yyl-033-1.jpg

အသက် ၇၃ နှစ်အရွယ် အဘွားအိုက အမြွှာရင်သွေးမွေးဖွား

အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒက်ရှ်ပြည်နယ်မှာ နေထိုင်တဲ့ အသက် (၇၃)နှစ်အရွယ် အဘွားအိုတစ်ဦးက အမြွှာသမီးငယ်နှစ်ဦး မွေးဖွားခဲ့ပါတယ်။ ယာရာမာတီဟာ ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကိုယ်ဝန်ဆောင်ခဲ့ပြီး ဗိုက်ခွဲမွေးခဲ့တာပါ။ ယာရာမာတီနဲ့ အသက်(၈၂)နှစ်အရွယ် ခင်ပွန်းဖြစ်သူတို့ဟာ ဖန်ပြွန်သန္ဓေသားနည်းပညာနဲ့ ကိုယ်ဝန်မဆောင်ခင်က သားသမီးထွန်းကားခဲ့ခြင်းမရှိပါဘူး။ သူတို့လင်မယားဟာ အရင်တုန်းက…

yyl-032-1.jpg

စိတ်ကျန်းမာရေးပြဿနာရှိသူရဲ့ဗိုက်ထဲကနေ ဇွန်း၊ ခက်ရင်း၊ လက်ဝတ်ရတနာတွေ ဖယ်ရှားပေးခဲ့ရ

အီဂျစ်နိုင်ငံက ခွဲစိတ်ဆရာဝန်တွေဟာ စိတ်ကျန်းမာရေးပြဿနာရှိသူ တစ်ယောက်ရဲ့ ဗိုက်ထဲကနေ ဇွန်း၊ ခက်ရင်း၊ သွားပွတ်တံနဲ့ လက်ဝတ်ရတနာပစ္စည်းတွေ ဖယ်ရှားပေးခဲ့ရပါတယ်။ ပြီးခဲ့တဲ့လပိုင်းအတွင်း သူတို့အိမ်ကနေ ဇွန်း၊ ခက်ရင်းတွေ၊ လက်ဝတ်ရတနာတွေ ပျောက်ချင်းမလှ ပျောက်ခဲ့တဲ့အတွက် အံ့အားသင့်မိပေမဲ့ သားဖြစ်သူ မျိုချလိမ့်မယ်လို့…

yyl-031-1.jpg

သမုဒ္ဒရာတိုင်းရဲ့ အနက်ဆုံးနေရာတိုင်းကို ပထမဆုံးသွားရောက်နိုင်သူအဖြစ် အမေရိကန်လူစွန့်စား စံချိန်တင်

အမေရိကန်နိုင်ငံသား စွန့်စားသွားလာသူတစ်ဦးဟာ သမုဒ္ဒတိုင်းရဲ့ အနက်ဆုံးနေရာတိုင်းကို ပထမဆုံး သွားရောက်နိုင်သူအဖြစ် စံချိန်တင်နိုင်ခဲ့ပါတယ်။ ဗက်စ်ကိုဗိုဟာ ပြီးခဲ့တဲ့(၁၀)လအတွင်း ပစိဖိတ်သမုဒ္ဒရာ၊ အိန္ဒိယသမုဒ္ဒရာ၊ တောင်ပိုင်းသမုဒ္ဒရာနဲ့ အတ္တလန ္တိတ်သမုဒ္ဒရာကြမ်းပြင်တွေမှာရှိတဲ့ အနက်ဆုံးနေရာတွေအထိ ရေငုပ်ခဲ့သူပါ။ ပဉ္စမမြောက်နဲ့ အခုနောက်ဆုံးအနေနဲ့ အာတိတ်သမုဒ္ဒရာမှာရှိတဲ့ မော်လွိုင်းချောက်ကို…

