူအားမငယ်ရအောင် သူ့ရဲ့မွေးရာပါအမှတ်နဲ့ပုံစံတူ တက်တူးထိုးခဲ့တဲ့ ဖခင်

မိဘတွေဆိုတာ သားသမီးတွေအတွက် အကောင်းဆုံးဖြစ်စေချင်တာ သဘာဝပါပဲ။ အကောင်းတကာအကောင်းဆုံးတွေဖန်တီးပေးတဲ့အပြင် သားသမီးတွေရဲ့ပြဿနာတွေကို သူတို့ရဲ့ပြဿနာတွေလိုမျိုး သဘောထားကာ ဖြေရှင်းကြပါတယ်။ ကနေဒါနိုင်ငံ၊ Stony Plain ဆိုတဲ့ မြို့လေးမှာ နေထိုင်တဲ့ မိဘတစ်ဦးကလည်း သားသမီးနဲ့ပတ်သက်ရင် အရာရာကို မျှဝေခံစားချင်ခဲ့တာပါ။ ဒဲရစ်…

15-12-2020-yyl14.jpg

ဂျပန်နိုင်ငံမှ တွစ်တာလူသတ်သမားကို ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်

လူ ၉ ယောက်ကို တွစ်တာကနေ ဆက်သွယ်ပြီး သတ်ဖြတ်ခဲ့တဲ့ ဂျပန်အမျိုးသားကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်လိုက်ပါပြီ။ ” တွစ်တာလူသတ်သမား”လို့ ခေါ်ဆိုကြတဲ့ ရှီရာအီရှီဟာ သူ့ရဲ့တိုက်ခန်းမှာ ခန္ဓာကိုယ် အစိတ်အပိုင်းတွေ တွေ့ရှိခဲ့လို့ ၂၀၁၇ ခုနှစ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။…

15-12-2020-yyl07.jpg

ဒေသခံတွေအတွက် အစားအစာ (၁၀၀၀) ကျော် ချက်ပြုတ်ကာ ကျွေးမွေးနေတဲ့ အမျိုးသမီး

အီတလီအစားအစာတစ်မျိုးဖြစ်တဲ့ Lasagna ကို ကျွမ်းကျင်စွာချက်ပြုတ်တတ်တဲ့အတွက် “The Lasagna Lady” လို့ လူသိများတဲ့ ဆမ် ပီယားဗီ (Sam Peavy) ဆိုတဲ့ အမျိုးသမီးဟာ အခုလိုမျိုးအားလပ်ရက်အချိန်အခါမှာ ဒေသခံတွေအတွက် ဒိန်၊ အသား၊ ခရမ်းချဉ်တို့နဲ့…

15-12-2020-yyl06.jpg

မဲကိုယ်စားလှယ်တွေရဲ့ တရားဝင်မဲရလဒ်အရ သမ္မတရွေးကောက်ပွဲမှာ ဂျိုးဘိုင်ဒင် အနိုင်ရကြောင်း အတည်ပြု

သမ္မတရွေးကောက်ပွဲ အနိုင်ရပြီလို့ မဲကိုယ်စားလှယ်တွေက အတည်ပြုခဲ့ပြီးနောက်မှာတော့ ပြည်သူ့ဆန္ဒက လွှမ်းခြုံအောင်နိုင်ခဲ့ပြီလို့ ဂျိုးဘိုင်ဒင်က ကြွေးကြော်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံရဲ့ မဲပေးမှုစနစ်အရ မဲဆန္ဒရှင်ပြည်သူတွေက မဲကိုယ်စားလှယ်တွေကို ရွေးချယ်ရတာဖြစ်ပြီး မဲကိုယ်စားလှယ်တွေက သမ္မတရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေကို မဲပေးတာဖြစ်ပါတယ်။ လူဦးရေအချိုးအစားအလိုက် ပြည်နယ်တစ်ခုချင်းစီမှာ မဲကိုယ်စားလှယ်…

15-12-2020-yyl05.jpg

ဒီလကစပြီး စင်ကာပူမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး ပထမအသုတ် ထိုးနှံပေးမယ်

စင်ကာပူနိုင်ငံသားအားလုံးနဲ့ ကာလရှည် နေထိုင်သူတွေကို အခမဲ့ ကာကွယ်ဆေး ထိုးနှံပေးသွားမယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ပြောပါတယ်။ စင်ကာပူနိုင်ငံက Pfizer-BioNTech ကာကွယ်ဆေးကို အသုံးပြုခွင့်ပေးထားပြီး ဒီဇင်ဘာလထဲမှာ ပထမအသုတ်အဖြစ် ကာကွယ်ဆေး စတင်ထိုးနှံသွားမှာပါ။ ” တခြားကာကွယ်ဆေးတွေလည်း မှာထားပါတယ်။…