11-5-2020-yyl-004.jpg

(၂) လနီးပါး Lockdown ချထားလို့ မလေးရှားနိုင်ငံရဲ့ဈေးဝယ်စင်တာက သားရေပစ္စည်းထုတ်ကုန်တွေမှာ မှိုတွေတက်နေ

အာရှနိုင်ငံတွေထဲက မလေးရှားနိုင်ငံကလည်း COVID-19 ကူးစက်ခံရသူနဲ့ သေဆုံးသူအရေအတွက်က များနေပါတယ်။ ဒါကြောင့် မလေးရှားနိုင်ငံရဲ့ Movement Control Order က COVID-19 ကြောင့် Lockdown ချထားတာကို ဇွန်လ (၉) ရက်နေ့အထိ တိုးမြှင့်သွားမှာဖြစ်ပါတယ်။…

8-5-2020-yyl-048.jpg

ကင်ညာနိုင်ငံမှာ ရေဘေးကြောင့် လူ ၂၀၀ နီးပါး သေဆုံး

ပြီးခဲ့တဲ့လကစပြီး ကင်ညာနိုင်ငံတစ်ဝန်းမှာ မိုးသည်းသည်းမဲမဲ ရွာပြီး ရေကြီးရေလျှံမှုနဲ့ မြေပြိုမှုဖြစ်ပွားခဲ့လို့ လူ ၂၀၀ နီးပါး သေဆုံးခဲ့ပြီး နေရပ်စွန့်ခွာရသူ ၁၀၀၀၀၀ လောက် ရှိခဲ့ပါတယ်။ ကင်ညာသမ္မတရုံးရဲ့ ထုတ်ပြန်ချက်အရ ဟက်တာဧက ထောင်နဲ့ချီတဲ့ ကောက်ပဲသီးနှံစိုက်ခင်းတွေ ရေစီးထဲမျောပါခဲ့တယ်လို့…

8-5-2020-yyl-047.jpg

ဂျပန်နိုင်ငံမှာ တစ်လကျော်အတွင်း ပထမဆုံးအကြိမ် တစ်ရက်တာ ရောဂါကူးစက်ခံရသူ ၁၀၀ အောက် ကျဆင်း

ဂျပန်နိုင်ငံမှာတော့ တစ်လကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တစ်ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀၀ အောက် ကျဆင်းခဲ့ပါတယ်။ ပြီးခဲ့တဲ့ကြာသပတေးနေ့က ဂျပန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်လူနာ ၉၅ ယောက်ရှိခဲ့ပြီး သေဆုံးသူ ၆ ယောက် ရှိပါတယ်။ ဒါဟာ မတ်လ…

8-5-2020-yyl-046.jpg

COVID-19 နဲ့ပတ်သက်ပြီး ထူးခြားတဲ့တွေ့ရှိမှုတွေ ဖော်ထုတ်နိုင်လုဆဲဆဲဖြစ်နေတဲ့ ပစ်ဘတ်တက္ကသိုလ်ပါမောက္ခ အသတ်ခံရ

COVID-19 ရောဂါကို သုတေသနလုပ်ချိန်မှာ ထူးခြားတဲ့ တွေ့ရှိမှုတွေ ဖော်ထုတ်နိုင်လုဆဲဆဲ ဖြစ်နေတဲ့ ပစ်ဘတ်တက္ကသိုလ်ရဲ့ ပါမောက္ခဟာ ပြီးခဲ့တဲ့ အားလပ်ရက်က အသတ်ခံခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘင်လျူလို့ အမည်ရတဲ့ တရုတ်လူမျိုး လက်ထောက်ပါမောက္ခဟာ ပြီးခဲ့တဲ့စနေနေ့က ဦးခေါင်း၊…

8-5-2020-yyl-045.jpg

တူရကီကနေ မှာယူထားတဲ့ ခွဲစိပ်ခန်းသုံးဝတ်စုံ ၄၀၀,၀၀၀ က ဗြိတိန်နိုင်ငံရဲ့ စံနှုန်းနဲ့မကိုက်ညီလို့ သုံးလို့မရ

တူရကီနိုင်ငံကနေ မှာယူထားတဲ့ ခွဲစိပ်ခန်းသုံးဝတ်စုံ ၄၀၀၀၀၀ ဟာ ဗြိတိန်နိုင်ငံရဲ့ ဘေးကင်းလုံခြုံရေးစံနှုန်းတွေနဲ့ ကိုက်ညီမှုမရှိလို့ အမျိုးသားကျန်းမာရေးဌာန ဝန်ထမ်းတွေကို ဖြန့်ဖြူးပေးမှာမဟုတ်ဘူးလို့ ဗြိတိန်အစိုးရက အတည်ပြုပါတယ်။ ပြီးခဲ့တဲ့လမှာ ခွဲစိပ်ခန်းသုံးဝတ်စုံတွေကို တော်ဝင်လေတပ်က သွားရောက်သယ်ယူခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ အစိုးရရဲ့ဂိုဒေါင်ထဲမှာ ချောင်ထိုးထားရဖို့…

