15-7-2020-yyl-009.jpg

ဗြိတိန်ကုမ္ပဏီတွေကို ဟွာဝေးရဲ့ 5G ကွန်ရက်ကိရိယာတွေ ဝယ်ယူခွင့် ပိတ်ပင်

ဗြိတိန်နိုင်ငံရဲ့ မိုဘိုင်းဆက်သွယ်ရေးဝန်ဆောင်မှုကုမ္ပဏီတွေအနေနဲ့ လာမယ့်ဒီဇင်ဘာလ ၃၁ ရက်နောက်ပိုင်း ဟွာဝေး(Huawei)ကုမ္ပဏီရဲ့ 5G ကွန်ရက် ကိရိယာသစ်တွေကို ဝယ်ယူခွင့်မရှိသလို ၂၀၂၇ ခုနှစ်နောက်ဆုံးထားပြီး သူတို့ရဲ့ကွန်ရက်တွေမှာ အသုံးပြုနေတဲ့ ဟွာဝေးကုမ္ပဏီရဲ့ 5G ကွန်ရက်ကိရိယာအားလုံးကို ဖယ်ရှားဖို့ ဗြိတိန်အစိုးရက ကြေညာခဲ့ပါတယ်။…

15-7-2020-yyl-008.jpg

အာမေးနီးယား- အဇာဘိုင်ဂျန် နယ်စပ်မှာ တိုက်ပွဲဖြစ်ပွားလို့ အဇာဘိုင်ဂျန်ဗိုလ်ချုပ်နဲ့ အရာရှိ ၅ ယောက် ကျဆုံး

အာမေးနီးယားနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားတဲ့ သုံးရက်မြောက်နေ့မှာ အဇာဘိုင်ဂျန်စစ်တပ်ရဲ့ ဗိုလ်ချုပ်တစ်ယောက်နဲ့ အရာရှိ ၅ ယောက် ကျဆုံးခဲ့ပါတယ်။ ဒါ့အပြင် အဇာဘိုင်ဂျန်စစ်တပ်ရဲ့ တပ်သားတစ်ယောက်လည်း ကျဆုံးခဲ့လို့ စုစုပေါင်း သေဆုံးသူ ၁၁ ယောက်အထိ ရှိလာခဲ့ပါတယ်။ အာမေးနီးယားဘက်ကလည်း အရာရှိ…

15-7-2020-yyl-007.jpg

ပြည်ပကျောင်းသားတွေကို မိခင်နိုင်ငံထံ ပြန်ပို့မယ့်အစီအစဉ်ကို အမေရိကန်အစိုးရ ရုပ်သိမ်း

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် အွန်လိုင်းကနေ ပညာသင်ကြားရမယ့် ပြည်ပကျောင်းသားတွေကို မိခင်နိုင်ငံတွေထံ ပြန်ပို့မယ့်အစီအစဉ်ကို သမ္မတဒေါ်နယ်ထရမ့်ရဲ့ အမေရိကန်အစိုးရက ရုပ်သိမ်းလိုက်ပါပြီ။ အဲဒီမူဝါဒကို ကြေညာပြီး တစ်ပတ်အကြာမှာ အမေရိကန်အစိုးရက ပြန်ရုပ်သိမ်းခဲ့တာပါ။ နှစ်စဉ်နှစ်တိုင်း အမေရိကန်နိုင်ငံကို လာရောက် ပညာသင်ကြားတဲ့ ပြည်ပကျောင်းသား၊…

14-7-2020-yyl-022.jpg

အမီတာဘက်ချမ်းတို့မိသားစု COVID-19 ရောဂါကနေ ပြန်ကောင်းမွန်လာဖို့ ပရိသတ်တွေ ဆုတောင်းခဲ့ကြ

တနင်္လာနေ့က အိန္ဒိယနိုင်ငံတစ်ဝှမ်းမှ ပရိသတ်တွေက ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံနေရတဲ့ ဘောလိဝုဒ်လောကရဲ့နာမည်ကျော်မင်းသားကြီး အမီတာဘက်ချမ်းနဲ့ သူ့ရဲ့မိသားစုဝင်တွေကို ပြန်လည်ကောင်းမွန်လာဖို့အတွက် ဆုတောင်းပေးခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ တစ်ရက်တည်းနဲ့ ကူးစက်ခံရသူများလာတဲ့အတွက်ကြောင့် အိန္ဒိယပရိသတ်တွေက စိုးရိမ်ပူနေကြတာပါ။ အမီတာဘက်ချမ်းနဲ့ သူ့သား အဘီရှစ်ခ် ဘက်ချမ်းတို့ COVID-19 ကူးစက်ခံခဲ့ရတဲ့အပြင်…

14-7-2020-yyl-018.jpg

ကပ်ရောဂါအတွင်း အယ်ဇိုင်မား ရောဂါသည်ခင်ပွန်းကို တွေ့ခွင့်ရဖို့ ပန်းကန်ဆေးတဲ့အလုပ် လုပ်နေရသူ

မယ်ရီ ဒန်နီရယ်ဆိုသူ အမျိုးသမီးကြီးက မတ်လအလယ်ထိတိုင်အောင် ဖလော်ရီဒါပြည်နယ်၊ ဂျက်ဆင်ဗီးလ်မြို့အပြင်ဘက် ကုသရေးစင်တာမှာ ဆေးကုသနေရတဲ့ခင်ပွန်းဆီကို နေ့တိုင်းအလည်သွားနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒါပေမဲ့ နောက်ပိုင်းမှာတော့ COVID-19 ကပ်ရောဂါကြောင့် ဧည့်သည်အလာမခံတော့တဲ့အတွက် မယ်ရီက သူ့ခင်ပွန်းဆီ သွားလည်ခွင့်မရတော့ပါဘူး။ သူ့ခင်ပွန်းဆီ သွားလည်ဖို့အရေး…