yyl-030-1.jpg

ခြေထောက်နှစ်ဖက် ဖြတ်ခဲ့ရတဲ့ (၉)နှစ်သမီးက နယူးယော့ခ်ဖက်ရှင်ပွဲမှာ မော်ဒယ်လျှောက်

ငယ်ငယ်ကတည်းက ခြေထောက်နှစ်ဖက်လုံး ဖြတ်ခဲ့ရတဲ့ (၉)နှစ်အရွယ်မိန်းကလေးဟာ နယူးယော့ခ်ဖက်ရှင်ရက်သတ္တပတ်မှာ မော်ဒယ်လျှောက်ခွင့်ရခဲ့ပါတယ်။ ဗြိတိန်နိုင်ငံ ဘာမင်ဂမ်မြို့မှာ နေထိုင်တဲ့ ဒီမီထရီဟာ ခြေထောက်နှစ်ဖက် ဖြတ်ခဲ့ရတဲ့ ကလေးတွေအနက် နယူးယော့ခ်ဖက်ရှင်ပြပွဲမှာ ပထမဆုံး မော်ဒယ်လျှောက်ခွင့်ရသူ ဖြစ်လာပါတယ်။ သူဟာ ခြေထောက်နှစ်ဖက်လုံးမှာ တံကျင်ရိုးမပါတဲ့…

yyl-028-1.jpg

လမ်းပေါ်မှာ (၄) နှစ်ကြာ စောင့်မျှော်နေခဲ့တဲ့ ခွေးလေး သခင်နဲ့ ပြန်ဆုံစည်းခွင့်ရပြီ

ခွေးတွေက နောက်ဆုံးထွက်သက်ထိတိုငအောင် သခင်တွေအပေါ် မပြောင်းလဲတဲ့ချစ်ခြင်းတရား၊ သစ္စာတရားတွေထားတတ်ကြပါတယ်။ ဒါကြောင့်ပဲ ခွေးတွေကို လူသားတွေရဲ့အကောင်းဆုံးသူငယ်ချင်းလို့ သတ်မှတ်ထားကြတာပါ။ ခွေးတွေက သခင်တွေကို ဘယ်လောက်သံယောဇဉ်တွယ်လဲဆိုတာကို ထိုင်းနိုင်ငံက ခွေးလေးတစ်ကောင်က သက်သေပြနေတယ်လို့ ပြောရမှာပါပဲ။ ထိုင်းနိုင်ငံရဲ့လမ်းမထက်မှာ သူ့သခင်ကို အချိန်အကြာကြီး စောင့်ဆိုင်းနေခဲ့တဲ့…

yyl-009-1.jpg

အခက်အခဲတွေကြားက အသက်ရှင်ခဲ့ရတဲ့ခွေးလေး

အသက် (၅) နှစ်အရွယ် မက်ဂီ (Maggie) ဆိုတဲ့ခွေးလေးက တကယ့်ကို အံ့ဖွယ်ခွေးတစ်ကောင်ပါ။ ဆိုးရွားတဲ့အဖြစ်အပျက်၊ အခက်အခဲတွေနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ အသက်ရှင်နိုင်ခဲ့တဲ့ ခွေးလေးဖြစ်ပါတယ်။ စာဖတ်ပရိသတ်တွေ သူ့အကြောင်းသိသွားမယ်ဆိုရင် ဂရုဏာသက်မိသွားမှာပါ။ ခွေးလေးမက်ဂီရဲ့သနားစရာအဖြစ်အပျက်ကတော့ ကိုယ်ဝန်ကြီးနဲ့တောင် ရိုက်နှက်ခံရတဲ့အပြင် (၁၇) ကြိမ်လောက်…

yyl-035.jpg

ကလေးတွေ ပျော်ရွှင်စေဖို့ ကမ်းခြေတစ်ခုဖန်တီးပေးထားတဲ့ အီတလီကဆေးရုံ

အခုခေတ်ဆေးရုံတွေက သူတို့ရဲ့လူနာတွေကို စိတ်ပျော်ရွှင်အောင် ကူညီပေးဖို့အတွက် နည်းလမ်းအသစ်တွေကို ရှာဖွေနေကြရပါတယ်။ အထူးသဖြင့် ကလေးလူနာတွေအတွက်ပါ။ သူတို့လေးတွေကို အိမ်မွေးတိရစ္ဆာန်လေးတွေ၊ ပုံလေးတွေ၊ ကလေးတွေကြိုက်နှစ်သက်တဲ့ပစ္စည်းတွေနဲ့ နှစ်သိမ့်မှုပေးရပါတယ်။ အီတလီနိုင်ငံ၊ ဂျီနိုအာမြို့က ဆေးရုံတစ်ခုက ဆေးရုံတက်နေရတဲ့ကလေးတွေအတွက် ထူးထူးခြားခြားလေးလုပ်ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီဆေးရုံက…

