15-10-2020-yyl-020.jpg

ကိုယ်အလေးချိန် (၁) ပေါင်နဲ့ မွေးဖွားလာပြီး ဆေးရုံမှာ (၁၃၃) ရက် ကုန်ဆုံးခဲ့ရတဲ့ကလေးလေးရဲ့အိမ်ပြန်ခရီး

ကိုယ်အလေးချိန် (၁) ပေါင်နဲ့ မွေးဖွားလာခဲ့ပြီး ဆရာဝန်တွေကတောင် အသက်ရှင်ဖို့ အခွင့်အရေးနည်းတယ်လို့ ပြောခဲ့တဲ့ မွေးကင်းစကလေးလေးဟာ အခုဆိုရင် အံ့သြစရာကောင်းလောက်အောင်ပဲ အသက်ဆက်ရှင်နိုင်ခဲ့ပြီး ဆေးရုံကနေ ဆင်းခွင့်ရခဲ့ပါပြီ။ ရက်ဆဲလ် အက်ပိုလက်တ် (Russell Appold) ဆိုတဲ့ အဲဒီကလေးလေးကို…

15-10-2020-yyl-006.jpg

သေဆုံးရတော့မယ့် ကင်ဆာရောဂါသည်မိခင်တစ်ဦးရဲ့ နောက်ဆုံးဆန္ဒ ပြည့်မြောက်ခဲ့ပြီ

မိဘတော်တော်များများမှာ တူညီတဲ့ဆန္ဒတစ်ခုရှိကြပါတယ်။ အဲဒါကတော့ သူတို့ရဲ့သားသမီးတွေ အရွယ်ရောက်လာပြီး လက်ထပ်ထိမ်းမြားတာကို မြင်တွေ့ခွင့်ရဖို့ပါပဲ။ အဲဒီလိုပဲ စင်ကာပူအမျိုးသမီးတစ်ဦးဖြစ်တဲ့ Ng Yuet Hay ရဲ့တစ်ခုတည်းသောဆန္ဒကလည်း သူ့သားရဲ့မင်္ဂလာပွဲကို တက်ရောက်ဖို့ပါပဲ။ Ng Yuet Hay က အခုနှစ်…

15-10-2020-yyl-001.jpg

California Contest မှာ အနိုင်ရရှိခဲ့တဲ့ ပေါင် (၂၃၅၀) အလေးချိန်ရှိတဲ့ ရွှေဖရုံသီး

မင်နီဆိုးတားပြည်နယ်က သစ်သီးဝလံပန်းမန်စိုက်ပျိုးခြင်းအတတ်ပညာ ဆရာတစ်ဦးက ကပ်ရောဂါကြောင့် အိမ်မှာပဲ နေထိုင်နေရင်းနဲ့ အခုနှစ်ရဲ့ Half Moon Bay ရွှေဖရုံသီးပြိုင်ပွဲမှာ အနိုင်ရယူနိုင်ခဲ့တဲ့ ဧရာမရွှေဖရုံသီးကြီးကို စိုက်ပျိုးနိုင်ခဲ့ပါတယ်။ ထရာဗစ် ဂျီအန်ဂျာ (Travis Gienger) ဆိုတဲ့ အဲဒီအမျိုးသားဟာ…

13-10-2020-yyl-011-1.jpg

အကျဉ်းကျခံနေရတဲ့ မိခင်နဲ့ အတူနေခွင့်မရတဲ့ မွေးကင်းစကလေးငယ်သေဆုံးခဲ့လို့ ဖိလစ်ပိုင်ပြည်သူတွေ ဒေါသထွက်နေ

အကျဉ်းကျခံနေရတဲ့ မိခင်နဲ့ ခွဲထားချိန်မှာ ၃ လအရွယ် ကလေးငယ် သေဆုံးသွားလို့ ဖိလစ်ပိုင်နိုင်ငံမှာ နာကျည်းခံပြင်းမှုတွေ ဖြစ်ပေါ်နေပါတယ်။ မိခင်နဲ့ ကလေးကို အတူတူထားပေးဖို့ တောင်းဆိုခဲ့ကြပေမဲ့ အာဏာပိုင်တွေက လက်မခံဘဲ ကလေးကို မိခင်နဲ့ ခွဲထားချိန်မှာ ကလေးငယ်…

13-10-2020-yyl-008-2.jpg

ဒတ်ချ်လူမျိုးအမျိုးသမီးတစ်ဦး ကိုဗစ်ရောဂါပိုး (၂) ကြိမ်ကူးစက်ခံရပြီး သေဆုံး

ဒတ်ချ်လူမျိုးသက်ကြီးပိုင်း အမျိုးသမီးတစ်ဦးဟာ ကိုဗစ်ရောဂါပိုး (၂) ကြိမ်ကူးစက်ခံရပြီးနောက် သေဆုံးသွားခဲ့ပါတယ်။ ကိုဗစ်ရောဂါပိုး (၂) ကြိမ်ကူးစက်ခံရပြီး သေဆုံးတာ အဲဒီအမျိုးသမီးက ပထမဆုံးပါ။ အသက် (၈၉) နှစ်အရွယ် အဲဒီအမျိုးသမီးက ရောဂါအခံရှိသူဖြစ်ပါတယ်။ Waldenstrom’s macroglobulinemia လို့ခေါ်တဲ့…