8-5-2020-yyl-044.jpg

တစ်ကိုယ်တော်ရွက်လွှင့်သူတစ်ဦး ကိုရိုနာဗိုင်းရပ်စ်ကြောင့် ပစိဖိတ်သမုဒ္ဒရာထဲမှာ ၃ လလောက် ကမ်းကပ်ခွင့်မရခဲ့

ပစိဖိတ်သမုဒ္ဒရာထဲမှာ ၃ နှစ်ကြာ တစ်ကိုယ်တော်ရွက်လွှင့်ဖို့ ရည်ရွယ်ခဲ့သူတစ်ယောက်ဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် နယ်စပ်တွေ ပိတ်ပစ်လိုက်လို့ သမုဒ္ဒရာထဲမှာ ၃ လလောက် ချာချာလည်ခဲ့ရပါတယ်။ အသက် ၅၉ နှစ်ရှိတဲ့ စင်ကာပူနိုင်ငံသား ဝမ်ဟာ ဖေဖော်ဝါရီလ ၁၂ ရက်မှာ…

8-5-2020-yyl-043.jpg

ဖေ့ဘွတ်ခ်နဲ့ ဂူဂဲလ်ကုမ္ပဏီတွေက ၂၀၂၀ ပြည့်နှစ် နှစ်ကုန်အထိ ဝန်ထမ်းတွေကို အိမ်ကနေ အလုပ်လုပ်ခွင့်ပေး

နည်းပညာလောကရဲ့ ထိပ်တန်းကုမ္ပဏီတွေဖြစ်တဲ့ ဖေ့ဘွတ်ခ်နဲ့ ဂူဂဲလ်ကုမ္ပဏီတွေကတော့ သူတို့ရဲ့ဝန်ထမ်းတွေကို ၂၀၂၀ ပြည့်နှစ်ကုန်တဲ့အထိ အိမ်ကနေ အလုပ်လုပ်ခွင့်ပေးမယ်လို့ ကြေညာထားပါတယ်။ ဖေ့ဘွတ်ခ်နဲ့ ဂူဂဲလ်ကုမ္ပဏီတွေက သူတို့ရဲ့ရုံးခန်းတွေကို မကြာခင် ပြန်ဖွင့်းဖို့ စီစဉ်နေပေမဲ့ အိမ်ကနေ အလုပ်လုပ်တာကိုလည်း ခွင့်ပြုပေးသွားမှာပါ။ ကိုရိုနာဗိုင်းရပ်စ်…

8-5-2020-yyl-038.jpg

ခွေး(၉) ကောင်နဲ့အတူ ဆေးရုံတက်နေတဲ့လူနာတွေဆီ သွားလည်ပြီး ပျော်ရွှင်မှုပေးစွမ်းနေသူ

မက်ကန်ဇီ မာကတ်ချီဆိုတဲ့ အမျိုးသမီးငယ်လေးဟာ ဆေးရုံမှာ ဆေးကုသမှုခံယူနေတဲ့ လူတွေကို ခွေးတွေနဲ့ ရောဂါကုထုံးလုပ်ပေးဖို့အတွက် အကျိုးအမြတ်မယူတဲ့ အဖွဲ့အစည်းကို တည်ထောင်ထားတာပါ။ အဲဒီအတွက် နယူးဖောင်လန်အမျိုးအစားခွေး (၉) ကောင်ကို မွေးထားတဲ့သူလည်းဖြစ်ပါတယ်။ မက်ကန်ဇီရဲ့မိခင် ဒိုင်ဒရီ ကင်ဆာရောဂါခံစားရနေချိန်အတွင်းမှာ အဲဒီခွေးတွေက…

8-5-2020-yyl-019.jpg

COVID-19 ရောဂါ ပြန်သက်သာလာသူတွေ Positive ပြန်ပြရတဲ့ အကြောင်းရင်းကို WHO ဖော်ထုတ်

COVID-19 ရောဂါကနေ သက်သာပျောက်ကင်းလာသူတွေကို ပြန်လည်စစ်ဆေးချိန်မှာ Positive( ရောဂါပိုးရှိ) တွေ့ရခြင်းဟာ ရောဂါပိုး ပြန်ကူးစက်ခံရတာမဟုတ်ဘဲ အဆုတ်ထဲက ဆဲလ်သေတွေ ထွက်နေတာကြောင့် ဖြစ်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ချုပ်(WHO)က ပြောပါတယ်။ တောင်ကိုရီးယားနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကနေ ပြန်သက်သာလာသူ ၁၀၀…

8-5-2020-yyl-014.jpg

သေမင်းတံခါးဝရောက်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်လူနာကို အဆုတ်အစားထိုးကုသခြင်းဖြင့် ကယ်တင်နိုင်ခဲ့

COVID-19 ကူးစက်ခံရမှုကြောင့် Wuhan’s Red Cross Hospital မှာ ဆေးရုံတင်ထားရတဲ့ အသက် (၆၅) နှစ်အရွယ် ကန် အန် ဆိုသူ အမျိုးသားဟာ (၂) လကျော်လောက် အသက်ရှုစက်နဲ့ နေခဲ့ရပြီး အသက်အန္တရာယ်စိုးရိမ်နေရတာဖြစ်ပါတယ်။…