yyl-025.jpg

ဘက်ကင်ဟမ်နန်းတော် (သို့) ဝင်ဆာရဲတိုက်မှာနေထိုင်ရမယ့် တကယ့်စင်ဒရဲလားတစ်ဦးကို ဗြိတိန်ဘုရင်မကြီးရှာဖွေနေ

ဘုရင်မကြီး အဲလစ်ဇဘက်သ် (Queen Elizabeth) က အလုပ်ခေါ်စာတစ်ခုထုတ်ပြန်လိုက်တာကြောင့် တော်ဝင်မိသားစုနဲ့ နီးစပ်ခွင့်ရချင်သူတွေအတွက်တော့ အခွင့်ကောင်းတစ်ခုရနိုင်ပြီလို့ဆိုရမှာပါ။ ဘယ်ရာထူးအတွက်အလုပ်ခေါ်တာလဲဆိုရင်တော့ သူ့ရဲ့တော်ဝင်အိမ်တော်တစ်လုံးမှာအချိန်ပြည့်နေထိုင်အလုပ်လုပ်ကိုင်မယ့် အိမ်တော်ထိန်း (အမျိုးသမီး) ရာထူးပဲဖြစ်ပါတယ်။ ဘက်ကင်ဟမ်နန်းတော် (သို့) ဝင်ဆာရဲတိုက် တစ်နေရာရာမှာနေပြီးအလုပ်လုပ်ကိုင်ရမယ့် ဒီရာထူးတာဝန်ကိုထမ်းဆောင်သူအနေနဲ့ တခြားတော်ဝင်အိမ်တော်တွေဆီ…

yyl11919044.jpg

ချီကာဂိုမြို့မှာ ဖွင့်လှစ်တော့မယ့် ကမ္ဘာ့အကြီးဆုံး Starbucks ကော်ဖီဆိုင်

Starbucks လို့ ပြောလိုက်တာနဲ့ နာမည်ကြီးကော်ဖီတံဆိပ်တွေထဲကတစ်ခုဆိုတာ လူတိုင်းသိကြပါတယ်။ Starbucks ကော်ဖီကို နိုင်ငံတော်တော်များများမှာတွေ့ရမှာပါ။ အခုလည်း ကမ္ဘာအကြီးဆုံးကော်ဖီဆိုင်ကြီးလို့ပြောလို့ရတဲ့ Starbucks ကို ချီကာဂိုမြို့မှာ ဖွင့်လှစ်တော့မယ်လို့ သိရပါတယ်။ ပထမဆုံး Starbucks Reserve Roastery ဆိုင်ကို…

yyl11919041.jpg

ကင်ဆာရောဂါသည်မောင်လေးကို ဂရုစိုက်စောင့်ရှောက်ပေးနေတဲ့ (၅) နှစ်သမီး

တက္ကဆက်ပြည်နယ်၊ ပရင်စတန်က Kaitlin Burge လို့ အမည်ရတဲ့မိခင်တစ်ဦးဟာ သူတို့မိသားစုအတွက် ခက်ခဲကြမ်းတမ်းလှတဲ့အခိုက်အတန့်တွေကိုပြသနိုင်တဲ့ဓာတ်ပုံတချို့ကို လူမှုကွန်ရက်ပေါ်မှာမျှဝေဖို့ အတွေးရခဲ့ပါတယ်။ ဒါကြောင့် သားသမီးငယ်လေးတွေကို ရိုက်ကူးထားတဲ့ဓာတ်ပုံတချို့ကို အွန်လိုင်းပေါ်မျှဝေခဲ့ရာမှာ အသက် (၅) နှစ်အရွယ် သမီးငယ်ဖြစ်သူ Aubrey Burge…