14-7-2020-yyl-007.jpg

၂ မှတ်ရရင် လာလီဂါဖလား ဆွတ်ခူးနိုင်တော့မယ့် ရီးရဲလ်

ဂရန်နာဒါကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ ရီးရဲလ်အသင်းက လက်ကျန်ပွဲစဉ်(၂)ပွဲမှာ ၂ မှတ်ရရင် လာလီဂါဖလားကို ဆွတ်ခူးနိုင်တော့မှာပါ။ ရီးရဲလ်ဟာ လာလီဂါပွဲစဉ်(၃၆)ပွဲ ကစားပြီးချိန်မှာ အဆင့်(၂) နေရာက ဘာစီလိုနာအသင်းကို ၄ မှတ်ဖြတ်ထားပြီး ထိပ်တိုက်တွေ့ဆုံမှုအရလည်း အသာရနေတဲ့အတွက် နောက်ထပ်(၂)မှတ်ရရင် လာလီဂါဖလား…

14-7-2020-yyl-006.jpg

ပြင်သစ်အစိုးရက ကျန်းမာရေး ဝန်ထမ်းတွေကို လုပ်ခလစာ ယူရို ၈ ဘီလျံ တိုးပေးဖို့ သဘောတူညီ

ပြင်သစ်အစိုးရက ကျန်းမာရေးဝန်ထမ်းတွေကို လုပ်ခလစာ ယူရို ၈ ဘီလျံ တိုးမြှင့်ပေးအပ်ဖို့ သဘောတူညီခဲ့ပြီး ကိုရိုနာဗိုင်းရပ်စ်ကို တွန်းလှန်တိုက်ဖျက်ရာမှာ ကျန်းမာရေးဝန်ထမ်းတွေရဲ့ အခန်းကဏ္ဍကို ချီးကျူးဂုဏ်ပြုခဲ့ပါတယ်။ စိုးတထိတ်ထိတ်အခြေအနေမျိုးနဲ့ သီတင်းပတ် ၇ ပတ်ကြာအောင် ဆွေးနွေးခဲ့ပြီးနောက်မှာတော့ ပြီးခဲ့တဲ့တနင်္လာနေ့က ကုန်သွယ်ရေးသမဂ္ဂတွေနဲ့…

14-7-2020-yyl-005.jpg

အစိုးရတွေ ထိထိရောက်ရောက် မလုပ်ရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ဘေး ပိုဆိုးလာလိမ့်မယ်လို့ WHO သတိပေး

ကမ္ဘာ့နိုင်ငံတွေရဲ့ အစိုးရအဖွဲ့တွေက ထိထိရောက်ရောက် မလုပ်ဘူးဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါဘေး ပိုဆိုးရွားလာလိမ့်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ် (WHO)က သတိပေးခဲ့ပါတယ်။ နိုင်ငံတော်တော်များများက လမ်းမှားကို ဦးတည်နေပြီး သက်သေပြပြီးသား စည်းမျဉ်းတွေကို လိုက်နာကျင့်သုံးခြင်းမရှိလို့ ကူးစက်ခံရသူတွေ မြင့်တက်နေတယ်လို့ WHO ရဲ့…

14-7-2020-yyl-001.jpg

ခရီးသည်ကို Mask ဝတ်ဖို့ တောင်းဆိုခဲ့လို့ ဘတ်စ်ကား မောင်းသမား အရိုက်ခံရပြီး သေဆုံးခဲ့ရ

ပြင်သစ်နိုင်ငံက ဘတ်စ်ကားမောင်းသမား ဖိလစ်ပီ မွန်ကွေးလော့တ်က ခရီးသည် (၄) ဦးကို သူ့ယာဉ်ပေါ်မှာ Mask ဝတ်ဆင်ဖို့ တောင်းဆိုခဲ့လို့ အရိုက်ခံရကာ သေဆုံးသွားခဲ့ရပါတယ်။ အဲဒီလိုသေဆုံးသွားခဲ့တဲ့အတွက် ဘတ်စ်ကားမောင်းသမားရဲ့ဇနီးက သူ့ခင်ပွန်းကို သတ်သွားတဲ့သူတွေကို မှန်မှန်ကန်ကန်အပြစ်ပေးဖို့ စနေနေ့က တောင်းဆိုခဲ့တယ်လို့…

13-7-2020-yyl-001-1.jpg

လည်ပင်းထိနက်တဲ့ အမှိုက်တောထဲမှာကူးခတ်ပြီး အမှိုက်တွေဖယ်ရှားခဲ့ရတဲ့ သန့်ရှင်းရေးသမားများ

ဘင်္ဂလားဒေ့ရှ်နိုင်ငံက လမ်းသန့်ရှင်းရေးသမားတွေဟာ ဝတ်စုံမပါဘဲ လည်ပင်းထိနက်တဲ့ အမှိုက်သရိုက်ကြားမှာ ကူးခတ်ပြီး အမှိုက်တွေ ရှင်းလင်းခဲ့ကြရပါတယ်။ သူတို့နိုင်ငံရဲ့ တူးမြောင်းတွေမှာ အမှိုက်တွေကို ရှင်းလင်းနေတဲ့ အဲဒီသန့်ရှင်းရေးသမားတွေရဲ့ ပုံတွေကို ရိုက်ကူးထားတာတွေ့မြင်ရပါတယ်။ ကပ်ရောဂါအတွင်းမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့တူးမြောင်းတွေမှာ အမှိုက်သရိုက်တွေ များလာခဲ့တဲ့အတွက် ပရဟိတ…