13-10-2020-yyl-005-1.jpg

အမေရိကန်နိုင်ငံမှာ ပထမဆုံးအကြိမ် ကိုဗစ်-၁၉ ရောဂါပိုး (၂) ကြိမ်ကူးစက်ခံရသူ ရှိလာ

အသက် (၂၅) နှစ်အရွယ် အမျိုးသားတစ်ဦးကို US မှာ ကိုဗစ်ရောဂါ (၂) ကြိမ်ကူးစက်ခံရတဲ့ ပထမဆုံးအမျိုးသားလို့ သုတေသီတွေက ယုံကြည်ထားကြပါတယ်။ နီဗားဒါးပြည်နယ်က အဲဒီအမျိုးသားက အရင်ဆုံး ဧပြီလမှာ ကိုဗစ်ရောဂါပိုးတွေရှိခဲ့ရပြီး အဲဒီနောက် ဇွန်လမှာ ရောဂါပိုး…

13-10-2020-yyl-015.jpg

စင်ကာပူလေကြောင်းလိုင်းက လေဆိပ်မှာရပ်ထားတဲ့ Airbus A380 လေယာဉ်ပေါ်မှာ အစားအသောက်ရောင်းပြီး အရှုံးသက်သာအောင်လုပ်နေ

ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါကြောင့် လေကြောင်းလိုင်းတွေလည်း တော်တော်အရှုံးပေါ်ကြတယ်။ အဲဒီတော့ လေကြောင်းလိုင်းတွေက အရှုံးကိုကာမိဖို့ နည်းလမ်းမျိုးစုံ စဉ်းစားကြတယ်။ စင်ကာပူလေကြောင်းလိုင်းကတော့ ချန်ဂီလေဆိပ်မှာ ရပ်ထားတဲ့ Airbus A380 လေယာဉ်ပေါ်မှာ အစားအသောက်တွေရောင်းနေပြီ။ တစ်ယောက်ကို အမေရိကန်ဒေါ်လာ ၄၉၆ ဒေါ်လာလောက်အထိ…

13-10-2020-yyl-001.jpg

ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိပြီး ၂ ပတ်မပြည့်ခင် မဲဆွယ်စည်းရုံးရေးလုပ်ခဲ့တဲ့ ဒေါ်နယ်ထရမ့်

ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံထားရတယ်လို့ စစ်ဆေးတွေ့ရှိခဲ့ပြီး ၂ ပတ်မပြည့်ခင်မှာပဲ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က မဲဆွယ်စည်းရုံးရေး ပြန်လုပ်ခဲ့ပါတယ်။ ဖလော်ရီဒါပြည်နယ်၊ ဆန်းဖို့ဒ်မြို့မှာ ကျင်းပခဲ့တဲ့ စုဝေးပွဲမှာ လူထောင်ပေါင်းများစွာ တက်ရောက်ခဲ့ပါတယ်။ စုဝေးပွဲကို တက်ရောက်လာသူ တော်တော်များများကလည်း နှာခေါင်းစည်းတပ်ဆင်ထားခြင်းမရှိပါဘူး။…

12-10-2020-yyl-027.jpg

တရုတ်နိုင်ငံက ချင်းတောင်မြို့တစ်မြို့လုံးကို (၅) ရက်အတွင်း ကိုဗစ်ရောဂါပိုးစစ်ဆေးသွားမယ်

တရုတ်နိုင်ငံရဲ့ မြို့တစ်မြို့ဖြစ်တဲ့ ချင်းတောင်မြို့(Qingdao)က လူ (၉) သန်းကျော်ကို (၅) ရက်တည်းနဲ့ ကိုဗစ်ရောဂါပိုးစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံရပ်ခြားက ရောက်ရှိလာတဲ့လူတွေနဲ့ ထိတွေ့မိခဲ့တဲ့ ကိုဗစ်ရောဂါပိုးတွေ့ရှိသူ (၁၂) ဦးကို ချင်းတောင်မြို့ရဲ့ဆေးရုံတစ်ရုံမှာ တွေ့ရှိပြီးတဲ့နောက်မှာ ဒီသတင်းထွက်ရှိလာခဲ့တာပါ။ ခရိုင်…

12-10-2020-yyl-017.jpg

ဆေးရုံကို လူနာတင်ကားအချိန်မီရောက်နိုင်ဖို့ လမ်းရှင်းပေးခဲ့တဲ့ ကျောင်းသူလေး ချီးကျူးခံနေရ

ယာဉ်ကြောပိတ်ဆို့မှုကလည်း နိုင်ငံတော်တော်များများမှာ ကြုံတွေ့နေရတဲ့ပြဿနာပါပဲ။ အရေးပေါ်လူနာတင်ကားသာ ယာဉ်ကြောပိတ်ဆို့နေမယ်ဆိုရင် လူနာတင်ကားမှာ ပါလာတဲ့ လူနာအတွက် မတွေးရဲစရာပါပဲ။ ဆေးရုံကို အချိန်မီရောက်ဖို့ ယာဉ်ကြောပိတ်နေတဲ့ကားတွေကို လမ်းလေးနည်းနည်းလောက်ဖယ်ခိုင်းဖို့ကျတော့လည်း လူနာတင်ကားပေါ်က ဆေးဘက်ဆိုင်ရာဝန်ထမ်းတွေအတွက် ခက်ခဲပါတယ်။ တချို့ကားတွေ၊ လူတွေကတော့ လူနာတင်ကားလာရင် လမ်းဖယ်ပေးတတ်ကြပါတယ်။…